Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေး ပြည်ကြီးတံခွန် ရဲကင်း နဲ့ အုပ်ချုပ်ရေးမှူးရုံး ရှေ့ဆင့်နောက်ဆင့် တိုက်ခိုက်ခံရ

ဒီတိုက်ခိုက်မှုတွေကို မန္တလေးမြို့ပြပြောက်ကျားအဖွဲ့တွေဖြစ်တဲ့ ACID Army PDF-MDY နဲ့ မြနန္ဒာစစ်ဆင်ရေး (မန္တလေး) တို့ ပူးပေါင်းတိုက်ခိုက်တာလို့ အသိပေးထားပါတယ်။

မန္တလေး ပြည်ကြီးတံခွန် ရဲကင်း နဲ့ အုပ်ချုပ်ရေးမှူးရုံး ရှေ့ဆင့်နောက်ဆင့် တိုက်ခိုက်ခံရ
မန္တလေး ပြည်ကြီးတံခွန် ရဲကင်း နဲ့ အုပ်ချုပ်ရေးမှူးရုံး ရှေ့ဆင့်နောက်ဆင့် တိုက်ခိုက်ခံရ

မန္တလေးမှာ ဇန်နဝါရီလ ဒုတိယ ရက်သတ္တပတ်အတွင်း ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားနေပြီး မနေ့က ပြည်ကြီးတံခွန်မြို့နယ်ထဲက ရဲကင်းနဲ့ အုပ်ချုပ်ရေးမှူးရုံး ဗုံးနဲ့တိုက်ခိုက်ခံလိုက်ရပါတယ်။

ပြည်ကြီးတံခွန်မြို့နယ် သင်ပန်းကုန်းရပ်ကွက် ရဲကင်းစခန်းနဲ့ (စ)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတို့ ညနေ ၆ နာရီခွဲဝန်းကျင်မှာ ဆက်တိုက်ဆိုသလို ဗုံးနဲ့တိုက်ခိုက်ခံရတာဖြစ်ပါတယ်။

” အသံက နှစ်ချက်ပဲ ၊ တော်တော်ကျယ်တယ်၊ အချိန်ခြားပြီး ကွဲတာ”လို့ သင်ပန်းကုန်းရဲကင်းစခန်းအနီး နေထိုင်သူတစ်ဦးကပြောပါတယ်။

ဒီတိုက်ခိုက်မှုတွေကို မန္တလေးမြို့ပြပြောက်ကျားအဖွဲ့တွေဖြစ်တဲ့ ACID Army PDF-MDY နဲ့ မြနန္ဒာစစ်ဆင်ရေး (မန္တလေး) တို့ ပူးပေါင်းတိုက်ခိုက်တာလို့ အသိပေးထားပါတယ်။

ဗုံးနဲ့တိုက်ခိုက်ခံရတဲ့ သင်ပန်းကုန်းရဲကင်းစခန်းရှေ့ လမ်းမကို စစ်ကောင်စီက ပိတ်လိုက်တယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရပါတယ်။

မန္တလေးမှာ ရွေးကောက်ပွဲအတွက် စစ်ကောင်စီက လူဦးရေစာရင်းလိုက်လံကောက်ယူမှုတွေရှိလာပြီးနောက် ပေါက်ကွဲမှုတွေရှိလာတာလည်းဖြစ်ပါတယ်။

You May Also Like

သတင်း

“အဲဒီမှာက KIA ဘက်က ရွှေမှော်တွေ ပိတ်ပေးလိုက်တယ်လေ။ အဲဒါ သူတို့လည်း တစ်ဖက်ကနေ လမ်းပြန်ပိတ်လိုက်တာ”ဟု ဒေသခံက ပြောသည်။

သတင်း

အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီကား ၁ စီးထိခိုက်သွားတယ်လို့လည်း တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တဲ့ NMD PDF ကဆိုထားပါတယ်။

သတင်း

ဇန်နဝါရီ ၁၀ရက် ညနေပိုင်း၌ လေကြောင်းတိုက်ခိုက်ခံရ၍ CNF ရဲဘော် ၅ဦးကျဆုံးပြီး ၁၀ဦးခန့်ဒဏ်ရာရခဲ့သည်။ ထို့ကြောင့် ယနေ့ ဇန်န၀ါရီ ၁၁ရက်နေ့တွင် ဟားခါးမြို့တွင်း ဈေးဆိုင်များ ပိတ်ထားကာ ဝမ်းနည်းကြောင်း ပြသခဲ့ခြင်းဖြစ်သည်။

သတင်း

ဘီးလင်းမှ သထုံသို့ ထွက်ခွာလာသည့် စစ်ကောင်စီယာဉ် ၃စီးကို ဇန်နဝါရီ ၁၁ရက် နေ့လည်ပိုင်းတွင် KNLA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။