Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (ဇန်နဝါရီ ၁၅ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

သိန္နီတိုက်ပွဲ စစ်ကောင်စီတပ်မှ ၃၀ ကျော်သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီခရိုင်မှာ ကိုးကန့် တပ်မတော်(MNDAA)နဲ့ စစ်ကောင်စီတပ်တို့ နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဇန်နဝါရီ ၁၃ ရက်တိုက်ပွဲမှာ စစ်ကောင်စီတပ်မှ ၃၀ ကျော် သေဆုံးခဲ့တယ်လို့ MNDAAက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ သိန္နီခရိုင်မှာ MNDAAနဲ့ စစ်ကောင်စီတပ်တို့ ဇန်နဝါရီ ၁၃ နဲ့ ၁၄ ရက်တွေမှာ တိုက်ပွဲဖြစ်ပွါးခဲ့တာပါ။ ဇန်နဝါရီ ၁၃ ရက်က ဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲမှာ စစ်ကောင်စီတပ်မှ စစ်သား ၃၀ ကျော် သေဆုံး ဒဏ်ရာရရှိခဲ့ပြီး ၁၄ ရက် မနက် ၁ နာရီမှာ စစ်ကောင်စီတပ်ရဲ့ လူနာတင်ယာဉ်တွေနဲ့ စစ်ယာဉ်များ တိုက်ပွဲဖြစ်ပွားရာနေရာသို့ အကြိမ်ပေါင်းများစွာ အပြန်အလှန် သွားလာကာ စစ်ကောင်စီတပ်သားတွေရဲ့ အလောင်းများနဲ့ ဒဏ်ရာရရှိသူများကို သယ်ယူသွားခဲ့တယ်လို့ MNDAAက ထုတ်ပြန်ပါတယ်။

ကယားပြည်နယ်နေ့အခမ်းအနား တိုက်ခိုက်ခံ၊ စစ်ကောင်စီ လေကြောင်းသုံးပစ်ခတ်

ကယားပြည်နယ်နေ့ အခမ်းအနား တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက လက်နက်ကြီးအပါအဝင် တိုက်လေယာဉ်နဲ့ပါ ရမ်းသမ်းပစ်ခတ်တယ်လို့လွိုင်ကော်မြို့ခံတွေက ပြောပါတယ်။ ဒီနေ့ မနက်က စတင်ကျင်းပခဲ့တဲ့ ကယားဒေးအခမ်းအနားကို ဗုံးရှစ် လုံးထက်မနည်းတိုက်ခိုက်ခံရပြီးနောက် လက်နက်ကြီးတွေနဲ့ လွိုင်ကော်မြို့နဲ့ ဒီးမော့ဆို အနောက်ဘက်ခြမ်းသို့ စစ်ကောင်စီက ဦးတည်ပစ်ခတ်နေတာလို့ သိရပါတယ်။ လွိုင်ကော်မီးသတ်ကုန်းလမ်းကြားထဲက အိမ်နား စကစရဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ပြည်သူတစ်ဦး အစထိမှန်ခဲ့ကာ သေဆုံးသွားတယ်လို့ လွိုင်ကော်မြို့ခံတစ်ဦးက ပြောပါတယ်။ ဒါ့အပြင် ကင်းထောက် နဲ့ တိုက်လေယာဉ်များအသုံးပြုကာ စစ်ကောင်စီက ထောက်လှမ်းပစ်ခတ်နေတယ်လို့ ကရင်နီဒေသခံစစ်ရေးသတင်းရင်းမြစ်က အသိပေးပါတယ်။

CNF/CNF ဌာနချုပ်အားစစ်တပ်က​လေ​ကြောင်းမှတိုက်ခိုက်မှုကို အိန္ဒိယနိုင်ငံဘက်ခြမ်းမှ မှတ်တမ်းတင်ထားမှူ ။ဓါတ်ပုံ-CJ
CNF/CNF ဌာနချုပ်အားစစ်တပ်က​လေ​ကြောင်းမှတိုက်ခိုက်မှုကို အိန္ဒိယနိုင်ငံဘက်ခြမ်းမှ မှတ်တမ်းတင်ထားမှူ ။ဓါတ်ပုံ-CJ

