Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် PDF ပူးပေါင်းတပ် တိုက်ပွဲဖြစ်ပြီး စစ်အုပ်စု ခုနစ်ဦးသေဟုဆို

ယမန်နေ့ညဦးပိုင်းက စစ်ကောင်စီအမြှောက်တပ် (၃၀၆)တပ်ရင်းမှ စစ်ကောင်စီတပ်သားများ အရက်ဝယ်ထွက်လာစဥ် ကဒဲလိပ်ကျေးရွာအနီး လမ်းပိုင်းတစ်နေရာ၌ တိုက်ခိုက်ခံရခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ လေးဦးသေဆုံးသည်ဟု ဒေသခံများက ဆိုသည်။

(ဒေသကာကွယ်ရေးတပ်မှ ရဲဘော်များအား တွေ့ရစဥ်)
(ဒေသကာကွယ်ရေးတပ်မှ ရဲဘော်များအား တွေ့ရစဥ်)

စစ်သေနတ်တစ်လက် သိမ်းဆည်းရရှိ

တနင်္သာရီမြို့နယ်တွင် ယမန်နေ့(ဒီဇင်ဘာ ၃၁) ညပိုင်းက နှစ်သစ်ကူးညပျော်ပါးသောက်စားရန် စျေးဝယ်ထွက်လာသည့် စစ်ကောင်စီတပ်သားများကို PDF ပူးပေါင်းတပ်များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ညဦးပိုင်းက စစ်ကောင်စီအမြှောက်တပ် (၃၀၆)တပ်ရင်းမှ စစ်ကောင်စီတပ်သားများ အရက်ဝယ်ထွက်လာစဥ် ကဒဲလိပ်ကျေးရွာအနီး လမ်းပိုင်းတစ်နေရာ၌ တိုက်ခိုက်ခံရခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ လေးဦးသေဆုံးသည်ဟု ဒေသခံများက ဆိုသည်။

ထို့အပြင် ယနေ့(ဇန်နဝါရီ ၁)နံနက် ၆ နာရီခန့်က တနင်္သာရီမြို့နယ် ပြည်ထောင်စုလမ်းမကြီး ဗာဓိကုန်းတံတားအနီး ခြေကျင်လျှောက်လာသော စစ်ကောင်စီတပ်သားခြောက်ဦးကို မြိတ်ခရိုင်တပ်ရင်း (၂)၊ တပ်ခွဲ (၁)နှင့် (၂)အပါအဝင် မဟာမိတ်တပ်ဖွဲ့များပူးပေါင်းပြီး လက်ဦးမှုယူတိုက်ခိုက်ခဲ့ကြောင်း တပ်ရင်း (၂)မှ ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သားသုံးဦးသေဆုံးကာ စစ်သေနတ်တစ်လက်ကို စစ်ကောင်စီတပ်သားများထံမှ သိမ်းဆည်းရရှိခဲ့သည်ဟု အထက်ပါရဲဘော်က ဆိုသည်။

“မြေပြင် အခြေအနေမငြိမ်သေးလို့ အသေးစိပ်မပြောနိုင်သေးပါဘူး ခင်ဗျာ”ဟု မြိတ်ခရိုင်တပ်ရင်း (၂) တနင်္သာရီ(ပ.က.ဖ)မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

ထို့အပြင် ယနေ့နံနက် ၁၁နာရီကျော်က တနင်္သာရီမြို့ နယ် ညောင်ပင်ကွင်းကျေးရွာအနီးသို့ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးနေသောကြောင့် ဒေသကာကွယ်ရေး PDFတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိသည်။

You May Also Like

သတင်း

မဇွပ်ယန်ကျေးရွာရှိ အကျဥ်းထောင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ယခုကဲ့သို့ လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်နေခြင်းဟု ယင်းဒေသခံက ဆိုသည်။

သတင်း

တပ်မဟာ(၅)အနေဖြင့် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အဆုံးသတ်ပပျောက်ရေး ကြိုးပမ်းလုပ်ဆောင်ရင်း ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ်စခန်းများ ရုပ်သိမ်းရန် ဖိအားပေး လုပ်ဆောင်နေကြောင်း ထုတ်ပြန်ခဲ့သည်။

သတင်း

စစ်ကောင်စီတပ်၏ တည်နေရာများကို အတိအကျ ပစ်ခတ်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုကို မသိရသေးဟု ဆိုသည်။

သတင်း

မြင်းမူမြို့နယ်တွင် မြို့ပေါ်၌လည်းကောင်း၊ မုံရွာ - လမ်းပိုင်း၌လည်းကောင်း စစ်ကောင်စီတပ်အား ဒေသတွင်းPDFများက မကြာခဏ တိုက်ခိုက်နေသည်။