Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ပူတင်ဟာ ရုရှားနိုင်ငံကို ဖျက်ဆီးနေတာလို့ ယူကရိန်း သမ္မတပြော

ပူတင်ဟာ ရုရှားစစ်တပ်နဲ့ ရုရှားပြည်သူတွေကို အကာအကွယ်ယူ ပုန်းခိုနေပြီး ရုရှားနိုင်ငံနဲ့ ရုရှားပြည်သူတွေရဲ့ အနာဂတ်ကို မီးတင်ရှို့နေကြောင်း၊ ပူတင်ရဲ့ အကြမ်းဖက် ရန်လိုမှုတွေကို ယူကရိန်းက လုံးဝ ခွင့်လွှတ်မှာ မဟုတ်ကြောင်းလည်း ဇီလန်စကီးက ဆိုပါတယ်။

ပူတင်ဟာ ရုရှားနိုင်ငံကို ဖျက်ဆီးနေတာလို့ ယူကရိန်း သမ္မတပြော
ပူတင်ဟာ ရုရှားနိုင်ငံကို ဖျက်ဆီးနေတာလို့ ယူကရိန်း သမ္မတပြော

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ ရုရှားနိုင်ငံကို ဖျက်ဆီးနေသူ ဖြစ်တယ်လို့ နှစ်သစ်ကူး မိန့်ခွန်းမှာ ရုရှား ပြည်သူတွေဆီ လိပ်မူပြီး ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားသွားပါတယ်။

အစောပိုင်းမှာ ပူတင်ဟာ စစ်တပ် ယူနီဖောင်း ဝတ်ဆင်ထားသူတွေ ခြံရံပြီး ပြည်သူတွေကို နှစ်သစ်ကူး မိန့်ခွန်း ပြောခဲ့ပါတယ်။ ဇီလန်စကီးကတော့ ပူတင်ဟာ ရုရှား စစ်တပ်တွေကို ဦးဆောင်နေတာ မဟုတ်ဘဲ သူတို့နောက်မှာ ဝင်ပုန်းနေတာသာ ဖြစ်တယ်လို့ လှောင်ပြောင်သွားခဲ့ပါတယ်။

ဒီဇင်ဘာ ၃၀ မှာ ရုရှားဟာ ယူကရိန်းက မြို့ကြီးတွေကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ပြီး ဒီလုပ်ရပ်နဲ့ ပတ်သက်လို့ ယူကရိန်းက လုံးဝ ခွင့်လွှတ်မှာ မဟုတ်ဘူးလို့လည်း ဇီလန်စကီးက သူ့ရဲ့ မိန့်ခွန်းထဲမှာ ထည့်ပြောသွားပါတယ်။ ရုရှားရဲ့ တိုက်ခိုက်မှုတွေကြောင့် ယူကရိန်းမှာ ထိခိုက်သေကြေ ပျက်စီးမှုတွေ ဘယ်လောက်ထိ ဖြစ်ခဲ့သလဲ ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။ ဒီတိုက်ခိုက်မှုဟာ လူမဆန်တဲ့ လုပ်ရပ် တစ်ခုဖြစ်တယ်လို့ Instagramကနေတဆင့် ထုတ်လွှင့်တဲ့ မိန့်ခွန်းမှာ ဇီလန်စကီးက ထည့်သွင်း ရှုတ်ချသွားပါတယ်။

သူတို့ရဲ့ ခေါင်းဆောင်က သူဟာ ရှေ့ဆုံးက ဦးဆောင်နေပြီး စစ်တပ်က သူ့ကို ထောက်ခံနေတယ်လို့ ပြသချင်နေကြောင်း၊ လက်တွေ့မှာတော့ သူဟာ စစ်တပ်ရဲ့နောက်မှာ ဝင်ပုန်းနေတာသာဖြစ်ကြောင်း ဇီလန်စကီးက ရုရှားပြည်သူတွေဆီ ဦးတည်ပြီး ပြောကြားခဲ့ပါတယ်။

ပူတင်ဟာ ရုရှားစစ်တပ်နဲ့ ရုရှားပြည်သူတွေကို အကာအကွယ်ယူ ပုန်းခိုနေပြီး ရုရှားနိုင်ငံနဲ့ ရုရှားပြည်သူတွေရဲ့ အနာဂတ်ကို မီးတင်ရှို့နေကြောင်း၊ ပူတင်ရဲ့ အကြမ်းဖက် ရန်လိုမှုတွေကို ယူကရိန်းက လုံးဝ ခွင့်လွှတ်မှာ မဟုတ်ကြောင်းလည်း ဇီလန်စကီးက ဆိုပါတယ်။

