Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်း”

ဒီနေ့(ဇန်နဝါရီ၉ရက်)ညနေခင်းသတင်းတွေကိုPeople’s Spring ကတင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎ပွင့်ဖြူနဲ့ မင်းဘူး NLD လွှတ်တော်အမတ်နှစ်ဦးအပါအဝင်ပါတီဝင်အချို့၊ ဒေသခံများ ရိုက်နက်ဖမ်းဆီးခံရ

မကွေးတိုင်း ပွင့်ဖြူနဲ့ မင်းဘူးတို့မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးအပါအဝင် ပါတီဝင်အချို့၊ ဒေသခံများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မနေ့က အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ NLD ပါတီတာ၀န်ရှိသူနဲ့ ဒေသခံတို့က ပြောပါတယ်။ မင်းဘူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်း၊ ပွင့်ဖြူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းတို့ကို ၎င်းတို့ တိမ်းရှောင်နေတဲ့ ပွင့်ဖြူမြို့နယ် ရှားတောကျေးရွာမှာ အကြမ်းဖက်စစ်အုပ်စုက ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့တာပါ။

ပွင့်ဖြူအမျိုးသားလွှတ်​တော်အမတ်ဦးထွန်းထွန်း။
ပွင့်ဖြူအမျိုးသားလွှတ်​တော်အမတ်ဦးထွန်းထွန်း။

ဦးဝင်းဝင်းနှင့်အတူ မိသားစုဝင် ၃ ဦးလည်း ဖမ်းဆီးခံခဲ့ရပြီး ဦးထွန်းထွန်းရဲ့ တူဖြစ်သူကိုလည်း အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးသွားတယ်လို့ ပွင့်ဖြူဒေသခံတစ်ဦးက ပြောပါတယ်။ ဒေသခံရွာသားတွေကိုလည်း အကြမ်းဖက်စစ်အုပ်စုက ရိုက်နှက်ဖမ်းဆီးခဲ့ပြီး ရွာသားတွေရဲ့ ဖုန်းအလုံး ၇၀ လောက်ကိုလည်း သိမ်းဆည်းသွာတယ်လို့ ဆိုပါတယ်။

မင်းဘူးပြည်သူ့လွှတ်​​​တော်အမတ် ဦးဝင်းဝင်း
မင်းဘူးပြည်သူ့လွှတ်​​​တော်အမတ် ဦးဝင်းဝင်း

▪︎မိုးဗြဲမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် အရပ်သားတစ်ဦး သေဆုံး

စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ အရပ်သားတစ်ဦးသေဆုံးခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)က ဒီနေ့ အသိပေးပါတယ်။ မနေ့ညပိုင်းက စစ်ကောင်စီရဲ့ လက်နက်ကြီးကျည်မှာ မိုးဗြဲမြို့ ပွဲကုန်း(၁) ရပ်ကွက်ရှိ နေအိမ်တစ်လုံးပေါ်ကျရောက်ခဲ့ပြီး အသက်(၆၆)နှစ်အရွယ် ဦးလျိုပန် သေဆုံးခဲ့တာပါ။ ဒီလဆန်းကစလို့ မိုးဗြဲမြို့‌ပေါ်သို့ အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှု အကြိမ်အရေအတွက်ပိုများလာတယ်လို့လည်း MBPDF က ဆိုပါတယ်။ မြို့အတွင်းရှိ ပြည်သူတွေအနေနဲ့ လုံခြုံရေးကို မပေါ့လျော့ဖို့နဲ့ သွားလာလှုပ်ရှားမှုကို အထူးဂရုပြုဖို့ MBPDFက တိုက်တွန်းပါတယ်။

စစ်​ကောင်စီတပ်လက်နက်ကြီး​ထိမှန်၍ ​ကွ်လွန်ခဲ့​သောပြည်သူ
တစ်ဦး
စစ်​ကောင်စီတပ်လက်နက်ကြီး​ထိမှန်၍ ​ကွ်လွန်ခဲ့​သောပြည်သူ တစ်ဦး

▪︎မင်းတပ်နယ်အတွင်း စစ်ကောင်စီ စစ်ရေးလှုပ်ရှားလာ၊ တိုက်ပွဲဖြစ်ပွားမှုရှိနိုင်ဟု CDF အသိပေး

ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်း နှစ်ခုနဲ့ စစ်ရေးလှုပ်ရှားလာတာကြောင့် တိုက်ပွဲဖြစ်ပွားမှုရှိနိုင်ပြီး တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားလာနိုင်တယ်လို့ မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF)က မနေ့က ထုတ်ပြန်ပါတယ်။ မင်းတပ်အခြေစိုက် ခလရ (၂၇၄)တပ်နဲ့ ပူးပေါင်း စစ်ကြောင်းအင်အား (၁၀၀)ခန့်ဟာ မင်းတပ်မြို့နယ် အနောက်ဘက် လီလောင်းကျေးရွာမှတဆင့် တောင်ကြောများအတိုင်း စစ်ကြောင်းနှစ်ပိုင်းခွဲကာ ဆက်လက်ထွက်ခွာသွားပါတယ်။ အခြား စစ်ကောင်စီတပ် စစ်ကြောင်းတစ်ခုဟာ လည်း မင်းတပ်မြို့နယ် တိုက်နယ်အမှတ်(၁)ရှိ ဝီလူးရွာသစ်နဲ့ ပိန်ရိန်းရွာကြားမှာ စစ်ရေးလှုပ်ရှားမှုများပြုလုပ်နေပါတယ်။ ပြည်သူတွေအနေနဲ့ အဲဒီပတ်ဝန်းကျင်တွေမှာ သွားလာခြင်း၊တောင်ယာ လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ခြင်း ခေတ္တရပ်ဆိုင်းထားဖို့ CDFက အသိပေးထားပါတယ်။

မင်းတပ်CDF တပ်ဖွဲ့ဝင်များ ။
မင်းတပ်CDF တပ်ဖွဲ့ဝင်များ ။

▪︎ဝက်လက်မြို့မစခန်းကိုတိုက်ခိုက်၊စစ်အုပ်စုနဲ့အပြန်အလှန်ပစ်ခတ်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် မြို့မရဲစခန်းကိုပစ်ခတ်တိုက်ခိုက်စဥ် စစ်ကောင်စီတပ်သားများရောက်လာလို့ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့တော်လှန်ရေးတပ်ဦး(ဝက်လက်) သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းက ဝက်လက်မြို့မရဲစခန်းကို လက်နက်ကြီးတွေနဲ့ သွားရောက် ပစ်ခတ်ခဲ့ပြီးနောက် မင်းစုရပ်ကွက် အနီးသို့ ထွက်လာတဲ့ အင်အား၂၀ ခန့်ပါ စစ်ကောင်စီတပ်၊ ပျူစောထီးများနဲ့ အချိန်အနည်းငယ်​ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ စစ်အုပ်စုဘက်က အပြင်းအထန် ပြန်လည် ပစ်ခတ်ပေမယ့် တော်လှန်ရေးအင်အားစုများ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ပြည်သူ့တော်လှန်ရေးတပ်ဦး(ဝက်လက်)က ဖော်ပြပါတယ်။

▪︎မုံရွာ-မန္တလေးလမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်း ကားတို​က်မိပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်း ကားတို​က်မိပြီးနောက် အပြန်အလှန်ပစ်ခတ်ခဲ့ကြရာ နှစ်ဦးသေဆုံးသွားတယ်လို့ အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့(PAFD) သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ မိုင်းထိပြီး ဆက်မောင်းလာတဲ့ စစ်ကောင်စီယာဥ်အား ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတားဆီးစဥ် တိုက်မိပြီးနောက် အချင်းချင်း အပြန်အလှန်ပစ်ခတ်ကြကာ သေဆုံးခဲ့တာလို့ သိရပါတယ်။ ဒီနေ့ မနက် အစောပိုင်းက မြင်းမူမြို့မှ မုံရွာမြို့ဘက်သို့ထွက်ခွာလာတဲ့ စစ်ကားနှစ်စီးအနက် ပထမ ယာဥ်တစ်စီးကို မိုင်းနဲ့တိုက်ခိုက်ချိန်မှာ နောက်ကားမှာ ပွိုင့်ပေါ်ရပ်နေလို့ အဲဒီကားကိုပါ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပြန်ကြားရေးတာ၀န်ခံက ပြောပါတယ်။

