Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရုပ်အ​လောင်းပြန်မရသည့်ပုသိမ်​ထောင်တွင်းသတ်ဖြတ်ခံရ​သောကို​ဝေယံဖြိုး အတွက်ရက်လည်ဆွမ်းသွပ်မည်

ချောင်းသာဒေသခံကိုဝေယံဖြိုးသည် ဇန်နဝါရီလ ၆ ရက်က ပုသိမ်အကျဥ်းထောင်အတွင်းဖြစ်ပွားခဲ့သော နိုင်ငံရေးအကျဥ်းသားများအား ထောင်ဝန်ထမ်းများက အကြမ်းဖက်​သောဖြစ်စဥ်တွင် ကျဆုံးခဲ့​​​ခြင်းဖြစ်သည်။

ရုပ်အ​လောင်းပြန်မရသည့်ပုသိမ်​ထောင်တွင်းသတ်ဖြတ်ခံရ​သောကို​ဝေယံဖြိုး အတွက်ရက်လည်ဆွမ်းသွပ်မည်
ရုပ်အ​လောင်းပြန်မရသည့်ပုသိမ်​ထောင်တွင်းသတ်ဖြတ်ခံရ​သောကို​ဝေယံဖြိုး အတွက်ရက်လည်ဆွမ်းသွပ်မည်

ပုသိမ်အကျဥ်းထောင်အတွင်း စစ်ကောင်စီက အကြမ်းဖက်သတ်ဖြတ်ခဲ့သော ကိုဝေယံဖြိုး၏ရုပ်အ​လောင်းကိုမိသားစုကပြန်မရခဲ့ဘဲကျန်ရစ်သူမိသားစုက ရက်လည်ဆွမ်းသွပ်ကို ဇန်နဝါရီလ ၁၂ရက်တွင် ပြုလုပ်ရမည်ဖြစ်သည်။

ချောင်းသာဒေသခံကိုဝေယံဖြိုးသည် ဇန်နဝါရီလ ၆ ရက်က ပုသိမ်အကျဥ်းထောင်အတွင်းဖြစ်ပွားခဲ့သော နိုင်ငံရေးအကျဥ်းသားများအား ထောင်ဝန်ထမ်းများက အကြမ်းဖက်​သောဖြစ်စဥ်တွင် ကျဆုံးခဲ့​​​ခြင်းဖြစ်သည်။

ကိုဝေယံဖြိုး၏ ရုပ်အလောင်းကိုပေးရန် မိသားစုက တောင်းဆိုခဲ့သော်လည်း စစ်ကောင်စီကပြန်မပေးဘဲ မီးရှို့သဂြိုလ်လိုက်ပြီး အလောင်းဖျောက်ပစ်ကြောင်း ဧရာဝတီတိုင်းမှတော်လှန်ရေးအင်အားစုများကပြောသည်။ ကိုဝေယံဖြိုး၏ ရက်လည်ဆွမ်းသွပ်ကို ဇန်နဝါရီ ၁၂ရက်တွင် ၎င်း၏မိဘ​နေအိမ်တွင် ပြုလုပ်မည်ဟု ကျန်ရစ်သူမိသားစုက ဖိတ်ကြားထားကြောင်း ချောင်းသာဒေသခံအချိုု့ကပြောသည်။People’s Spring ကကိုဝေယံဖြိုး၏ မိသားစုထံ ဆက်သွယ်မေးမြန်းရန်ကြိုးစားခဲ့​သော်လည်း ဆက်သွယ်မရပါ ။

ကို​ဝေယံဖြိုးသည် အသက် ၃၄ နှစ် ရှိပြီဖြစ်ပြီးသားတစ်ဦးနှင့်ဇနီးသည်ကျန်ရစ်ခဲ့သည်။

ကိုဝေယံဖြိုးသည် စစ်အာဏာရှင်အားတော်လှန်ရင်း ပုသိမ်ထောင်၌ အကျဥ်းကျနေစဥ်သေဒဏ်ကျ ကျောင်းဆရာဦးကောင်းခန့်ကျော်အတွက် စစ်ကောင်စီက ပုသိမ်ထောင်အတွင် ကြိုးစင်ဆောက်နေသည်ကို ရပ်တန့်ရန် နိုင်ငံရေးအကျဥ်းသားများနှင့်အတူတောင်းဆိုရာမှစစ်ကောင်စီက သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်သည်။ ကိုဝေယံဖြိုးနှင့်အတူ စစ်ကောင်စီကို ကန့်ကွက်တားဆီးခဲ့စဥ် ရိုက်နှက်နှိပ်စက်ခံရသည့်နိုင်ငံရေးအကျဥ်းသားကိုဝင်းမင်းထက်မှာလည်းယနေ့(ဇန်နဝါရီ ၁၂ရက်)အထိပျောက်ဆုံးနေဆဲဖြစ်သည်။

