Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပုသိမ်ထောင်တွင်းနှိပ်စက်သတ်ဖြတ်ခံရသည့်နိုင်/ကျဉ်းများအတွက်တရားမျှတမှုရရှိရေးလုပ်မည်ဟုဧရာ၀တီစစ်ဒေသကွပ်ကဲရေးအဖွဲ့ကြေညာ

ကို​ဝေယံဖြိုးမှာ ​သေနတ်ဖြင့်ပစ်သတ်ခံရပြီး နှိပ်စက်ညှင်းပန်းခံရပြီး ဒဏ်ရာအပြင်းအထန်ရရှိသူများထဲမှ ကိုဝင်းမင်ထက်မှာလည်းကျဆုံးခဲ့​ကြောင်း AAPP မှသိရသည်။

(ပုသိမ်အကျဥ်း​ထောင်ကို​တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)
(ပုသိမ်အကျဥ်း​ထောင်ကို​တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)

နိုင်ငံရေးအကျဉ်းသားတစ်ဦး အနည်းဆုံးသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့သည့် ပုသိမ်ထောင်တွင်း အကြမ်းဖက်ညှင်းပမ်းနှိပ်စက်မှုလုပ်ရပ်အပေါ် ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ ဧရာဝတီတိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ယနေ့ထုတ်ပြန်ပြီး မတရား ကျူးလွန်ခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားများ အားလုံး အတွက် တရားမျှတမှု ရရှိနိုင်ရေးကိုဆောင်ရွက်သွားမည်ဟု အသိပေးလိုက်သည်။

ပုသိမ်ထောင်တွင်ဇန်နဝါရီလ ၅ ရက်ကစစ်အုပ်စု၏လက်အောက်ခံထောင်အာဏာပိုင်မျာကမတရားဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားများအား လူကိုသေစေနိုင် သည့် လက်နက်များဖြင့် ပစ်ခတ်ခြင်း၊ အသံဗုံးခွဲခြင်း၊ အုပ်စုလိုက်ဝိုင်းဝန်းရိုက်နှက်ခြင်း၊ လက်ပြန်ကြိုးတုပ်ပြီး အပြင်းအထန်ရိုက်နှက်ခြင်း ပြုလုပ်ခဲ့ရာနိုင်ငံရေးအကျဉ်းသားအနည်းဆုံးတစ်ဦးသေဆုံးခဲ့ရပြီး၊ ပျောက်ဆုံးသူတစ်ဦးနှင့်နိုင်ငံရေးအကျဉ်းသားအများအပြား အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်။အသက်အန္တာရာယ် စိုးရိမ်ရသူ များလည်းရှိသည်ဟုသိရသည်။

ထိုလုပ်ရပ်များသည် အကျဉ်းထောင်လုပ်ထုံးလုပ်နည်းများ ကို ကျော်လွန်၍ လုပ်ဆောင်ခြင်းဖြစ်ပြီး မတရား ညှဉ်းပန်းနှိပ်စက်မှုနှင့်ဥပဒေမဲ့သတ်ဖြတ်ခြင်းဖြစ်သည့်ကြီးမားသောရာဇဝတ်မှုကိုပါ ကျူးလွန်လိုက်သည့် လုပ်ရပ်ဖြစ်ကြောင်း ဧရာ၀တီတိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်သည်။

ထောင်တွင်းအကြမ်းဖက်နှိပ်စက်မှု တွင် အင်အား (၅၀) ခန့်ရှိ ထောင်အာဏာပိုင်နှင့် ထောင်ဝန်ထမ်းများ ၊ ရဲ နှင့် တပ်ရဲပြေး အကျဉ်းကျနေသူများ ပါဝင်ကျူးလွန်ခဲ့ သည်ဟု သိရကြောင်း သိရကြောင်းလည်းဖော်ပြထားသည်။

ပုသိမ်ထောင်ဖြစ်စဉ်သည် အင်အားအလွန်အကျွံသုံး၍ အသက်သေဆုံးစေသည့် ညှဉ်းပန်းနှိပ်စက်ခြင်း၊ အကျဉ်းထောင်တွင်း မတရားညှဉ်းပန်းနှိပ်စက်ခြင်း နှင့် ဥပဒေမဲ့မတရားသတ်ဖြတ်ခြင်းကိုကျူးလွန်ကြောင်းထင်ရှား၍အကြမ်းဖက်စစ်အုပ်စုနှင့်တစ်ကွ သက်ဆိုင်ရာထောင်အာဏာပိုင် များ၊ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများ၊ အမိန့်ပေးစေခိုင်းသူများနှင့်ကိုယ်တိုင်ကျူးလွန်သူများအားလုံးတာဝန်ခံရမည်ဖြစ်ကြောင်းကြေညာခဲ့သည်။

