Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အာဏာသိမ်းတာတွေက ဖက်ရှင်လို ပြန်ဖြစ်လာတယ်လို့ ကုလသမဂ္ဂ အကြီးအကဲပြော

ဂူတာရက်စ်က ရုရှားရဲ့ ကျူးကျော်စစ်ကို လူ့အခွင့်အရေး ကပ်ဘေးတစ်ခုလို့ ခိုင်းနှိုင်း သုံးနှုန်းခဲ့ပြီး လက်ရှိ မျိုးဆက်က ကလေးတွေကို စိတ်ထိခိုက် နာကျင်စေရုံ မကဘဲ ကမ္ဘာအနှံ့မှာ စားနပ်ရိက္ခာနဲ့ တခြား အရင်းအမြစ် ပြတ်လပ်မှုတွေကိုပါ ဖြစ်ပေါ်စေခဲ့တယ်လို့လည်း ဆိုပါတယ်။

အာဏာသိမ်းတာတွေက ဖက်ရှင်လို ပြန်ဖြစ်လာတယ်လို့ ကုလသမဂ္ဂ အကြီးအကဲပြော
အာဏာသိမ်းတာတွေက ဖက်ရှင်လို ပြန်ဖြစ်လာတယ်လို့ ကုလသမဂ္ဂ အကြီးအကဲပြော

အာဏာသိမ်းမှုတွေဟာ ဖက်ရှင်တစ်ခုလို တကျော့ပြန် ခေတ်စားလာပြီး ကမ္ဘာအနှံ့မှာ တရားဥပဒေ စိုးမိုးရေးကနေ မတရားမှုတွေ စိုးမိုးရေး ပုံစံမျိုး ပြောင်းလဲလာနေတယ်လို့ ကုလသမဂ္ဂ အကြီးအကဲက ပြောကြားသွားပါတယ်။

မတရားမှုတွေ စိုးမိုးတာဟာ အခုဆိုရင် ကမ္ဘာ့ဒေသ အသီးသီးမှာ နေရာယူနေပြီလို့လည်း အန်တိုနီယို ဂူတာရက်ဇ်က ဆိုပါတယ်။ ရွာသိမ် ဇနပုဒ်လေးကစလို့ နိုင်ငံတကာ အတိုင်းအတာထိမှာ ဥပဒေ စိုးမိုးမှု ဆိုတာက ငြိမ်းချမ်းရေးနဲ့ တည်ငြိမ် အေးချမ်းရေးအတွက် အဓိက ထောက်တိုင် ဖြစ်နေကြောင်း၊ လက်ရှိ အချိန် နိုင်ငံတာ အခြေအနေတွေကို ကြည့်မယ်ဆိုရင် တစ်ကမ္ဘာလုံး တရားဥပဒေ စိုးမိုးဖို့ဆိုတဲ့ ပန်းတိုင်က ဝေးကွာနေပြီး မတရားမှုတွေ စိုးမိုးလာမယ့် ကြီးမားတဲ့ ခြိမ်းခြောက်မှုတွေကိုသာ ကြုံတွေ့နေရကြောင်း ဂူတာရက်စ်က ဆိုပါတယ်။

ဂူတာရက်စ်က ယူကရိန်းအပေါ် ရုရှားရဲ့ ကျူးကျော်စစ်ပွဲနဲ့ ပတ်သက်လို့လည်း တချို့နိုင်ငံတွေဟာ နိုင်ငံတကာ ဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတဲ့ သက်သေ အထောက်အထား တစ်ခုလို့ သုံးသပ်ခဲ့ပါတယ်။ ၁၁ လ ကြာမြင့်လာပြီဖြစ်တဲ့ စစ်ပွဲကြောင့် ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း ဥရောပတိုက်မှာ အကြီးမားဆုံး လူသားရေးရာ အကျပ်အတည်းတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။

ဂူတာရက်စ်က ရုရှားရဲ့ ကျူးကျော်စစ်ကို လူ့အခွင့်အရေး ကပ်ဘေးတစ်ခုလို့ ခိုင်းနှိုင်း သုံးနှုန်းခဲ့ပြီး လက်ရှိ မျိုးဆက်က ကလေးတွေကို စိတ်ထိခိုက် နာကျင်စေရုံ မကဘဲ ကမ္ဘာအနှံ့မှာ စားနပ်ရိက္ခာနဲ့ တခြား အရင်းအမြစ် ပြတ်လပ်မှုတွေကိုပါ ဖြစ်ပေါ်စေခဲ့တယ်လို့လည်း ဆိုပါတယ်။