▪︎သုံးဆယ်ပေးရွာမှာ တပ်စွဲနေတဲ့စစ်အုပ်စုကို ‌ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ သုံးဆယ်ပေးကျေးရွာမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်၊ ရဲနဲ့ပျူစောထီးတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ သွားရောက်ပစ်ခတ်တို​က်ခို​က်ခဲ့တယ်လို့ မတ္တရာမြို့နယ် နဂါးနီပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ မနေ့ ညနေပိုင်းက မတ္တရာမြို့နယ်၊ ဧရာ၀တီမြစ်ကမ်းဘေးရှိ သုံးဆယ်ပေးကျေးရွာမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်၊ ရဲနဲ့ပျူတွေကို လက်နက်ကြီး၊ ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ လက်လုပ် စိန်ပြောင်း (၆၀)မမ၊ (၈၀)မမ၊ (၁၂၀) မမအပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခိုက်ခဲ့ကြပြီး စစ်ကောင်စီဘက်ကလည်း ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ ညီနောင်မဟာမိတ်ရဲဘော်များ ထိခိုက်မှုမရှိ ပြန်လည်‌ဆုတ်ခွာနိုင်ခဲ့ပြီး စစ်အုပ်စုထိခိုက်မှုအခြေအနေစုံစမ်းနေတယ်လို့ မတ္တရာမြို့နယ် နဂါးနီပြောက်ကျားတပ်ဖွဲ့က အသိပေးပါတယ်။

▪︎ရေးမြို့နယ် အထူးထောက်လှမ်းရေးဗိုလ်ကြီးတစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

CDM ပြုလုပ်သူတွေနဲ့ တော်လှန်ရေးရဲဘော်တွေကို အဓိကဒုက္ခပေးနေတဲ့ ရေးမြို့နယ် အထူးထောက်လှမ်းရေးဗိုလ်ကြီးညီညီကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ရေးပြောက်ကျားတပ်ဖွဲ့ -YGFမှတာဝန်ရှိသူ ဗိုလ်ကျန်ရစ်က ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းက လမိုင်းမြို့ လက်ဝှေ့ရုံအနီးမှာ ဗိုလ်ကြီးညီညီကို ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

စစ်​ကောင်စီ ​အထူးထောက်လှမ်း​ရေး မှဗိုလ်ကြီးညီညီ ကိုPDFများကပစ်ခတ်ရှင်းလင်းပြီး​တွေ့ရစဥ်။
စစ်​ကောင်စီ ​အထူးထောက်လှမ်း​ရေး မှဗိုလ်ကြီးညီညီ ကိုPDFများကပစ်ခတ်ရှင်းလင်းပြီး​တွေ့ရစဥ်။

ပစ်ခတ်ခံရတဲ့ စစ်ကောင်စီလက်ပါး စေ ဗိုလ်ကြီးညီညီရဲ့ ဦးခေါင်းကနေ ကျည်ပေါက်ပြီး အရပ်သားပြည်သူ အမျိုးသမီးတစ်ဦး ထိခိုက်ခဲ့ပါတယ်။​ အဲဒီအတွက် များစွာစိတ်မကောင်းဖြစ်ရပြီး အနူးအညွှတ်တောင်းပန်ကြောင်းနဲ့ လိုအပ်တဲ့ကိစ္စရပ်အားလုံး အပြည့်အဝတာ၀န်ယူဖြေရှင်းပေးမယ်လို့ ဗိုလ်ကျန်ရစ်က ပြောပါတယ်။

စစ်​ကောင်စီ ​အထူးထောက်လှမ်း​ရေး မှဗိုလ်ကြီးညီညီ
စစ်​ကောင်စီ ​အထူးထောက်လှမ်း​ရေး မှဗိုလ်ကြီးညီညီ

▪︎စစ်ကောင်စီယာဉ်ကို မုံရွာ-မန္တလေးလမ်းပိုင်းမှာ မဟာမိတ်အဖွဲ့များ ခုနစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်

မုံရွာ-မန္တလေးလမ်းပိုင်းမှာ စစ်ကောင်စီယာဥ်များကို မဟာမိတ်အဖွဲ့တွေက ခုနစ်ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်စု ထိခိုက်သေဆုံးမှုများရှိတယ်လို့ People’s knight Defense Force Myinmu (PKDF-MMU)သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ မနေ့ မနက်ပိုင်းက စစ်ကောင်စီယာဥ်များနဲ့ မိုင်းထိစစ်သားများကို မုံရွာမြို့ဘက်မှ လာသယ်တဲ့ စစ်ကောင်စီယာဥ်များကို ဝမ်းပြည့်ကျေးရွာနဲ့အလ္လကပ္ပရွာကြားမှာ တိုက်ခိုက်ခဲ့တာပါ။ နောက်ပြီး ဝမ်းပြည့်ကျေးရွာအနီး ကားပြင်နေသော စစ်သားများကို PKDF-MMU ဒရုန်းတပ်ဖွဲ့က ဗုံးသီးချတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီ ဖြစ်စဥ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးခန့်သေဆုံးနိုင်ပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

You May Also Like