Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပုလောမြို့နယ်တိုက်ပွဲ စစ်သား ၆ဦးနှင့် ပျူ​ခေါင်း​ဆောင်တစ်ဦး​သေဟုတနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ပြော

စစ်ကောင်စီယာဥ်တန်းသည် မြိတ် – ပုလောလမ်းပိုင်းတွင် ယနေ့ညနေက မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ကားလမ်းဘေးကျေးရွာကို မီးရှို့ဖျက်ဆီးနေကြောင်း သတင်းရရှိသည်။

(တနင်္သာရီစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ လက်​အောက်ရှိ PDF တပ်ဖွဲ့တစ်ဖွဲ့သင်တန်းဆင်း​နေစဥ်)
(တနင်္သာရီစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ လက်​အောက်ရှိ PDF တပ်ဖွဲ့တစ်ဖွဲ့သင်တန်းဆင်း​နေစဥ်)

ပုလောမြို့နယ် ရှပ်ပုံကျေးရွာအတွင်း ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်များနှင့် စစ်ကောင်စီတပ် ယနေ့ ဖြစ်ပွားသောတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးနှင့် ပျူစောထီးခေါင်းဆောင်တစ်ဦးကို ရှင်းလင်းနိုင်ခဲ့ကြောင်း တနင်္သာရီစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ မှတာဝန်ရှိသူတစ်ဦးက​ပြောသည်။

တိုက်ပွဲမှာ ယနေ့(ဇန်နဝါရီ ၁၆ရက်) နေ့လည် ၁နာရီခန့်မှ ၃နာရီခန့်အထိ ဖြစ်ပွားခြင်းဖြစ်သည်။

ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် ပျူစောထီးခေါင်ဆောင်ဖြစ်သော ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးသေဆုံးသွားသည်ဟု တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောသည်။

Public Service Announcement
Public Service Announcement

“ကွန်မန်ဒို တပ်ရင်းတပ်စုတွေ ပေါင်းပြီးမစ်ရှင် ပြုလုပ်တာ။ စ…(စစ်ကောင်စီတပ်သား)တွေဘက်က အုပ်ကြီးအပါဝင် ခြောက်ကောင် မြေပြင်အပြတ်ရှင်းလင်းခဲ့တယ်။ကာဘိုင် နှစ်လက်နဲ့ ဗုန်းသီးတွေလည်းရတယ်”ဟု တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ တာဝန်ရှိသူက People’s Spring သို့ ပြောသည်။

ထို့အပြင် စစ်ကောင်စီယာဥ်တန်းသည် မြိတ် – ပုလောလမ်းပိုင်းတွင် ယနေ့ညနေက မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ကားလမ်းဘေးကျေးရွာကို မီးရှို့ဖျက်ဆီးနေကြောင်း သတင်းရရှိသည်။

You May Also Like

သတင်း

ဇန်နဝါရီ ၁၅ရက်က စစ်ကောင်စီက ဦးစီးကျင်းပသည့် ကယားပြည်နယ်နေ့ အခမ်းအနားတိုက် ခိုက်ခံရပြီးနောက် စစ်ကောင်စီက လက်နက်ကြီးဖြင့် လွိုင်ကော်မြို့နှင့် နီးစပ်ရာများသို့ ပစ်ခတ်ခဲ့သည်။

သတင်း

စစ်ရှောင်ရသည်မှာ ကာလကြာလာသည်နှင့်အမျှ စားဝတ်နေရေး၊ကျန်းမာရေး၊ ဘ၀မလုံခြုံမှုများ ရှိနေကြောင်း၊ ရောက်ရှိနေသည့် ဒေသမျာ၌လည်း လုံခြုံစိတ်ချရသည့် အနေအထားမရှိ၍ ထပ်မံရွှေ့ပြောင်းနေရမှုများရှိကြောင်း ၎င်းက ဆိုသည်။

သတင်း

မတူပီမြို့နယ် ငလိုင်ကျေးရွာမှာရှိ CDF မတူပီ၏ ရှေ့တန်းစခန်းတစ်ခုကို စစ်ကောင်စီက ယမန်နေ့(ဇန်နဝါရီ ၁၅ရက်)တွင် ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။

ဗီဒီယို

လေယာဉ်ပျက်ကျမှုရဲ့ အကြောင်းရင်းကို အတိအကျ မသိရသေးဘဲ စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီလို့ အာဏာပိုင်တွေက ပြောကြားထားပါတယ်။