Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့်တွင် စစ်ကောင်စီက လက်နက်ကြီးဖြင့်အကြောင်းမဲ့ပစ်ခတ်

ဖားကန့်မြို့နယ် မဇွပ်ယန်ကျေးရွာရှိ အကျဥ်းထောင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က မှော်ပုံကျေးရွာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်သည်။

(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ဘုရားကျောင်းအတွင်းမှ ဒဏ်ရာရရှိသူများအား သယ်ဆောင်လာစဥ်နှင့် ထိခိုက်ပျက်စီးမှုအား တွေ့ရစဥ်၊ ဓာတ်ပုံ - Tin Hlaing/FB)
(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ဘုရားကျောင်းအတွင်းမှ ဒဏ်ရာရရှိသူများအား သယ်ဆောင်လာစဥ်နှင့် ထိခိုက်ပျက်စီးမှုအား တွေ့ရစဥ်၊ ဓာတ်ပုံ - Tin Hlaing/FB)

လူနေရပ်ကွက်နှင့် ဘုရားကျောင်းပေါ်ကျရောက်ပေါက်ကွဲ၍ တစ်ဦးသေဆုံးပြီး ကလေးငယ်အပါအဝင် ခြောက်ဦးဒဏ်ရာရ

ကချင်ပြည်နယ် ဖားကန့်မြို့တွင် တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်ရာ လူနေရပ်ကွက်အတွင်းနှင့် ဘုရားကျောင်းပေါ်ကျရောက်ပေါက်ကွဲ၍ ကလေးငယ်အချို့အပါအဝင် ခြောက်ဦးဒဏ်ရာရခဲ့ပြီး တစ်ဦးသေဆုံးသွားသည်။

ဖားကန့်မြို့နယ် မဇွပ်ယန်ကျေးရွာရှိ အကျဥ်းထောင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က မှော်ပုံကျေးရွာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်သည်။

(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ဘုရားကျောင်းအတွင်းမှ ဒဏ်ရာရရှိသူများအား သယ်ဆောင်လာစဥ်နှင့် ထိခိုက်ပျက်စီးမှုအား တွေ့ရစဥ်၊ ဓာတ်ပုံ - Tin Hlaing/FB)
(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ဘုရားကျောင်းအတွင်းမှ ဒဏ်ရာရရှိသူများအား သယ်ဆောင်လာစဥ်နှင့် ထိခိုက်ပျက်စီးမှုအား တွေ့ရစဥ်၊ ဓာတ်ပုံ – Tin Hlaing/FB)

” လက်နက်ကြီး လေးလုံးတောင်ပစ်တာ။ ရပ်ကွက်ထဲပစ်ချတာ ။ဘုရားကျောင်းမှာ စာသင်နေတဲ့ ကလေးတွေ ထိကုန်တယ်။ လူမဆန်တဲ့ စ…(စစ်ကောင်စိတပ်သား)တွေကို တစ်နိုင်ငံလုံး မောင်းထုတ်ပေးကြပါ” ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် မှော်ပုံကျေးရွာအတွင်း နေအိမ်တစ်အိမ်မှ အသက် (၂၈)နှစ်အရွယ်အမျိုးသမီးတစ်ဦး၊ ဘုရားကျောင်းအတွင်းမှ အသက် (၅)နှစ်နှင့် (၁၃)နှစ်အရွယ် ကလေးငယ်နှစ်ဦး၊ အသက် (၁၉)နှစ်မှ (၄၉)နှစ်ကြား ဆရာမသုံးဦးနှင့် အသက် (၅၂)နှစ်အရွယ်အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့သည်။ အသက် (၅၂)နှစ်အရွယ်အမျိုးသားမှာ ဆေးကုသပေးနေစဥ် ယနေ့ ညနေ ၆နာရီခန့်တွင် သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည့် ယနေ့ နေ့လယ် ၁၂နာရီခန့်ကလည်း ဖားကန့်မြို့နယ် မှော်စီစာကျေးရွာရှိ စိန်စိန်ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်ကို ဝင်ရောက်စီးနင်းပြီး ဆီဘောက်ဆာယာဥ်များနှင့် စက်ယန္တယားအချို့ကို မီးရှို့ဖျက်ဆီးခဲ့သည်။

You May Also Like

သတင်း

KNU အုပ်ချုပ်ရေးနယ်မြေရှိ စစ်ဘေးရှောင်များ အရေးပေါ်ကူညီစောင့်ရှောက်ရေးကော်မတီ အနေဖြင့် တိုက်ပွဲမဖြစ်ခင်ကတည်းက စစ်ရှောင်များ ကူညီရေးအတွက်ပြင်ဆင်ခဲ့ကြောင်း၊ အကယ်၍ တိုက်ပွဲဖြစ်၍ စစ်ရှောင်ရပါက ကော်မတီကို ဆက်သွယ်ရန် အသိပေးထားကြောင်း ၎င်းက ဆိုသည်။

သတင်း

စစ်ရေးတင်းမာနေပြီးကျေးရွာအခြေအနေကိုအသေးစိပ်မသိရသေးကြောင်းဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက​ပြောသည်။

သတင်း

အဆိုပါ စစ်ဆင်ရေးကိုPeople's Army To Fight Dictatorship(PAFD).တပ်ခွဲDK PDF(MMU)၊People's knight Defense Force Myinmu (PKDF-MMU)၊ TAUNGTHA People Defense Force (TTAPDF) ၊ D.B.B.F-MMU မဟာမိတ်အဖွဲ့များပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

သတင်း

နှစ်သစ်ကူးပွဲကိုနေပြည်တော်မှာဆိုရင် ရေပန်းဥယျာဉ် ၊ရန်ကုန် မှာ ပြည်သူရင်ပြင်နဲ့ မန္တလေးမှာ မန္တလာသီရိအားကစားကွင်း တွေမှာ စည်ကားအောင်ကျင်းပဖို့စစ်ကောင်စီက စီစဉ်ထားတာပါ။