Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်အာဏာရှင်စနစ်တိုက်ထုတ်နိုင်ရန် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က လုပ်သင့်လုပ်ထိုက်သည်များဆက်လုပ်မည်ဟု ပြည်သူများကိုနှစ်သစ်ကူးသတင်းစကားပါး

စုစည်းညီညွတ်မှုအား ၊စုစည်းညီညွတ်စွာဖြင့် ဟန်ချက်ညီ လုပ်နိုင်မှသာ စစ်အာဏာရှင်ကို အမြစ်ဖြုတ်နိုင်မည်ဖြစ်​သော​ကြောင့် နှစ်သစ်ကူး​နေ့မှစ၍ ယခင်ထက်အင်တိုက်အားတိုက်ကြိုးပမ်းလုပ်​ဆောင်သွားကြရန်လည်း ညီ​နောင်မဟာမိတ်သုံးဖွဲ့ကတိုက်တွန်းသည်။

AA ၊TNLA နှင့် MNDAA ​မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့တို့က ​နွေဦး​တော်လှန်​ရေးမှ​ပေါက်ဖွားလာ​သော ​တော်လှန်​ရေးအဖွဲ့အစည်းများထဲမှ ပြည်သူ​ထောက်ခံမှုကိုရရှိထားပြီး ​တော်လှန်​ရေးဆန်​သော အဖွဲ့အစည်းအချို့နှင့်လက်တွဲကာ မိမိတို့အားလုံးနှင့် မြန်မာပြည်သူတစ်ရပ်လုံး ​မျှော်မှန်းထား​သောဘုံရည်မှန်းချက်များ ပြည့်ဝ​စေရန် ၊လက်ရှိအ​ခြေအ​နေကို အ​ကောင်းဆုံး​ကျော်လွှားနိုင်ရန် နှင့် စစ်အာဏာရှင်စနစ်ကိုတိုက်ထုတ်နိုင်ရန်အတွက် လုပ်သင့်လုပ်ထိုက်သည်များကိုဆက်လက်လုပ်​ဆောင်သွားမည်ဖြစ်​ကြောင်းဘဝတူ မြန်မာပြည်သူ ပြည်သားများအား အား​ပေးနှစ်သိမ့်ကာ ၂၀၂၃ ခုနှစ် နှစ်သစ်ကူးအခါသမယ၌ ပြည်သူ့တစ်ရပ်လုံး​မျှော်လင့်​တောင့်တ​သောနိုင်ငံ​ရေးမျှာ်မှန်းချက်များပြည့်ဝနိုင်ပါ​စေဟုနှစ်သစ်ဆုမွန်​တောင်း​ကြောင်းယ​နေ့ညတွင်ထုတ်ပြန်လိုက်သည်။

စုစည်းညီညွတ်မှုအား ၊စုစည်းညီညွတ်စွာဖြင့် ဟန်ချက်ညီ လုပ်နိုင်မှသာ စစ်အာဏာရှင်ကို အမြစ်ဖြုတ်နိုင်မည်ဖြစ်​သော​ကြောင့် နှစ်သစ်ကူး​နေ့မှစ၍ ယခင်ထက်အင်တိုက်အားတိုက်ကြိုးပမ်းလုပ်​ဆောင်သွားကြရန်လည်း ညီ​နောင်မဟာမိတ်သုံးဖွဲ့ကတိုက်တွန်းသည်။

You May Also Like

သတင်း

တိုင်းရင်းသားများနှင့် လက်နက်ကိုင်တော်လှန် ရေးအဖွဲ့အစည်းတို့ နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့ကြသော အမျိုးသားတော်လှန်ရေးလမ်းစဉ်သည် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံတော်ကြီး တည်ဆောက်ရေးနှင့်အတူ ပန်းတိုင်သို့ချီတက်နေကြပြီဖြစ်ကြောင်း ၎င်းကဆိုသည်။

သတင်း

AAက ထိုသို့ စစ်ကောင်စီနှင့် အပစ်ရပ်ခဲ့သော်လည်း AA အပေါ် သံသယမရှိကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ခေါင်းဆောင် ဗိုလ်ချုပ်ဂွန်မော်က မကြာသေးမီက ထုတ်ဖော်ပြောဆိုခဲ့ပြီး တချိန်တွင် တိုင်းရင်းသားလက်နက်ကိုင်အားလုံး တိုက်ပွဲတွင် ပါလာမည်ဟု ပြောဆိုခဲ့သည်။

သတင်း

ယခုနှစ်တွင် တအာင်းပြည်နယ်အတွင်းရှိ ပြည်သူများ တိုင်ကြားလာသည့် အမှုပေါင်း (၁၆၁)မှုအနက် (၁၃၇)မှုကို စီရင်ဆုံးဖြတ်နိုင်ခဲ့သည်ဟု ဆိုသည်။

သတင်း

TNLA၏ အရေးပါသည့် တပ်စခန်းများရှိရာ နမ့်ဆန်မြို့နယ် ကုန်းသာရွာသို့ စစ်ကောင်စီတပ်က ဒီဇင်ဘာ ၇ရက်တွင် လေကြောင်းမှ စစ်အင်အားချပြီး ထိုးစစ်ဆင်တိုက်ခိုက်လာရာ ဒီဇင်ဘာ ၇ရက်နေ့မှ ၁၃ရက်အထိ တစ်ပတ်ကြာ တိုက်ပွဲပြင်းထန်ခဲ့သည်။