ကိုဝင်းမင်းထက်မှာလည်း စစ်​ကောင်စီ၏အကြမ်းဖက်ဖြိုခွင်း၊ နှိပ်စက်ညှင်းပန်းမှု​ကြောင့် ဇန်နဝါရီ ၆ ရက်မှာပင်ကျဆုံးခဲ့ပြီဖြစ်​ကြောင်းလည်းသတင်းထွက်​ပေါ်​နေသည်။

ပုသိမ်ထောင်အတွင်း နိုင်ငံ​ရေးအကျဥ်းသားများကိုစစ်ကောင်စီလက်​အောက်ခံလက်နက်ကိုင်အဖွဲ့များကအကြမ်းဖက် ဖြိုခွဲမှုဖြစ်စဥ်တွင် နိုင်ငံရေးအကျဉ်းသား ၁၃ ဦး ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး ၄ ဦးသည် အသက်အန္တရာယ်စိုးရိမ်ရသည်ဟု တော်လှန်ရေးအင်အားစုများကပြောသည်။

စစ်​ကောင်စီက ​ထောင်အတွင်းအကျဥ်းသားချင်းခိုက်ရန်ဖြစ်ပွားရာမှ ​သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဝါဒဖြန့်ထားသည်။

ပုသိမ်ထောင်တွင်း အကျဥ်းသားများ သေဆုံးဒဏ်ရာရမှုဖြစ်စဥ်သည် စစ်ကောင်စီကမတရားညှဉ်းပန်းနှိပ်စက်မှုနှင့်ဥပဒေမဲ့သတ်ဖြတ်သော ရာဇဝတ်မှုကို ကျူးလွန်သည့် လုပ်ရပ်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)ကပြစ်တင်ရှုတ်ချထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရကလည်း ပုသိမ်ထောင်တွင်းအကြမ်းဖက်မှုကို အမှုမှန်ပေါ်အောင်ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများထံအချက်အလက်များပေးပို့ခြင်းအပါအဝင် နည်းလမ်းမျိုးစုံဖြင့် တရားမျှတမှု ဖော်ဆောင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားသည်။

You May Also Like

သတင်း

စစ်ကောင်စီ လက်ချက်ဖြင့် သေဆုံးခဲ့ရသူ အားလုံးအနက် အမျိုးသမီးဦးရေမှာ ၁၃.၁ ရာခိုင်နှုန်းပါဝင်ပြီး စစ်ကိုင်းတိုင်းမှ ၁၇၁ ဦးဖြင့် အများဆုံးဖြစ်သည်။

သတင်း

ကို​ဝေယံဖြိုးမှာ ​သေနတ်ဖြင့်ပစ်သတ်ခံရပြီး နှိပ်စက်ညှင်းပန်းခံရပြီး ဒဏ်ရာအပြင်းအထန်ရရှိသူများထဲမှ ကိုဝင်းမင်ထက်မှာလည်းကျဆုံးခဲ့​ကြောင်း AAPP မှသိရသည်။

သတင်း

မတရားကျူးလွန်ခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက် တရားမျှတမှုရရှိနိုင်ရေး အစွမ်းကုန် ကြိုးစားအကောင်အထည် ဖော်ဆောင် ရွက်သွားမည်ဟုလည်း AAPPက ထုတ်ပြန်သည်။

သတင်း

နန့်ဖာလုံစျေးရှိ လက်ဖက်ရည်ဆိုင်ပိုင်ရှင် ကိုချစ်စမ်းမောင်နှင့်ဇနီးဖြစ်သူကို ပျူစောထီးအဖွဲ့က ယမန်နေ့(ဒီဇင်ဘာ ၃၀ရက်)ညနေ ၆နာရီခွဲတွင် လာရောက်သတ်ဖြတ်သွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။