စစ်ကောင်စီမီးရှို့ဖျက်ဆီးခဲ့​တဲ့ ပြည်သူ့​နေအိမ်​ပေါင်း ငါးသောင်းနီးပါးရှိလာ

စစ်ကောင်စီတပ်နဲ့ စစ်ကာင်စီလက်အောက်ခံ အဖွဲ့အစည်းများက နိုင်ငံတစ်ဝန်း မီးရှို့ဖျက်ဆီးမှုကြောင့် ပြည်သူလူထုနေအိမ် ၄၈၄၀၀ ကျော်(ငါး​သောင်းခန့်) မီးလောင်ပျက်စီးခဲ့ရတယ်လို့ Data for Myanmar က ဒီနေ့ ထုတ်ပြန်ပါတယ်။ စစ်တပ်အာဏာသိမ်းယူခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ တိုင်း၊ ပြည်နယ် အသီးသီးရှိ ကျေးရွာများမှ ပြည်သူလူထု နေအိမ်များ မီးရှို့ဖျက်ဆီးခံရမှု အခြေအနေများကို ဖော်ပြခဲ့တာပါ။ စစ်ကောင်စီတပ်ဟာ အခုထိလည်း ပြည်သူလူထု နေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ ဆက်လက်ကျူးလွန်နေဆဲဖြစ်ပါတယ်။ မီးရှို့ဖျက်ဆီးခံရလို့ ပျက်စီးဆုံးရှုံးခဲ့တဲ့ နေအိမ် ၄၈၄၆၃ လုံးအနက် စစ်ကိုင်းတိုင်းရှိ ကျေးရွာများမှ နေအိမ် ၃၆၆၆၇ လုံးပါဝင်ပြီး မကွေးတိုင်းမှ အိမ်ခြေ ၈၅၀၀ ကျော်ပါဝင်ပါတယ်။ ချင်းပြည်နယ်မှ နေအိမ် ၁၄၇၅ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ကရင်နီ၊ ကရင်၊ကချင်နဲ့ မန္တလေး အပါအဝင် ကျန်တိုင်းနှင့် ပြည်နယ်များမှ အိမ်ခြေ ၁၇၀၀ ကျော်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဖော်ပြပါတယ်။

(စစ်​ကောင်စီတပ်က ၂၀၂၂ ဒီဇင်ဘာလနှင့် ၂၀၂၃ ဇန်နဝါရီလဆန်းတွင် မီးရှို့ဖျက်ဆီးခဲ့​သော စစ်ကိုင်းတိုင်းနှင့်မ​ကွေးတိုင်းမှ​​ကျေးရွာများနှင့် ​​နေအိမ်များ။ ။ဓါတ်ပုံ-PS ၊CJ)
(စစ်​ကောင်စီတပ်က ၂၀၂၂ ဒီဇင်ဘာလနှင့် ၂၀၂၃ ဇန်နဝါရီလဆန်းတွင် မီးရှို့ဖျက်ဆီးခဲ့​သော စစ်ကိုင်းတိုင်းနှင့်မ​ကွေးတိုင်းမှ​​ကျေးရွာများနှင့် ​​နေအိမ်များ။ ။ဓါတ်ပုံ-PS ၊CJ)

အတုအယောင်ရွေးကောက်ပွဲနီးလာလေ မြို့ပြစစ်ဆင်ရေး ပိုများလာနိုင်တာမို့ ပြည်သူများ သတိပြုနေထိုင်ကြဖို့ YPDF အသိပေး

