Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

KIAထိန်းချုပ်ထား​သော လုံဂျာ​တောင်ကို စစ်တပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်

ယနေ့(ဇန်နဝါရီ ၈ရက်)နံနက် ၅ နာရီခန့်ကလည်း ဗန်းမော်မြို့ပေါ်တွင် ပြင်းထန်သော ပေါက်ကွဲသံတစ်ချက်ကြားလိုက်ရပြီး အကြောင်းရင်းကို မသိရသေးပေ။

KIAထိန်းချုပ်ထား​သော လုံဂျာ​တောင်ကို စစ်တပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်
KIAထိန်းချုပ်ထား​သော လုံဂျာ​တောင်ကို စစ်တပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်

ကချင်လွတ်လပ်​ရေးတပ်မ​တော်(KIA) တပ်မဟာ (၃)ထိန်းချုပ်ထားသည့်မိုးမောက်မြို့ လုံဂျာတောင်ကို စစ်ကောင်စီတပ်က လက်နက်ကြီးများအဆက်မပြတ်ပစ်ခတ်နေကြောင်း ​ဒေသခံများကပြောသည်။

ကချင်ပြည်နယ် မိုးမောက်မြို့နှင့် နှစ်မိုင်ခန့်အကွာရှိ လုံဂျာတောင်နေရာသို့ စစ်ကောင်စီက ယမန်နေ့(ဇန်နဝါရီ ၇ရက်)နံနက်မှစတင်ကာ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်သည်။

” လုံဂျာတောင်ကို လှမ်းပစ်နေတာ။ မနေ့က ဆယ်ချက်မကဘူးပစ်တယ်။ စစ်တပ်ကတစ်ဘက်သတ်ပစ်နေတာ” ဟု KIA နှင့် နီးစပ်သော သတင်းရင်းမြစ်တစ်ဦးကပြောသည်။

လုံဂျာတောင်ကို KIA တပ်မဟာ (၃)၊ တပ်ရင်း(၁၅)က ထိန်းချုပ်ထားသည်။ ၂၀၂၂ နိုဝင်ဘာလကလည်း လုံဂျာတောင်ကို စစ်ကောင်စီက မြေပြင်မှ လာရောက်တိုက်ခိုက်ခဲ့ရာ အများအပြားသေဆုံးပြီးနောက် လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။တိုက်ပွဲကာလ ဆယ်ရက်ကျော် ကြာခဲ့သည်။ သို့သော် ယင်းနေရာကို မသိမ်းယူနိုင်ခဲ့ပေ။

စစ်ကောင်စီဝါဒဖြန့်မီဒီယာအချို့ကမူ လုံဂျာတောင်ကို သိမ်းယူနိူင်ခဲ့ကြောင်း သတင်းအမှား လွှင့်ခဲ့ကြသည်။ ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၈၀ဦးထက်မနည်းသေဆုံးခဲ့သည်ဟု KIA သတင်းရင်းမြစ်များကထုတ်ပြန်ခဲ့သည်။

ဗန်းမော်မြို့နယ် ရွှေတောတွင်လည်း စစ်ကောင်စီနှင့် KIA၊ PDF ပူးပေါင်းအဖွဲ့ တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုတိုက်ခိုက်နေသည်ဟု ဒေသခံများကပြောသည်။ဗန်းမော်မြို့ ၊သဖန်းပင်ရွာအနီး ဒေသအခေါ် ရွှေတောနေရာတွင် စစ်ကောင်စီနှင့် KIA၊ PDF ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၆ရက် နံနက်ကတည်းက တိုက်ပွဲဖြစ်ပွားနေခဲ့သည်။ စစ်ကောင်စီက လေကြောင်းမှ လာပစ်ခတ်နေ၍ ဒေသခံများသည် မြို့ပေါ်သို့ တိမ်းရှောင်လာခဲ့ကြသည်ဟု ဗန်းမော်မြို့ခံများကပြောသည်။

ယနေ့(ဇန်နဝါရီ ၈ရက်)နံနက် ၅ နာရီခန့်ကလည်း ဗန်းမော်မြို့ပေါ်တွင် ပြင်းထန်သော ပေါက်ကွဲသံတစ်ချက်ကြားလိုက်ရပြီး အကြောင်းရင်းကို မသိရသေးပေ။

လုံဂျာတောင်တိုက်ပွဲနှင့် ပတ်သက်၍ မေးမြန်းရန် KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်သော်လည်းအဆက်အသွယ်မရသေးပေ။

You May Also Like

သတင်း

ဇန်နဝါရီလ ၅ရက်တိုက်ပွဲတွင် စစ်ကောင်စီတပ်နှင့် ရှမ်းနီအဖွဲ့မှ စစ်ကြောင်းမှုးအပါအဝင် ရှစ်ဦး၊ ဇန်နဝါရီ ၆ရက် တိုက်ပွဲတွင် စစ်ကောင်စီဘက်ကနှစ်ဦး၊ စုစုပေါင်း ဆယ်ဦးသေဆုံးသွားကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

သတင်း

ယမန်နေ့၌ပင် မြစ်ကြီးနားဘက်မှ ချီဖွေဘက်သို့ တက်လာသည့် စစ်ကောင်စီတပ်ယာဉ်တန်းကို KIA တပ်မဟာ(၅) တပ်ရင်း(၃)နယ်မြေတွင် KIAက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

သတင်း

ပြည်သူကိုဆက်လက်ဒုက္ခပေးနေပါကလုံးဝ ငဲ့ညှာတော့မည်မဟုတ်ကြောင်း ချောက်မြို့နယ် ပြောက်ကျားတပ်ဖွဲ့ CGFက သတိပေးသည်။

သတင်း

"အဲဒါကြောင့် သူပိုင်တဲ့မှော်တွေကိုဖျက်သိမ်းခိုင်းတဲ့သဘောပေါ့။ အဲဒီမှာက စံပြနဲ့ ရှဒူးဇွပ်ရွာနားတစ်ဝိုက် ကိုင်းတောမှော်တို့ ပါတာပေါ့”ဟု ဒေသခံက ပြောသည်။