Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်အုပ်စု အပြစ်ကင်းလွတ်ခွင့်ရနေမှု အဆုံးသတ်နိုင်ရေး မမေ့မလျော့နှလုံးသွင်းကာ တော်လှန်ရေးအောင်မြင်ပြီးမြောက်သည်အထိ တစိုက်မတ်မတ် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု NUG ကြေညာ

နိုင်ငံတော်ပုန်ကန်မှုနှင့် ပြည်သူလူထုအပေါ် အခြားသော ပြစ်မှုပေါင်းများစွာကို ကျူးလွန်ထားသည့် အကြမ်းဖက်စစ်ကောင်စီနှင့် အပေါင်းအပါများသည်သာလျှင် အပြစ်ရှိသူများဖြစ်ပြီး ပြည်သူ့တရားစီရင်မှုကို မလွဲမသွေခံယူရမည့်သူများ ဖြစ်ကြောင်း ဖော်ပြသည်။

စစ်အုပ်စု၏ ပြစ်ဒဏ်ခံရထိုက်သူများ ပြစ်ဒဏ်ခံရခြင်းဘေးက ကင်းလွတ်နေသည့်အလေ့အထ (Impunity)ကို အဆုံးသတ်နိုင်ရေး မမေ့မလျော့နှလုံးသွင်းလျက် တော်လှန်ရေးအောင်မြင်ပြီးမြောက်သည်အထိ တစိုက်မတ်မတ် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUGက ကတိပြုထုတ်ပြန်သည်။

နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့အား အကြမ်းဖက်စစ်ကောင်စီက မတရားထောင်ဒဏ်များ ချမှတ်ခဲ့ခြင်းနှင့် ပတ်သက်၍ ယနေ့ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများ အပါအဝင် အပြစ်မဲ့တိုင်းရင်းသားပြည်သူများအပေါ် ချမှတ်သည့် တရားရုံးအသီးသီး၏ အမိန့်များသည် မူလကပင် ပျက်ပြယ်ပြီးဖြစ်ကြောင်း NUG က ၂၀၂၁ ဒီဇင်ဘာ ၉ ရက်တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

နိုင်ငံတော်ပုန်ကန်မှုနှင့် ပြည်သူလူထုအပေါ် အခြားသော ပြစ်မှုပေါင်းများစွာကို ကျူးလွန်ထားသည့် အကြမ်းဖက်စစ်ကောင်စီနှင့် အပေါင်းအပါများသည်သာလျှင် အပြစ်ရှိသူများဖြစ်ပြီး ပြည်သူ့တရားစီရင်မှုကို မလွဲမသွေခံယူရမည့်သူများ ဖြစ်ကြောင်း ဖော်ပြသည်။

NUG သည် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်တကွ အကြမ်းဖက် စစ်ကောင်စီ၏ မတရားဖမ်းဆီးချုပ်နှောင်ခံရသူများ၊ မတရားအမှုဆင် ပြစ်ဒဏ်ချမှတ်ခံရသူများ၊ မတရား ညှင်းပမ်း နှိပ်စက်ခံရသူများ၊ သတ်ဖြတ်ခံသူများ၊ အိုးအိမ်စည်းစိမ် ဖျက်ဆီးခံရသူများ အားလုံးအတွက် တရားမျှတမှုကို ပြန်လည်ရရှိနိုင်စေရေးအတွက်လည်း တစိုက်မတ်မတ် ဆက်လက်တိုက်ပွဲဝင်သွားမည်လည်း ထုတ်ပြန်သည်။

You May Also Like

သတင်း

တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးထိခိုက်မှုနှင့် အိုးအိမ်ပျက်စီးမှုများရှိခဲ့ကြောင်း ဖော်ပြသည်။

သတင်း

စစ်ကောင်စီတပ်သည် ယမန်နေ့ကလည်း ကော့ကရိတ်တွင် သံချပ်ကာယာဉ်၊ လက်နက်ကြီးနှင့် လေကြောင်းပစ်ကူများအသုံးပြုပြီး စစ်ရေးလှုပ်ရှားခဲ့သည်ဟု ဆိုသည်။

သတင်း

ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးရေး ပျက်ယွင်းမှုကို ပြင်းထန်စွာ ရှုတ်ချကြောင်းဖော်ပြပြီး အထက်ပါနိုင်ငံ့ခေါင်းဆောင်များအပေါ် တရားစွဲ၊ ထောင်ဒဏ်ချမှတ်ခြင်းများကို နိုင်ငံရေးလှုံ့ဆော်မှုသက်သက်ဖြင့် တရားစီရင်ခြင်းဖြစ်သည်ဟု ကနဦးကတည်းက သတ်မှတ်ထားသည်။

သတင်း

အလယ်ရှိုကျေးရွာအတွင်း ဖမ်းဆီးခံရသူ ၂၀ထက်မနည်း ရှိပြီး စစ်ကောင်စီတပ်သားများနှင့်ပျူစောထီးများက ဖမ်းဆီးခံထားရသူများအနက် ရှစ်ဦးထက်မနည်း အစုလိုက်သတ်ဖြတ်ထားကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။