Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ကီလိုမီတာ ၁၀၀၀ ကျော် ပျံသန်းနိုင်တဲ့ ပြည်တွင်းဖြစ် တိုက်ခိုက်ရေး ဒရုန်းတွေ ယူကရိန်း အသုံးပြုနိုင်ဖို့ ပိုနီးစပ်လာ

Ukroboronprom State Concern စက်မှု လုပ်ငန်းစုကြီးက အဲဒီ ဒရုန်းအသစ်ရဲ့ ဓာတ်ပုံကို ပထမဆုံးအကြိမ် ထုတ်ပြန် ပြသခဲ့ပါတယ်။ အဲဒီ ဒရုန်းကို လက်တွေ့ ပျံသန်းမှုတွေ စမ်းသပ် လုပ်ဆောင်ပြီးပြီလို့လည်း ဆိုပါတယ်။

ကီလိုမီတာ ၁၀၀၀ ကျော် ပျံသန်းနိုင်တဲ့ ပြည်တွင်းဖြစ် တိုက်ခိုက်ရေး ဒရုန်းတွေ ယူကရိန်း အသုံးပြုနိုင်ဖို့ ပိုနီးစပ်လာ
ကီလိုမီတာ ၁၀၀၀ ကျော် ပျံသန်းနိုင်တဲ့ ပြည်တွင်းဖြစ် တိုက်ခိုက်ရေး ဒရုန်းတွေ ယူကရိန်း အသုံးပြုနိုင်ဖို့ ပိုနီးစပ်လာ

ကီလိုမီတာ ၁၀၀၀ ကျော်လောက် အကွာက ပစ်မှတ်တွေကို တိုက်ခိုက်နိုင်တဲ့ ပြည်တွင်းဖြစ် ဒရုန်း အမျိုးအစားသစ်ကို လက်တွေ့ စမ်းသပ်ထားပြီးပြီလို့ ယူကရိန်း ကာကွယ်ရေး နည်းပညာ ကုမ္ပဏီ တစ်ခုက ကြေညာပါတယ်။

Ukroboronprom State Concern စက်မှု လုပ်ငန်းစုကြီးက အဲဒီ ဒရုန်းအသစ်ရဲ့ ဓာတ်ပုံကို ပထမဆုံးအကြိမ် ထုတ်ပြန် ပြသခဲ့ပါတယ်။ အဲဒီ ဒရုန်းကို လက်တွေ့ ပျံသန်းမှုတွေ စမ်းသပ် လုပ်ဆောင်ပြီးပြီလို့လည်း ဆိုပါတယ်။

ဒရုန်းဟာ ကီလိုမီတာ ၁၀၀၀ ကျော်ထိ ပျံသန်းနိုင်ပြီး လက်ရှိ စမ်းသပ် အဆင့်မှာ လက်နက်ခဲယမ်း ၇၅ ကီလိုဂရမ်လောက်ကို တင်ဆောင်နိုင်ကြောင်း၊ ဒါပေမဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ကြေညာလို့ မရကြောင်း ကုမ္ပဏီက ပြောပါတယ်။

ကုမ္ပဏီဟာ လက်ရှိ နမူနာအဆင့် ဒရုန်းတွေကို တတ်နိုင်သမျှ ခပ်များများ ထုတ်လုပ်ဖို့ ကြိုးစားသွားမယ်လို့လည်း ပြောပါတယ်။ လေထဲမှာ ပျံသန်းမှုတွေ လက်တွေ့ စမ်းသပ် အကောင်အထည် ဖော်ပြီးတဲ့နောက် ဒုတိယ အဆင့်အနေနဲ့ တိုက်ပွဲဝင် အနေအထားအထိ မြှင့်တင်ဖို့လည်း ရည်ရွယ်ထားပါတယ်။ ပြည်တွင်းဖြစ် တိုက်ခိုက်ရေး ဒရုန်းအသစ်တွေ စမ်းသပ် ထုတ်လုပ်မှုကို ယူကရိန်း လေတပ်က အဓိက ဦးဆောင်ထားပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းက Ukroboronprom State Concernဟာ တိုက်ခိုက်ရေး ဒရုန်းအသစ်တစ်မျိုး တီထွင် တည်ဆောက်နေကြောင်း ကြေညာခဲ့ဖူးပါတယ်။ ဒီဇင်ဘာလမှာတော့ ကီလိုမီတာ ၁၀၀၀ လောက်ထိ ခရီးပေါက်အောင် ပျံသန်းနိုင်တဲ့ ဒရုန်းအသစ်ကို အောင်မြင်တဲ့ စမ်းသပ်မှု အကြိမ်အတော်များများ ပြုလုပ်ခဲ့ပြီးကြောင်း နောက်ဆက်တွဲ ထုတ်ပြန်ပါတယ်။

ရုရှားဟာ ယူကရိန်းကို ကျူးကျော်တဲ့ စစ်ပွဲမှာ အီရန်လုပ် ဖောက်ခွဲရေး ဒရုန်းတွေကို စျေးသက်သက်သာသာနဲ့ ဝယ်ယူပြီး အုံနဲ့ကျင်းနဲ့ အသုံးချခဲ့ပါတယ်။ ယူကရိန်း အနေနဲ့ အနောက်နိုင်ငံတွေဆီက ဒရုန်း အထောက်အပံ့တချို့ ရခဲ့ပေမယ့်လည်း ရုရှားကို ယှဉ်ဖို့ ခက်ခဲနေဆဲဖြစ်ပြီး အခုလို ပြည်တွင်းဖြစ် ဒရုန်းတွေ အများအပြား ထုတ်လုပ်နိုင်ရင်တော့ ဒရုန်းစစ်ဆင်ရေး ချိန်ခွင်လျှာကို ပိုပြီး ညီမျှလာစေမှာ ဖြစ်ပါတယ်။

You May Also Like

သတင်း

ယနေ့(ဇန်နဝါရီ ၁၅ ရက်) နံနက်ပိုင်းကစတင်ကျင်းပခဲ့သော ကယားဒေးအခမ်းအနားကို ဗုံးဖြင့်ရှစ်လုံးထက်မနည်း ဖောက်ခွဲတိုက်ခိုက်ခံရသည်ဟု ဆိုသည်။

နိုင်ငံတကာ

ယူကရိန်း စစ်တပ်ကတော့ ဆိုလီဒါမှာ အရေးနိမ့်နေတာကို ဝန်ခံခဲ့ပေမယ့် မြို့ထဲမှ ခုခံရေးတပ်တွေက ဆက်ပြီး ကြံ့ကြံ့ခံ တိုက်ခိုက်နေဆဲလို့ ပြောပါတယ်။ ပြီးတော့ ဆိုလီဒါကို ထိုးဖောက်လာတဲ့ ရုရှားတပ်တွေ အမြောက်အမြား သေကြေ ပျက်စီးခဲ့တယ်လို့လည်း ယူကရိန်းက အခိုင်အမာ ဆိုပါတယ်။

သတင်း

ဇန်နဝါရီ၁၂ ရက် နံနက်ပိုင်းက ဆားလင်းကြီးမြို့ပေါ်မှ မြောက်ဘက်ကို မီးရှို့ရန်ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရန် မိုင်းကွင်းများ ပြင်ဆင်စောင့်နေခဲ့သည်။

သတင်း

စစ်အုပ်စုဘက်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ပြီး သေ​ဆုံးသူများအား ကားဖြင့်လာရောက်ကောက်ယူသွားကြောင်းလည်း အသိပေးသည်။ ဖြစ်စဥ်နှင့်ပတ်သက်၍ CLDFထံ ဆက်သွယ်မေး​မြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။