အာဏာသိမ်းစစ်ကောင်စီက ပြင်ဆင်နေတဲ့ အတုအယောင်ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ မြို့ပြစစ်ရေးလှုပ်ရှားမှုများ ပိုများလာနိုင်တာကြောင့် ပြည်သူများအနေနဲ့ သတိပြု သွားလာနေထိုင်ကြဖို့ ရန်ကုန်မြို့အခြေစိုက် Yangon People’s Defense Force – YPDF (Urban Guerrilla)က အသိပေးပါတယ်။ တရားမဝင် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ စစ်ကောင်စီက ရန်ကုန်မြို့ ရပ်ကွက်၊ ကျေးရွာအနှံ့ လူဦးရေသန်းခေါင် စာရင်းများ ကောက်ယူလျှက်ရှိရာ အရင်လို ပုံမှန်တိုက်ခိုက်မှုမျိုးမဟုတ်တော့ဘဲ UGများနဲ့ ထိပ်တိုက်တွေ့လာတော့မယ်လို့ ဆိုပါတယ်။ လက်ရှိမှာ စစ်ကောင်စီက စီစဉ်နေတဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့အနေနဲ့ ရန်ကုန်၊ မန္တလေးစတဲ့ မြို့ကြီးများသာမက နိုင်ငံအဝန်းမှာ လူဦးရေသန်းခေါင် စာရင်းကောက်ယူနေတဲ့အပေါ် တော်လှန်ရေးအင်အားစုများက ပစ်မှတ်ထားတိုက်ခိုက်နေပါတယ်။

ရေဦးမှာ စစ်ကောင်စီတပ်က သမိုင်းဝင် ခရစ်ယာန် ဘုရားကျောင်းအပါအဝင် ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ချမ်းသာကျေးရွာမှာ စစ်ကောင်စီတပ်က သမိုင်းဝင်ခရစ်ယာန်ဘုရားကျောင်းအပါအဝင် ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ မနေ့ညပိုင်းက စစ်ကောင်စီတပ်ဟာ ရေဦးမြို့နယ်၊ ချမ်းသာကျေးရွာကို ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခဲ့ပြီး ညအိပ်တပ်စွဲခဲ့ပါတယ်။ ချမ်းသာကျေးရွာရှိ သက်တမ်းရှည် သမိုင်းဝင် ခရစ်ယာန်ဘုရားရှိခိုးကျောင်းနဲ့ ကျောင်းဝင်းအတွင်းရှိ ဘုန်းကြီးကျောင်းဆောင်များကိုပါ မီးရှို့ဖျက်ဆီးသွားတယ်လို့ ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ ထောက်ပံ့ရေးအဖွဲ့က ပြောပါတယ်။ ချမ်းသာကျေးရွာမီးရှို့ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ရွာမိဿာရွာကို နှစ်ကြိမ်မြောက် ထပ်မံဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ နေ့ခင်းပိုင်းမှာ ရွာမိဿာမှတဆင့် ရေဦးမြို့သို့ ပြန်ဝင်ဖို့ ထွက်ခွါသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ချမ်းသာရွာရှိ သမိုင်းဝင်ခရစ်ယာန်ဘုရားကျောင်းအား မီးရှို့ဖျက်ဆီးခြင်းမခံရမီက တွေ့ရစဥ်၊ ဓာတ်ပုံ-နယ်ခံ
ချမ်းသာရွာရှိ သမိုင်းဝင်ခရစ်ယာန်ဘုရားကျောင်းအား မီးရှို့ဖျက်ဆီးခြင်းမခံရမီက တွေ့ရစဥ်၊ ဓာတ်ပုံ-နယ်ခံ

စစ်ကောင်စီကိုလေပိုင်နက် အသုံးပြုခွင့် မပေးဖို့ အိန္ဒိယ အစိုးရကို လူ့အခွင့်အရေး အဖွဲ့ တောင်းဆို

