Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

တရုတ်မှာ လမ်းကူးနေတဲ့ လူအုပ်ကို ကားနဲ့ တမင်ဝင်တိုက်မှုကြောင့် ၅ ဦးသေ

ရဲတွေကတော့ ဒီဖြစ်ရပ်မှာ ယာဉ်မောင်းက တမင်တကာ ကျူးလွန်ခဲ့တယ် ဆိုတာကို အတည်မပြုသေးပေမယ့် ဒါဟာ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်မှုလို့ စွပ်စွဲမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။

တရုတ်မှာ လမ်းကူးနေတဲ့ လူအုပ်ကို ကားနဲ့ တမင်ဝင်တိုက်မှုကြောင့် ၅ ဦးသေ
တရုတ်မှာ လမ်းကူးနေတဲ့ လူအုပ်ကို ကားနဲ့ တမင်ဝင်တိုက်မှုကြောင့် ၅ ဦးသေ

တရုတ်နိုင်ငံမှာ လမ်းကူးနေသူ လူအုပ်ထဲ ကားတစ်စီးနဲ့ တမင်တကာ ဝင်တိုက်ခဲ့တာကြောင့် လူ ၅ ဦးထက်မနည်း သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။

ဇန်နဝါရီ ၁၁ ရက် ညနေပိုင်းက ကွမ်ကျိုးမှာ ဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှုမှာ BMW အနက်ရောင် ကားတစ်စီးဟာ မီးပွိုင့်မှာ ရပ်ထားရာကနေ ရုတ်တရက် မောင်းထွက်လာပြီး မျဉ်းကျားမှာ လမ်းကူးနေတဲ့ လူတွေကို လိုက်တိုက်ခဲ့တာ ဖြစ်ပါတယ်။

ရဲတွေကတော့ ဒီဖြစ်ရပ်မှာ ယာဉ်မောင်းက တမင်တကာ ကျူးလွန်ခဲ့တယ် ဆိုတာကို အတည်မပြုသေးပေမယ့် ဒါဟာ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်မှုလို့ စွပ်စွဲမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။

အွန်လိုင်းမှာလည်း ယာဉ်မောင်းကို ပြင်းပြင်းထန်ထန် ဝေဖန် ရှုတ်ချမှုတွေ ရှိနေပါတယ်။ ရဲတွေက အသက် ၂၂ နှစ်အရွယ် အမျိုးသား တစ်ဦးကို ဖမ်းဆီးခဲ့ပြီး စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ပြောပါတယ်။ အခု ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၅ ဦးထိ ရှိလာပြီး ၁၃ ဦး ဒဏ်ရာရခဲ့ပါတယ်။

လူဦးရေ ၁၉ သန်းလောက်ရှိတဲ့ မြို့ရဲ့ လူသွားလူလာ အရမ်းစည်ကားနေတဲ့ အချိန်မျိုးမှာ အခုလို ဆိုးရွားတဲ့ ဖြစ်ရပ်မျိုး ပေါ်ပေါက်ခဲ့တာပါ။

တရုတ်မှာတော့ လူအုပ်ထဲ တမင်တကာ ကားနဲ့ဝင်တိုက်တဲ့ ဖြစ်ရပ်တွေ အရင်ကလည်း ကြုံခဲ့ဖူးပါတယ်။ မနှစ်က ဖေဖော်ဝါရီလတုန်းက နိုင်ငံတောင်ပိုင်း ဖူကျန်းမှာ မီနီထရပ်ကား တစ်စီးက လူအုပ်ထဲ ဝင်တိုက်တာကြောင့် ၃ ဦးသေပြီး ၉ ဦး ဒဏ်ရာရခဲ့ဖူးပါတယ်။

အခုသီတင်းပတ် အစောပိုင်းတုန်းကတင် ရှန်ဟိုင်းမှာ ဟိုတယ်ဝန်ထမ်း တစ်ဦးနဲ့ စကားများခဲ့တဲ့နောက် ဧည့်သည်တစ်ဦးဟာ ဟိုတယ် လော်ဘီခန်းကို ကားနဲ့ ဝင်တိုက်ခဲ့ပါသေးတယ်။ အဲဒီဖြစ်စဉ်မှာတော့ ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ပါဘူး။

You May Also Like

သတင်း

စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူ အနည်းဆုံး ၇ဦးရှိပြီး ကလေးငယ်သုံးဦး ပါဝင်သည်ဟု သိရကြောင်း ဒေသခံက ပြောသည်။

သတင်း

ထိုစစ်ဆင်ရေးများကို မြိုင်မြို့နယ်ပြည်သူ့ကွာကွယ်ရေးတပ်ဖွဲ့ ( မြိုင်-ပကဖ) တပ်ရင်း( ၁ ) တပ်ခွဲ - ၁ နှင့် တပ်ခွဲ - ၂ ( ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

တရုတ်နိုင်ငံဘက်က ဇန်နဝါရီ ၈ ရက် မူဆယ်-ရွှေလီနယ်စပ်ရှိ ဂိတ် ၃ခုကို ဖွင့်လှစ်ပေးခဲ့သော်လည်း စစ်ကောင်စီက တရုတ်နိုင်ငံဘက်တွင် ကိုဗစ်ရောဂါပြင်းထန်နေခြင်းကြောင့်ဟုဆိုကာ ပိတ်ထားရခြင်းဖြစ်သည်ဟု ကုန်သည်များကပြောသည်။

သတင်း

ယမန်နေ့ ည ၉နာရီခန့်က စစ်ကောင်စီ၏ လက်နက်ကြီးကျည်မှာ မိုးဗြဲမြို့ ပွဲကုန်း(၁) ရပ်ကွက်ရှိ နေအိမ်တစ်လုံးပေါ်ကျရောက်ခဲ့၍ အသက်(၆၆)နှစ်အရွယ် ဦးလျိုပန်မှာ သေဆုံးခဲ့ခြင်းဟု ဆိုသည်။