Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

တရုတ်မှာ အမေရိကန်လုပ် ကိုဗစ်ကုသဆေးတွေ စတင် ဖြန့်ဝေဖွယ်ရှိနေ

ဘေဂျင်းမှာရှိတဲ့ ကုသရေး စင်တာတွေဟာ မကြာခင် ရက်ပိုင်းအတွင်း Paxlovid သောက်ဆေးတွေကို လက်ခံ ရရှိလာနိုင်တယ်လို့ ရှီနဲ့ နီးစပ်သူ တစ်ဦးကို ကိုးကားပြီး CNN သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

တရုတ်မှာ အမေရိကန်လုပ် ကိုဗစ်ကုသဆေးတွေ စတင် ဖြန့်ဝေဖွယ်ရှိနေ
တရုတ်မှာ အမေရိကန်လုပ် ကိုဗစ်ကုသဆေးတွေ စတင် ဖြန့်ဝေဖွယ်ရှိနေ

ပြည်တွင်းမှာ ကိုဗစ် ကပ်ရောဂါ ကူးစက်မှုတွေ အရမ်း အရှိန်မြင့်လာတဲ့နောက် တရုတ် အာဏာပိုင်တွေက ဘေဂျင်းမြို့တော်မှာ အမေရိကန်လုပ် ကိုဗစ်ကုသဆေးတွေ ဖြန့်ဝေပေးနိုင်ဖို့ စီစဉ်နေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

တရုတ်ဟာ ပြည်တွင်းဖြစ် ကာကွယ်ဆေးတွေကို တစ်နိုင်ငံလုံးအနှံ့ ဖြန့်ကျက် ထိုးနှံပေးခဲ့ပေမယ့် တရုတ်လုပ် ကာကွယ်ဆေးတွေက မျိုးဆက်သစ် Omicron ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲတွေကို ဟန့်တားနိုင်စွမ်း မရှိသလောက် နည်းသွားပါတယ်။ ဒါကြောင့်လည်း လက်ရှိ အခြေအနေတွေအရ တရုတ်ဟာ Omicronက နှိပ်စက်တဲ့ ကိုဗစ် ကူးစက်မှုတွေဒဏ်ကို အလူးအလဲ ခံစားနေရပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ အမေရိကန်ရဲ့ mRNA နည်းပညာသုံး ကာကွယ်ဆေးတွေ တင်သွင်းပြီး ပြည်သူတွေကို ထိုးနှံပေးရေး တောင်းဆိုမှုတွေကို ကာလရှည်ကြာ ငြင်းဆိုခဲ့ဖူးသူပါ။ လတ်တလော အခြေအနေတွေကြောင့် ရှီအနေနဲ့ အမေရိကန် ဆေးဝါးတွေကို ရှောင်လွှဲလို့ မရဘဲ အားကိုးဖို့ စဉ်းစားနေရပြီလို့ နီးစပ်သူတွေက ပြောပါတယ်။ ဒါပေမဲ့ ကာကွယ်ဆေး ထိုးနှံပေးတာမျိုး မဟုတ်ဘဲ Pfizerက ထုတ်လုပ်တဲ့ Paxlovid သောက်ဆေးတွေကို တင်သွင်းဖို့ စီစဉ်နေတာလို့ သတင်းတွေက ဖော်ပြပါတယ်။

ဘေဂျင်းမှာရှိတဲ့ ကုသရေး စင်တာတွေဟာ မကြာခင် ရက်ပိုင်းအတွင်း Paxlovid သောက်ဆေးတွေကို လက်ခံ ရရှိလာနိုင်တယ်လို့ ရှီနဲ့ နီးစပ်သူ တစ်ဦးကို ကိုးကားပြီး CNN သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

တရုတ်ဟာ လက်ရှိ အခြေအနေအရ ကိုဗစ်ကူးစက်မှုတွေကို ထိန်းချုပ်လို့ မရနိုင်တဲ့ အနေအထားမျိုးထိ ရင်ဆိုင်နေရပြီး နေ့စဉ် ကူးစက်နှုန်းနဲ့ သေကြေမှု ကိန်းဂဏန်းတွေကိုတောင် အာဏာပိုင်တွေက မထုတ်ပြန်တော့ဘဲ ဆိုင်းငံ့ထားလိုက်ရပါတယ်။

