Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

Grand Royal အရက်ချက်စက်ရုံ မီးလောင်

(Grand Royal အရက်ချက်စက်ရုံမီး​လောင်ကျွမ်း​နေမှု။ ဓာတ်ပုံ - CJ)
(Grand Royal အရက်ချက်စက်ရုံမီး​လောင်ကျွမ်း​နေမှု။ ဓာတ်ပုံ - CJ)

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်အတွင်းရှိ Grand Royal အရက်ချက်စက်ရုံ မီးလောင်​ကျွမ်းနေရာမီးအားများသဖြင့်အဆင့်၃ ( Level 3) အဆင့် ဖြင့်မီးငြိမ်းသတ်လျက် ရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည်။

​မှော်ဘီမြို့နယ် လိပ်ပုတ်ကျေးရွာအုပ်စု၊ အမှတ် ၄လမ်းမကြီးရှိ​သောနာမည်ကြီး အရက်စက်ရုံမှာယနေ့ (ဇန်နဝါရီ ၁၃) ညနေ ၃ နာရီခွဲခန့်က စတင် လောင်ကျွမ်းခြင်းဖြစ်ပြီး ညနေ ၄ နာရီ ကျော်အထိ မီးငြှိမ်းသတ်နိုင်ခြင်းမရှိသေးကြောင်း မှော်ဘီမြို့ခံ ပြည်သူတစ်ဦးက ပြောသည်။

” ၃ နာရီခွဲလောက်ထဲက လောင်နေတာပါ။ ပေါက်ကွဲသံတွေလည်းတစ်ချက်တစ်ချက်ကြားရတယ်။အရက်ပေပါတွေပေါက်တာထင်တယ်။ မီးက တော်တော်များတယ်။ အဝေးကနေတောင် မီးခိုးလုံးတွေ မြင်နေရတယ်။ မီးသတ်ကားတွေရော၊ လူနာတင်ကားတွေရော အများကြီး သွားနေတာ တွေ့ရတယ် ” ဟု မှော်ဘီမြို့ခံတစ်ဦးက​ပြောသည်။

ကနဦးရရှိ​သောသတင်းအရမီးလောင်ကျွမ်းမှုကြောင့်လူထိခိုက်မှု မရှိသော်လည်း စက်ရုံပစ္စည်း အများအပြား ထိခိုက်ပျက်ဆီးနိုင်ကြောင်းမှော်ဘီမြို့နေပြည်သူအချို့က ပြောသည်။

မီးကြီးသဖြင့် မှော်ဘီမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များအပြင် ရန်ကုန်တိုင်းအတွင်းမှ မီးသတ်ယာဥ်များလည်း ထွက်ခွာငြိမ်းသတ်လျက်ရှိကြောင်း ​ဒေသခံတစ်ဦးက ပြောသည်။

You May Also Like

သတင်း

Grand Royal အရက်ချက်စက်ရုံ မီးလောင်ကျွမ်းနေရာ မီးငြှိမ်းသတ်မှု အဆင့်(၃) သတ်မှတ်ခဲ့ရပြီး ည ၈နာရီ ၃၇ မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့​ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဗီဒီယို

ဟိုတယ်ရဲ့ ဖွဲ့စည်းပုံအရ စင်္ကြန်လမ်းတွေက ကျဉ်းမြောင်းပြီး ရှုပ်ထွေးတာကြောင့်လည်း ဧည့်သည်တွေ လွတ်မြောက်အောင် ထွက်ပြေးရာမှာ အခက်အခဲတွေ ရှိခဲ့တယ်လို့ ယုံကြည်ရကြောင်း စုံစမ်းစစ်ဆေးရေး အရာရှိတွေက မှတ်ချက် ပေးထားပါတယ်။

သတင်း

မူးကြီးကျေးရွာသည် နေအိမ် ၄၀၀ ဝန်းကျင်ရှိပြီး ခန့်မှန်းခြေ နေအိမ် ၁၅၀ခန့်မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း၊ အဘွားအိုတစ်ဦးမှာ ထွက်မပြေးနိုင်၍ မီး​လောင်သေဆုံးခဲ့ရကြောင်း ဒေသခံများက ပြောသည်။

သတင်း

အဆိုပါ မီးလောင်ခဲ့သည့် စက်သုံးဆီရေယာဥ်သည် စစ်ကောင်စီတပ်အတွက် ဆီသယ်လာသည့်သင်္ဘောဟု သတင်းထွက်ပေါ်နေသောလည်း သီးခြားအတည်မပြုနိုင်သေးပေ။