အကြမ်းဖက်စစ်အုပ်စု ၏အမာခံထောက်တိုင်များဖြစ်ကြသည့် တရားသူကြီးများ၊ စစ်သားများ၊ ရဲများ၊ အကျဉ်း ဦးစီးဝန်ထမ်းများက စစ်အုပ်စုအလိုကျ မတရားဖမ်းဆီးခြင်း၊ ဥပဒေမဲ့မတရားပြစ်ဒဏ်များချမှတ်ခြင်း၊ နိုင်ငံရေးအကျဉ်းသားများအား ရည်ရွယ်ချက်ရှိရှိဖြင့် ညှဉ်းပန်းနှိပ်စက်ခြင်း၊ အနိုင်ကျင့်စော်ကားခြင်းများ ပြုလုပ်လျက်ရှိနေကြောင်း ဧရာဝတီတိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ကထုတ်ပြန်သည်။

“ကြိုးမိန့်ပေးခံရတဲ့ဆရာကောင်းခန့်ကျော်ကိစ္စနဲ့စဖြစ်တာကြိုးစင်ဆောက်တဲ့ကိစ္စကို ကန့်ကွက်ကြလို့ကိုဝေယံဖြိုးအပါအဝင်ရှစ်ဦးကိုဆွဲထုတ်ပြီးတစ်ညလုံးရိုက်တာ။ပြန်ပို့တော့ကိုဝေယံဖြိုး ပါမလာတော့ဘူး” ဟုဧရာဝတီတိုင်း၊ပုသိမ်မြို့မှ တော်လှန်ရေးလှုပ်ရှားသူတစ်ဦးကပြောသည်။

ကို​ဝေယံဖြိုးမှာ ​သေနတ်ဖြင့်ပစ်သတ်ခံရပြီး နှိပ်စက်ညှင်းပန်းခံရပြီး ဒဏ်ရာအပြင်းအထန်ရရှိသူများထဲမှ ကိုဝင်းမင်ထက်မှာလည်းကျဆုံးခဲ့​ကြောင်း AAPP မှသိရသည်။

“လူမဆန်တဲ့ လုပ်ရပ်တွေအတွက် စစ်ကောင်စီနဲ့အပေါင်းအပါတွေ ပြန်ပေးဆပ်ရမယ်။ အလှည့်ကျမနွဲ့ကြစတမ်းပဲ” ဟုသေဆုံးသူ ကိုဝေယံဖြိုး၏ သူငယ်ချင်းတစ်ဦးကလည်းပြောသည်။

လက်ရှိပုသိမ်အကျဥ်းထောင်မှူး ညွှန်ကြားရေးမှုးနေမင်းထက်ဆိုသူဖြစ်ပြီး ၎င်းသည် ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းတွင်မှပြောင်းရွေ့လာသူဟု ဧရာဝတီတိုင်းတော်လှန်ရေးအင်အားစုက ပြောသည်။

You May Also Like

သတင်း

မတရားကျူးလွန်ခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက် တရားမျှတမှုရရှိနိုင်ရေး အစွမ်းကုန် ကြိုးစားအကောင်အထည် ဖော်ဆောင် ရွက်သွားမည်ဟုလည်း AAPPက ထုတ်ပြန်သည်။

သတင်း

ဆုံးဖြတ်ချက်မူကြမ်းကို ဦးဆောင်ရေးဆွဲကာ အတည်ပြုချက်ရရှိနိုင်ရေး ကြိုးပမ်းပေးခဲ့သော ဗြိတိန်နိုင်ငံနှင့် ဝိုင်းဝန်း ဆွေးနွေးပေးခဲ့ကြသော လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများကိုလည်း ကျေးဇူးအထူးတင်ရှိကြောင်းလည်း ဖော်ပြထားသည်။

သတင်း

ဆားလင်းကြီးမြို့နယ်တွင် ဒီဇင်ဘာ ၁၈ရက် နံနက် ၉နာရီက ဘီယာဆိုင်လာသည့် ရဲ ငါးဦး ပစ်ခတ်တိုက်ခိုက်ခံရပြီး လေးဦးပွဲချင်းပြီး သေဆုံးခဲ့သည်။

သတင်း

ဖြစ်စဥ်နှင့်ပတ်သက်၍ Brother Defense Force ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ ထိခိုက်သေဆုံးမှုနှင့်ပတ်သက်ပြီး သီးခြားအတည်မပြုနိုင်သေးပေ။