အာဏာသိမ်း စစ်ကောင်စီတက်ရဲ့ စစ်လေယာဉ်တွေကိုလေပိုင်နက်အသုံးပြုခွင့်ပေးနေတာကိုအိန္ဒိယအစိုးရက ရပ်ဆိုင်းသင့်ကြောင်းနိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းတစ်ခုက ထောက်ပြတောင်းဆိုလိုက်ပါတယ်။ Fortify Rights အဖွဲ့ကစစ်ကောင်စီရဲ့လေတပ်ဟာမြန်မာနဲ့ အိန္ဒိယ နယ်စပ်မှာနှစ်နိုင်ငံလုံးရဲ့ လေပိုင်နက်ထဲကနေဗုံးကြဲ တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ အခိုင်အမာ ပြောပါတယ်။ ဇန်နဝါရီ ၁၀ ရက်က ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မ​တော်(CNF/CNA)ကိုလေကြောင်းက ဗုံးကြဲ တိုက်ခိုက်ဖို့အတွက်အိန္ဒိယက သူတို့ရဲ့ လေပိုင်နက်မှာ စစ်ကောင်စီ လေယာဉ်တွေကို ပျံသန်းခွင့် ပေးခဲ့တာလို့ Fortify Rightsက ဆိုပါတယ်။ ဇန်နဝါရီ ၁၀ ရက်နဲ့ ၁၁ ရက်တုန်းက စစ်ကောင်စီဟာ ချင်းအမျိုးသားတပ်ဦး (CNF)ရဲ့ ဌာနချုပ်ဖြစ်တဲ့ Camp Victoriaကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုမှာ အမျိုးသမီးတပ်ဖွဲ့ဝင် ၂ ဦး အပါအဝင် CNF တပ်ဖွဲ့ဝင် ၅ ဦးကျဆုံးခဲ့ပါတယ်။ စစ်ကောင်စီ လေတပ် ကြဲချခဲ့တဲ့ ဗုံးတွေထဲက ၂ လုံးဟာ အိန္ဒိယပိုင် မီဇိုရမ် ပြည်နယ်ထဲက ဖာကာဝါ ရွာနားမှာ ကျရောက် ပေါက်ကွဲခဲ့ပါသေးတယ်။ ဒါပေမဲ့ အိန္ဒိယဖက်ခြမ်းမှာတော့ ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ပါဘူး။

ပခုက္ကူမြို့နယ် ကန်တော်ရွာရှိ စစ်ကောင်စီတပ်ကို ဗုံးချတိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကန်တော်ကျေးရွာရှိ စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဝင်များ ထိခိုက်မှုရှိတယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ကိုလယျာ်က ပြောပါတယ်။ ဇန်နဝါရီ ၁၃ ရက်က ပခုက္ကူမြို့နယ်၊ ကန်တော်ကျေးရွာရှိ စစ်ကောင်စီတပ်ကို မနက်ပိုင်းကစလို့ ညနေပိုင်းအထိ အီနာဂါ ၁၀ လုံးချကာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ပြီး တစ်ဦးဒဏ်ရာပြင်းထန်ကြောင်း ကိုလယျာ်က ပြောပါတယ်။

ဆိပ်ဖြူမှာ စစ်ကောင်စီကို အခွန်ပေးဆောင်နေတဲ့ KTVဆိုင် ဖောက်ခွဲတိုက်ခိုက်ခံရ

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီကို အခွန်ပေးဆောင်နေတဲ့ ဆုံဆည်းရာ KTVဆိုင်ကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ OAK AWE UG GROUP(Salay)တာဝန်ခံ ကိုဥသြက ပြောပါတယ်။ ဇန်နဝါရီ ၁၃ ရက် ညပိုင်းက ဆိပ်ဖြူနဲ့ ပွင့်ဖြူလမ်းမပေါ်၊ အောက်ဆိပ်ကျေးရွာမှာ ဖွင့်လှစ်ထားတဲ့ ဆုံဆည်းရာ KTVဆိုင်ကို မိုင်းခွဲတိုက်ခိုက်ခဲ့တာပါ။ အဲဒီစစ်ဆင်ရေးကို Oak Awe UG Group မြို့ပြပြောက်ကျားတပ်ဖွဲ့ ( စလေ)နဲ့ သိန်းငှက်နက်ဆိပ်ဖြူတော်လှန်ရေးတပ်ဦး (B.H.S.R.F)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

You May Also Like