မိန့်ခွန်းရဲ့ နောက်ပိုင်းမှာတော့ ဇီလန်စကီးက ရုရှားရဲ့ ကျူးကျော်မှုကို ရွပ်ရွပ်ချွံချွံ ခုခံ တွန်းလှန်ပေးခဲ့ကြတဲ့ ယူကရိန်း ပြည်သူတွေကို ကျေးဇူးတင်စကား ပြောကြားသွားပါတယ်။ ယူကရိန်းဟာ တစ်ပေါင်းတစ်စည်းတည်း တိုက်ပွဲဝင်ခဲ့ကြောင်း၊ ဒီအတွက် ကဏ္ဍအသီးသီးက ပါဝင်သူ အားလုံးကို လေးစားပြီး ကျေးဇူးလည်းတင်ကြောင်း ဇီလန်စကီးက ဖွင့်ဟခဲ့ပါတယ်။

အစောပိုင်းတုန်းက စစ်တပ် အရာရှိတွေ ခြံရံပြီး ပြောကြားခဲ့တဲ့ ပူတင်ရဲ့ မိန့်ခွန်းမှာတော့ ယူကရိန်းကို ကျူးကျော် စစ်ပြုတာဟာ ရုရှား အနွယ်ဝင်တွေနဲ့ သမိုင်းဝင် ရုရှားနယ်မြေတွေကို ကာကွယ်ဖို့ ဖြစ်တယ်လို့ အကြောင်းပြသွားပါတယ်။ နောက်ပြီး ပူတင်က အခုလို စစ်ဖြစ်အောင် အနောက်နိုင်ငံတွေက ရုရှားကို မျိုးစံ ရန်စခဲ့တာသာ ဖြစ်တယ်လို့လည်း စွပ်စွဲခဲ့ပါတယ်။

အနောက်နိုင်ငံတွေက ငြိမ်းချမ်းရေးနဲ့ ပတ်သက်ရင် မုသားစကားတွေကိုပဲ တွင်တွင် သုံးစွဲခဲ့ကြောင်း၊ အခုအခါ ယူကရိန်းကို အသုံးချပြီး ရုရှားနိုင်ငံ ပြိုကွဲအောင် ကြံစည်နေကြောင်း ပူတင်က ပြောပါတယ်။ ယူကရိန်းနဲ့ အနောက်မဟာမိတ်တွေကတော့ ပူတင်ရဲ့ စွပ်စွဲချက်ကို ပယ်ချပြီး ရုရှားကသာ စတင်ရန်လိုခဲ့တာလို့ တုံ့ပြန်ထားပါတယ်။

You May Also Like

နိုင်ငံတကာ

အစောပိုင်းမှာတော့ ယူကရိန်း သမ္မတရဲ့ အကြံပေး ပုဂ္ဂိုလ် မစ်ခေလို ပိုလ်ဒိုယက်ခ်က ရုရှား ပစ်ခတ်တဲ့ ဒုံးကျည် စုစုပေါင်း ၁၂၀ ကျော်လောက်ထိ ရှိနိုင်ပြီး အများစုက ယူကရိန်း အရပ်ဖက် ပစ်မှတ်တွေကို ဦးတည်ခဲ့တာလို့ စွပ်စွဲ ပြောဆိုခဲ့ပါသေးတယ်။

နိုင်ငံတကာ

မတ်စ်ခ်ကတော့ Twitterပေါ်က အဲဒီ ဟောကိန်းကို ရွှတ်နောက်နောက်နဲ့ သဘောကျသလို ပုံစံမျိုး မှတ်ချက်ပေးထားတာ တွေ့ရပါတယ်။ မက်ဗီဒက်ဗ်ရဲ့ ခန့်မှန်းချက်တွေကို ၂၄ နာရီလောက်အတွင်း ဝင်ရောက် ကြည့်ရှုထားသူ ၃၄.၅ သန်းကျော် ရှိခဲ့ကြောင်းလည်း သိရပါတယ်။

နိုင်ငံတကာ

ဝန်ကြီးချုပ် မိုဒီက ယူကရိန်း-ရုရှား ပဋိပက္ခကြောင့် ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ စားနပ်ရိက္ခာနဲ့ အရေးပေါ် လုံခြုံရေးလို ကဏ္ဍတွေမှာ အကျပ်အတည်းတွေ ဖြစ်ပေါ်လာတာကို စိုးရိမ်ကြောင်း ဇီလန်စကီးကို ပြောဆိုခဲ့တယ်လို့လည်း အိန္ဒိယ အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံတကာ

အသက် ၅၄ နှစ်အရွယ် အမျိုးသားဟာ ဘရာစေးလီယာ မြို့တော်က လေဆိပ်တစ်ခုနားမှာ ဆီတင်ယာဉ်ကြီး တစ်ခုကို ဖောက်ခွဲဖို့ စီစဉ်ထားခဲ့တာပါ။ ဒါပေမဲ့ ဗုံးမကွဲခဲ့ဘဲ အစီအစဉ် ပျက်ခဲ့သလို ကိုယ်တိုင်လည်း အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။