တရုတ်ဟာ Paxlovid ဆေးဝါးကို ပြည်တွင်းမှာ တင်သွင်း သုံးစွဲခွင့် ပြုလိုက်မယ်ဆိုရင် တရုတ် အစိုးရက တရားဝင် ခွင့်ပြုတဲ့ တစ်ခုတည်းသော ကိုဗစ် ကုသဆေး အနေနဲ့ မှတ်တမ်း ဝင်လာမှာ ဖြစ်ပါတယ်။

သတင်းတွေရဲ့ အဆိုအရ တရုတ်ပိုင်နက်ထဲမှာ အမေရိကန်လုပ် ကာကွယ်ဆေးတွေ ထိုးနှံခွင့်ရှိတဲ့ တစ်ခုတည်းသော နေရာလို့ သတ်မှတ်ရမယ့် ဟောင်ကောင်ကို သွားရောက်ပြီး ဆေးထိုးနှံနိုင်ဖို့ ကြိုးစားသူ အရေအတွက်ဟာလည်း တရိပ်ရိပ် တိုးပွားလာနေကြောင်း သိရပါတယ်။

You May Also Like

ဗီဒီယို

မိန့်ခွန်း မပြောခင်မှာ ဇီလန်စကီးက ပလော့စီကို ယူကရိန်း အလံတစ်ခု ပေးအပ်ခဲ့ပါတယ်။ အဲဒီ အလံဟာ အမေရိကန် ခရီးစဉ် မတိုင်ခင် တစ်ရက်မှာ ဇီလန်စကီးကိုယ်တိုင် ရှေ့တန်း စစ်မျက်နှာပြင်ထိ သွားရောက်ခဲ့ချိန်က ယူကရိန်း စစ်သားတွေ စုပေါင်း လက်မှတ်ထိုးထားတဲ့ အလံ ဖြစ်ပါတယ်။

ဗီဒီယို

ရုရှား သမ္မတအဖြစ် ၂၀၀၈ ကနေ ၂၀၁၂ ထိ တာဝန်ယူခဲ့ဖူးသူ မက်ဗီဒက်ဗ်ဟာ ရှီက တရုတ် သမ္မတနဲ့ အာဏာရ ကွန်မြူနစ်ပါတီ အကြီးအကဲ ရာထူးတွေကို တတိယ သက်တမ်း ရယူပြီးနောက်ပိုင်း ဘေဂျင်းကို ပထမဆုံး ရောက်ရှိလာတဲ့ ရုရှား အဆင့်မြင့် အရာရှိလည်း...

နိုင်ငံတကာ

အမေရိကန်ဟာ နျူကလီးယား ထိပ်ဖူးတပ် ဒုံးကျည်တွေ တင်ဆောင် ပစ်ခတ်နိုင်တဲ့ B-52 မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီးတွေအပြင် ကမ္ဘာပေါ်မှာ ပြိုင်ဘက်ကင်း လေကြောင်းစိုးမိုးရေး တိုက်လေယာဉ်တွေလို့ သတ်မှတ် ခံထားရတဲ့ F-22 တွေကိုပါ တောင်ကိုရီးယားဆီ စေလွှတ်ပေးခဲ့ပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံစလုံးရဲ့ ကာကွယ်ရေး ဝန်ကြီးဌာနတွေ ဒီဇင်ဘာ ၂၁ ရက်မှာ ပစိဖိတ် သမုဒ္ဒရာရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး ဒေသတွင်း နိုင်ငံတွေကြား တင်းမာမှုတွေ ရှိနေရာ ရေပြင်မှာ တစ်ပတ်ကြာ စစ်ရေးလေ့ကျင့်မှု အစီအစဉ် စတင်သွားမယ်လို့ အတည်ပြု ကြေညာခဲ့ပါတယ်။