Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဆိပ်ဖြူတွင် စစ်ကောင်စီအား အခွန်ပေးဆောင်နေသည့် KTVဆိုင်အား ဖောက်ခွဲတိုက်ခိုက်

ဇန်နဝါရီ ၁၃ရက် ညပိုင်းက ဆိပ်ဖြူနှင့် ပွင့်ဖြူလမ်းမပေါ်၊ အောက်ဆိပ်ကျေးရွာ၌ ဖွင့်လှစ်ထားသော ဆုံဆည်းရာ KTVဆိုင်အား မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဆိပ်ဖြူတွင် စစ်ကောင်စီအား အခွန်ပေးဆောင်နေသည့် KTVဆိုင်အား ဖောက်ခွဲတိုက်ခိုက်
ဆိပ်ဖြူတွင် စစ်ကောင်စီအား အခွန်ပေးဆောင်နေသည့် KTVဆိုင်အား ဖောက်ခွဲတိုက်ခိုက်

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီအား အခွန်ပေးဆောင်နေသည့် ဆုံဆည်းရာ KTVဆိုင်အား မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း OAK AWE UG GROUP(Salay)၏ တာဝန်ခံ ကိုဥသြက ပြောသည်။

ဇန်နဝါရီ ၁၃ရက် ညပိုင်းက ဆိပ်ဖြူနှင့် ပွင့်ဖြူလမ်းမပေါ်၊ အောက်ဆိပ်ကျေးရွာ၌ ဖွင့်လှစ်ထားသော ဆုံဆည်းရာ KTVဆိုင်အား မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“အဲဒီKTVက စစ်ကောင်စီထောက်တိုင် အမာခံလည်းဖြစ်တယ်။ အရင်တုန်းကတည်းက သတင်းကြိုရတယ်။ စီစဥ်ထားတာကြာပါပြီ။”ဟု ကိုဥသြက ပြောသည်။

အဆိုပါ စစ်ဆင်ရေးများခုကို Oak Awe UG Group မြို့ပြပြောက်ကျားတပ်ဖွဲ့ ( စလေ)နှင့် သိန်းငှက်နက်ဆိပ်ဖြူတော်လှန်ရေးတပ်ဦး (B.H.S.R.F)တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ပြီးရဲဘော်များအထိအခိုက်မရှိကြောင်း အသိပေးထားသည်။

Oak Awe UG Group မြို့ပြပြောက်ကျားတပ်ဖွဲ့(စလေ)နှင့် သိန်းငှက်နက်ဆိပ်ဖြူတော်လှန်ရေးတပ်ဦး (B.H.S.R.F)တို့ နှစ်ဖွဲ့ပူးပေါင်းတို​က်ခိုက်မှုအဖြစ် ဒီဇင်ဘာ၂၇ ရက်နံနက် ၇ နာရီခန့်က ဆိပ်ဖြူမြို့နယ် တရားရုံးအား ဗုံးခွဲတိုက်ခိုက်ခြင်း၊ ဒီဇင်ဘာ ၃၁ ရက်က ဆိပ်ဖြူမြို့ရှိ စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးနေအိမ် မိုင်းခွဲတိုက်ခိုက်ခြင်း၊ ဇန်နဝါရီ၁ ရက် နံနက်ပိုင်းက ဝါဇီစက်ရုံ ဆက်သွယ်ထားသည့် တံတားအား မိုင်းခွဲတိုက်ခိုက်ခြင်း၊ ဇန်နဝါရီ၁၂ ရက်က (၁ဝ)မိုင်း လမ်းဆုံနှင့် ရိက္ခာသယ်ကားအား မိုင်းဆွဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။

You May Also Like

သတင်း

စစ်​ကောင်စီတပ်ကအကြမ်းဖက်မီးရှို့ဖျက်ဆီး​နေတဲ့ အချက်အလက်​တွေကို Data For Myanmar က စုစည်း​ပြီးမှတ်တမ်းတင်​ပေး​နေတာဖြစ်ပါတယ်။

သတင်း

ဇန်နဝါရီ ၁၃ရက်တိုက်ပွဲတွင် MNDAA ဘက်က ရဲဘော် တစ်ဦးကျဆုံးပြီး ဒဏ်ရာရသူအချို့ရှိခဲ့သော်လည်း ယမန်နေ့တိုက်ပွဲ၌ ထိခိုက်ကျဆုံးမရှိဟု အသိပေးထားသည်။

သတင်း

"အခု လူဦးရေစားရင်းအကြောင်းပြ အိမ်တိုင်းဝင် ရှာ၊ လူငယ်တွေ့တာနဲ့ရစ်နေပုံနဲ့ဆို ထိပ်တိုက်တွေ့ကြတော့မယ့်အနေအထားပါ"ဟု YPDFမှ တော်လှန်ရေးရဲဘော်က သုံးသပ်သည်။

သတင်း

ယမန်နေ့ (ဇန်နဝါရီ ၁၄ ရက်) ညပိုင်းက စစ်ကောင်စီတပ်သည် ရေဦးမြို့နယ်၊ ချမ်းသာကျေးရွာကို ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခဲ့ပြီး ညအိပ်တပ်စွဲခဲ့သည်။