Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အင်းတော်မြို့အနီး စစ်ကောင်စီတပ် ရမ်းသမ်းပစ်ခတ်၍ လင်မယားနှစ်ဦး ထိမှန်ပြီး အမျိုးသားသေဆုံး

“ကလေးတွေ သုံးယောက်ကျန်တယ်။ အကြီးဆုံးကတော့ ၇တန်းအရွယ်။ ကျန်တဲ့အငယ်တွေက ဘယ်နှစ်နှစ်တွေလည်းမသိဘူး။” ဟု ဒေသခံက ပြောသည်။

အင်းတော်မြို့အနီး စစ်ကောင်စီတပ် ရမ်းသမ်းပစ်ခတ်၍ လင်မယားနှစ်ဦး ထိမှန်ပြီး အမျိုးသားသေဆုံး
အင်းတော်မြို့အနီး စစ်ကောင်စီတပ် ရမ်းသမ်းပစ်ခတ်၍ လင်မယားနှစ်ဦး ထိမှန်ပြီး အမျိုးသားသေဆုံး

ကလေးငယ်သုံးဦးကျန်နေဟု ဒေသခံပြော

စစ်ကောင်စီတပ် ရမ်းသမ်းပစ်ခတ်၍ စစ်ကိုင်းတိုင်း အင်းတော်မြို့အနီးတွင် ပဲစိုက်ခင်းလုပ်ငန်းခွင်ဝင်နေသည့် လင်မယားနှစ်ဦး ကျည်ထိမှန်ခဲ့ပြီး အမျိုးသားဖြစ်သူမှာ အသက်ဆုံးရှုံးခဲ့ရကြောင်း အင်းတော်ဒေသခံက ပြောသည်။

ဇန်နဝါရီ ၁၂ရက် နံနက်တွင် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်ခဲ့၍ အင်းတော်မြို့အနီး အင်းပတ်လမ်းရှိ စိုက်ခင်း၌ လုပ်ငန်းခွင်ဝင်နေသည့် လင်မယား နှစ်ဦး ထိမှန်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“မနေ့တုန်းက ခ…(စစ်ကောင်စီတပ်သား)တွေ ရမ်းပစ်လို့ ပဲပေါင်းထိုးနေတဲ့ ပြည်သူ နှစ် ယောက်ထိမှန်တယ်။ အမျိုးသား ဖြစ်သူကတော့ ဆုံးသွားတယ်။ သူ့မိန်းမကတော့ ဆေးကုသမှုခံယူနေတယ်” ဟု ဒေသခံက ပြောသည်။

အသက်ဆုံးရှုံးခဲ့ရသည့် အမျိုးသားအား ယမန်နေ့ နေ့လည်ပိုင်း၌ပင် သင်္ဂြိုလ်ခဲ့သည်ဟု ဆိုသည်။

“ကလေးတွေ သုံးယောက်ကျန်တယ်။ အကြီးဆုံးကတော့ ၇တန်းအရွယ်။ ကျန်တဲ့အငယ်တွေက ဘယ်နှစ်နှစ်တွေလည်းမသိဘူး။” ဟု ဒေသခံက ပြောသည်။

အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ် ရမ်းသမ်းပစ်ခတ်မှုများ မကြာခဏလုပ်ဆောင်နေသကဲ့သို့ ဒေသတွင်း ကျေးရွာများသို့ စစ်ကြောင်းထိုးခြင်း၊ ကျေးရွာများကို မီးရှို့ခြင်း၊ မြို့ပေါ် ပြည်သူများအား တင်းကြပ်စွာစစ်ဆေးခြင်းများ ပြုလုပ်လျက်ရှိသည်ဟု ဆိုသည်။

You May Also Like

သတင်း

တိုက်ပွဲအတွင်း ၂ ဖက်အကျအဆုံးရှိခဲ့ပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဆီက လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့သိရပါတယ်။

သတင်း

ဆေးရုံ ၊စာသင်ကျောင်း ၊ဘာသာရေးအဆောက်အဦးတွေနဲ့ နေအိမ်တွေလည်းထိခိုက်ပျက်စီးရတယ်လို့ KNU သတင်းရင်းမြစ်အပြင် ကရင်လူမှုအဖွဲ့အစည်းတွေထံက သိရပါတယ်။

သတင်း

ပခုက္ကူမြို့တွင် စစ်ကောင်စီတပ်က ဆိုင်ကယ်တစ်စီး လူနှစ်ယောက်မစီးရန်နှင့် ညနေ ၆နာရီမှ နံနက် ၈ နာရီအတွင်း ဆိုင်ကယ်မစီးရအမိန့်ကို အဓမ္မ ထုတ်ပြန်ထားသည်။

သတင်း

ဟန်လင်းပျူမြို့ဟောင်းတွင် စစ်ကောင်စီတပ်က လပေါင်းအတန်ကြာတပ်စွဲထားပြီး အနီးဝန်းကျင်ကျေးရွာများအား မကြာခဏစစ်ကြောင်းထိုးဖျက်ဆီးနေသည်။