နောက်ပြီး ဂူတာရက်စ်က အာဖရိက နိုင်ငံတချို့နဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အာဏာသိမ်းမှုတွေကိုလည်း ရှုတ်ချခဲ့ပြီး နိုင်လိုမင်းထက် အာဏာသိမ်းမှုတွေဟာ ဖက်ရှင်တစ်ခုလို ဖြစ်လာတယ်လို့ ဝေဖန်သွားပါတယ်။ အခြေခံ ဥပဒေအရ မဟုတ်တဲ့ အစိုးရ အပြောင်းအလဲတွေ၊ တစ်နည်းအားဖြင့် အာဏာသိမ်းမှုတွေဟာ စိတ်ပျက်စရာ ကောင်းလောက်အောင် ဖက်ရှင်လို ပြန်ဖြစ်လာတယ်လို့ ဂူတာရက်ဇ်က ပြောပါတယ်။

ပြီးတော့ တာလီဘန်တွေက အာဖဂန်နစ္စတန် အမျိုးသမီးတွေရဲ့ အခြေခံ အခွင့်အရေးတွေကို ချိုးနှိမ်နေတာ၊ မြောက်ကိုရီးယားက နိုင်ငံတကာ ဥပဒေတွေကို အစဉ်တစိုက် ချီုးဖောက်နေတာတွေကိုလည်း သူက ရှုတ်ချသွားပါတယ်။

နောက်ပြီး ကုလသမဂ္ဂ အကြီးအကဲက အဖွဲ့ဝင် ၁၉၃ နိုင်ငံ အနေနဲ့ ဒုတိယ ကမ္ဘာစစ်အပြီး ရေးဆွဲ သတ်မှတ်ခဲ့တဲ့ ကုလသမဂ္ဂ ချာတာ မူဝါဒတွေရဲ့ အတွေးအမြင်နဲ့ စံတန်ဖိုးတွေကို မပျက်မကွက် ထိန်းသိမ်းပြီး လေးလေးစားစား ကျင့်သုံးကြဖို့လည်း တိုက်တွန်း တောင်းဆိုသွားပါတယ်။

You May Also Like

သတင်း

ကုလသမဂ္ဂရဲ့ ကလေးသူငယ် အခွင့်အရေး ကော်မတီက ကလေးတွေအပေါ် ပြစ်မှုကျူးလွန်သူတွေကို အရေးယူဖို့နဲ့ ကလေးတွေအတွက် လိုအပ်တဲ့ အကူအညီတွေကို ဘေးကင်းကင်းနဲ့ ပို့ဆောင်နိုင်ဖို့အတွက် တောင်းဆိုထားခဲ့ဖူးကြောင်းလည်း သိရပါတယ်။

ဆောင်းပါး

ဂန့်ဂေါမြို့နယ်ထဲတွင်ဆင်စခန်း၁၁ခုကျော်ရှိပြီးအနည်းဆုံး ဆင်ကောင်ရေ ၈၀ ကျော်ရှိသည်။ ထိုဆင်များသည်စစ်တပ်အာဏာမသိမ်းခင်က အစိုးရသစ်ထုတ်ရေးစခန်းမှသစ်လုံးများကိုကားလမ်းအပေါ်သို့ဆွဲ​ပေးသည့်သစ်ဆွဲဆင်များဖြစ်သည်။သို့​သော်ယခုအခါအလုပ်လက်မဲ့ဖြစ်နေကြသည်။

နိုင်ငံတကာ

ဂျိုလီက သူဟာ နှလုံးလှသံတမန် ရာထူးကနေ ခွဲခွာလာပေမယ့် နိုင်ငံတကာ ဒုက္ခသည်တွေရဲ့ အကျပ်အတည်းတွေကို ကူညီဖြေရှင်းနိုင်ရေးအတွက် သူ့ရဲ့ စွမ်းဆောင်ရည် ရှိသလောက် ဆက်ပြီး မဆုတ်မနစ် ကြိုးစားသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အီသီယိုးပီးယား အစိုးရက ဒေါက်တာ ဂျီဘရီယီးဆက်စ်ဟာ တီဂရေး သူပုန်တွေအတွက် နိုင်ငံရေး၊ သံတမန်ရေးအရ ကူညီ ရပ်တည်ပေးနေကြောင်း စွပ်စွဲထားပေမယ့် သူကိုယ်တိုင်ကတော့ ငြင်းဆန်ထားပါတယ်။