Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီပဲယင်းတွင် စစ်ကောင်စီတပ်က တစ်ပတ်အတွင်း ကျေးရွာ ၁၁ရွာ မီးရှို့ဖျက်ဆီး၊ အဘိုးအိုတစ်ဦးပါ မီးရှို့သတ်ဖြတ်ခံရ

စစ်ကောင်စီတပ်သည် ဇန်နဝါရီ ၃ ရက်မှ ယနေ့အထိ ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၁၁ ရွာမှ နေအိမ်ပေါင်းရာနှင့်ချီ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

(ဇန်နဝါရီ ၇ ရက်က ဆပ်ပြာကျင်းရွာအား စစ်ကောင်စီတပ် မီးတင်ရှို့နေစဥ်၊ ဓာတ်ပုံ - Cj)
(ဇန်နဝါရီ ၇ ရက်က ဆပ်ပြာကျင်းရွာအား စစ်ကောင်စီတပ် မီးတင်ရှို့နေစဥ်၊ ဓာတ်ပုံ - Cj)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ်က တစ်ပတ်အတွင်း ကျေးရွာ ၁၁ရွာ မီးရှို့ဖျက်ဆီးပြီး အသက်(၈၀)ကျော် အဘိုးအိုတစ်ဦးပါ မီးရှို့သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီတပ်သည် ဇန်နဝါရီ ၃ ရက်မှ ယနေ့အထိ ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၁၁ ရွာမှ နေအိမ်ပေါင်းရာနှင့်ချီ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီ ၃ရက်ကလည်း ယင်းတွေရွာမှ နေအိမ်နှစ်လုံး ၊ ဇန်နဝါရီ ၅ရက်က စိုင်ပြင်မြို့ရှိ နေအိမ် ၁၀ လုံးခန့်၊ ၆ရက်တွင် ကြည်ရွာနှင့် ဘုရားထွက်ရွာ၊ မန်ကျည်းစောက်ရွာမှ နေအိမ် ၆၉လုံး၊ ၇ရက်တွင် ဆပ်ပြာကျင်းကျေးရွာမှ နေအိမ် ၇၀ ကျော်၊ ဘုတ်ရွာမှာ နေအိမ် ၂၀၀ ကျော်ရှိသည့်အနက် နေအိမ် ၄၀ခန့်သာကျန်ရှိကြောင်း၊ ၈ရက်တွင် ကုန်းရိုးကျေးရွာ၊ ယနေ့ (ဇန်နဝါရီ ၉ရက်)တွင် အင်တိုင်းလေးကျေးရွာ၊ ချောင်းနားကျေးရွာနှင့် ကြောင်ပန်းတောကျေးရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောသည်။

Public Service Announcement
Public Service Announcement

ထို့အပြင် ဆပ်ပြာကျင်းကျေးရွာမှ အသက် (၈၄)နှစ်အရွယ် အဘိုးတစ်ဦး မီး‌ရှို့ခံရသည့်အထဲပါသွားခဲ့ကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောသည်။

“တချို့ရွာသားတွေ ရွာကိုပြန်လာကြည့်ကြတယ်။မီးလောင်ပြင်ဖြစ်နေတဲ့ အနိဌာရုံတွေမြင်ပြီးမခံစားနိုင်လို့ မျက်ရည်နဲ့မျက်ခွက် ရွာထဲမဝင်ကြဘူး။ဆောက်တည်ရာမဲ့ဖြစ်နေတယ်။”ဟု ဆပ်ပြာကျင်းရွာ နယ်ခံတစ်ဦးက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် ယနေ့ညနေပိုင်းတွင် ကြောင်ပန်းတောကျေးရွာအား မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများက ပြောသည်။

ဒီပဲယင်းမြို့နယ်တွင် ပြီးခဲ့သည့် ၂၀၂၂ ဒီဇင်ဘာအတွင်းကလည်း ကျေးရွာ(၂၂)ရွာမှ အိမ်ခြေ ၂,၉၀၀ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ အာဏာသိမ်းကာလတစ်လျှောက် ဒီပဲယင်းမြို့နယ်အတွင်း နေအိမ်ပေါင်း ၄,၂၀၀ကျော်ခန့် မီးရှို့ဖျက်ဆီးခံရပြီး မီးလောင်ဆုံးရှုံးခဲ့ရကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောသည်။

You May Also Like

သတင်း

တရုတ်နိုင်ငံဘက်က ဇန်နဝါရီ ၈ ရက် မူဆယ်-ရွှေလီနယ်စပ်ရှိ ဂိတ် ၃ခုကို ဖွင့်လှစ်ပေးခဲ့သော်လည်း စစ်ကောင်စီက တရုတ်နိုင်ငံဘက်တွင် ကိုဗစ်ရောဂါပြင်းထန်နေခြင်းကြောင့်ဟုဆိုကာ ပိတ်ထားရခြင်းဖြစ်သည်ဟု ကုန်သည်များကပြောသည်။

သတင်း

ဒိုးဝိုင်းချောင်းလမ်းတွင် မြို့ပြပြောက်ကျားစစ်ဆင်ရေးအဖွဲ့က မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့သည်ဟုလည်း PDFကလေးက ဆိုသည်။

သတင်း

ပကဖအဖွဲ့များ ပစ်သတ်ခဲ့သူမှာ ဒုဗိုလ်အဆင့်ရှိသူဖြစ်ပြီး အရပ်ဝတ် ဝတ်ထားစဉ်ပစ်သတ်ခံရခြင်းဖြစ်သည်ဟု လောင်းလုံးမြို့ခံများကပြောသည်။

သတင်း

မိုင်းထိပြီးဆက်မောင်းလာသော စစ်ကောင်စီယာဥ်အား ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတားဆီးစဥ် တိုက်မိပြီးနောက် အချင်းချင်း အပြန်အလှန်ပစ်ခတ်ကြ၍ သေဆုံးခဲ့ခြင်းဖြစ်သည်။