Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဆားလင်းကြီးမြို့မရဲစခန်းအပါအဝင် စစ်အုပ်စုရှိရာနေရာများကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

စစ်ကောင်စီတပ်၏ တည်နေရာများကို အတိအကျ ပစ်ခတ်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုကို မသိရသေးဟု ဆိုသည်။

(ဆားလင်းကြီးမြို့မရဲစခန်းအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ဆားလင်းကြီးမြို့မရဲစခန်းအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့မရဲစခန်းအပါအဝင် စစ်အုပ်စုရှိရာနေရာများကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ယင်းမာပင်ခရိုင်တပ်ရင်း(၁၆) တပ်ခွဲ(၁)Brother Defense Force အဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့(ဒီဇင်ဘာ ၃၁ ရက်) ည ၁၀နာရီအချိန်ခန့်က ဆားလင်းကြီးမြို့မရဲစခန်းနှင့် မြို့ပေါ်ရှိ စစ်ကောင်စီအုပ်စု တည်ရှိနေရာများကို တာဝေးပစ်လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Brother Defense Force အဖွဲ့က အသိပေးသည်။

စစ်ကောင်စီတပ်၏ တည်နေရာများကို အတိအကျ ပစ်ခတ်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုကို မသိရသေးဟု ဆိုသည်။

Public Service Announcement
Public Service Announcement

အဆိုပါ စစ်ဆင်ရေးကို ယင်းမာပင်ခရိုင်တပ်ရင်း(၁၆) တပ်ခွဲ(၁)Brother Defense Force အဖွဲ့၊ဆားလင်းကြီးသမန်းကျားပြောက်ကျားတပ်ဖွဲ့နှင့် အခြားမဟာမိတ်များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း၊ မဟာမိတ်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ Brother Defense Force ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ဆားလင်းကြီးမြို့ပေါ်ရှိ စစ်ကောင်စီတပ်များအား ဒေသကာကွယ်ရေးအဖွဲ့များက မကြာခဏ လာရောက်တိုက်ခိုက်နေပြီး စစ်အုပ်စုထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

You May Also Like

သတင်း

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ဒေသခံ ပြည်သူအမျိုးသမီးနှစ်ဦးသေဆုံးခဲ့ပြီး အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း Myingyan Black Tiger (MBT) သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

စစ်ကောင်စီဘက်က ထိခိုက်မှုရှိနိုင်ပြီး အတိအကျမသိသေးဘဲ ရဲဘော်များ အထိအခိုက်မရှိ ပြန်ဆုတ်ခဲ့ကြောင်း အထက်ပါတာဝန်ခံက ပြောသည်။

သတင်း

ယမန်နေ့ညဦးပိုင်းက စစ်ကောင်စီအမြှောက်တပ် (၃၀၆)တပ်ရင်းမှ စစ်ကောင်စီတပ်သားများ အရက်ဝယ်ထွက်လာစဥ် ကဒဲလိပ်ကျေးရွာအနီး လမ်းပိုင်းတစ်နေရာ၌ တိုက်ခိုက်ခံရခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ လေးဦးသေဆုံးသည်ဟု ဒေသခံများက ဆိုသည်။

သတင်း

စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး ရဲဘော်များ အထိခိုက်မရှိဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။