Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တောင်ခမောက်တောင်တွင် စစ်ကောင်စီတပ်စွဲထား၍ ထိုအနီးတဝိုက်ရှိလမ်းပိုင်း သုံးခုအား လာခြင်းမပြုရန် PDFသတိပေး

ယနေ့(ဒီဇင်ဘာ ၃၁ရက်) နံနက်၂နာရီ ၅၀ မိနစ်မှစ၍ မုံရွာမြို့နယ်အတွင်းရှိ မုံရွာ – ချောင်းဦးလမ်းပိုင်း၊ မြေနဲ – ဗောဓိတစ်ထောင်လမ်းပိုင်း၊ မုံရွေး – ရွှေမြင်တင်လမ်းပိုင်းတို့အား လမ်းအသုံးပြုခွင့် ယာယီပိတ်ထားကြောင်း ဒေသတွင်း PDF အဖွဲ့များက အသိပေးသည်။

(စစ်ကောင်စီတပ်သားများ နေရာယူထားသည့် ဗောဓိတစ်ထောင်တောင်ကြောရှိ တောင်ခမောက်တောင်၊ ဓာတ်ပုံ - မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေး)
(စစ်ကောင်စီတပ်သားများ နေရာယူထားသည့် ဗောဓိတစ်ထောင်တောင်ကြောရှိ တောင်ခမောက်တောင်၊ ဓာတ်ပုံ - မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေး)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ဗောဓိတစ်ထောင်တောင်ကြောရှိ တောင်ခမောက်တောင်တွင် စစ်ကောင်စီတပ်သားများ တပ်စွဲထား၍ ထိုအနီးတဝိုက်ရှိ လမ်းပိုင်း သုံးခုအားအသုံးပြုခွင့် ယာယီပိတ်သိမ်းထားကြောင်း ဒေသတွင်း PDF အဖွဲ့များက သတိပေးကြေညာသည်။

ယနေ့(ဒီဇင်ဘာ ၃၁ရက်) နံနက်၂နာရီ ၅၀ မိနစ်မှစ၍ မုံရွာမြို့နယ်အတွင်းရှိ မုံရွာ – ချောင်းဦးလမ်းပိုင်း၊ မြေနဲ – ဗောဓိတစ်ထောင်လမ်းပိုင်း၊ မုံရွေး – ရွှေမြင်တင်လမ်းပိုင်းတို့အား လမ်းအသုံးပြုခွင့် ယာယီပိတ်ထားကြောင်း ဒေသတွင်း PDF အဖွဲ့များက အသိပေးသည်။

နောက်ထပ်ကြေညာချက်မထုတ်ပြန်မီအထိ သွားလာခြင်းယာယီရပ်ဆိုင်းထားရန်နှင့် တားမြစ်ထားသည့်ကြားက သွားလာ၍ တစ်စုံတစ်ရာရှိခဲ့ပါက လမ်းအသုံးပြုသူ၏တာဝန်သာဖြစ်ကြောင်း ထပ်မံသတိပေးသည်။

ဗောဓိတစ်ထောင်တောင်ကြောရှိ တောင်ခမောက်တောင်တွင် စစ်ကောင်စီတပ်သားများအား ယမန်နေ့(ဒီဇင်ဘာ ၃၀ရက်) ညနေပိုင်းတွင် Mi-35၊ Mi-17 ရဟတ်ယာဥ်တို့ဖြင့် အမြင့်မြို့ဟောင်းမှတစ်ဆင့် သယ်ယူချထားခဲ့သဖြင့် လမ်းအသုံးပြုခွင့်ပိတ်ပင်ရခြင်းဖြစ်ကြောင်း ဒေသတွင်း PDFများက ရှင်းပြသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက အမြင့်ရဲစခန်းရှိ စစ်ကောင်စီတပ်သားများနှင့် ဒေသတွင်း PDFများ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်အုပ်စုဘက်က အထိအခိုက်များရှိခဲ့သည်။

You May Also Like

သတင်း

တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးထိခိုက်မှုနှင့် အိုးအိမ်ပျက်စီးမှုများရှိခဲ့ကြောင်း ဖော်ပြသည်။

သတင်း

KNU အုပ်ချုပ်ရေးနယ်မြေရှိ စစ်ဘေးရှောင်များ အရေးပေါ်ကူညီစောင့်ရှောက်ရေးကော်မတီ အနေဖြင့် တိုက်ပွဲမဖြစ်ခင်ကတည်းက စစ်ရှောင်များ ကူညီရေးအတွက်ပြင်ဆင်ခဲ့ကြောင်း၊ အကယ်၍ တိုက်ပွဲဖြစ်၍ စစ်ရှောင်ရပါက ကော်မတီကို ဆက်သွယ်ရန် အသိပေးထားကြောင်း ၎င်းက ဆိုသည်။

သတင်း

စစ်ရေးတင်းမာနေပြီးကျေးရွာအခြေအနေကိုအသေးစိပ်မသိရသေးကြောင်းဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက​ပြောသည်။

သတင်း

အဆိုပါ စစ်ဆင်ရေးကိုPeople's Army To Fight Dictatorship(PAFD).တပ်ခွဲDK PDF(MMU)၊People's knight Defense Force Myinmu (PKDF-MMU)၊ TAUNGTHA People Defense Force (TTAPDF) ၊ D.B.B.F-MMU မဟာမိတ်အဖွဲ့များပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။