Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

တစ်လလောက်အတွင်း တရုတ်မှာ ကိုဗစ်ကြောင့် သေဆုံးသူ ၆၀၀၀၀ ဝန်းကျင်ရှိခဲ့

တရုတ် အာဏာပိုင်တွေကတော့ အခုအခါမှာ ကိုဗစ် ကူးစက်မှုနှုန်းဟာ အမြင့်ဆုံး အဆင့်ကို ကျော်လွန်ခဲ့ပြီးပြီလို့ ယုံကြည်ယူဆကြောင်း ပြောပါတယ်။ တရုတ်နိုင်ငံဟာ ကူးစက်နှုန်း အရမ်းမြန်တဲ့ Omicron ဆင့်ကဲမျိုးကွဲ ကိုရိုနာဗိုင်းရပ်စ် တစ်မျိုးရဲ့ ဒဏ်ကို ခံနေရတာပါ။

တစ်လလောက်အတွင်း တရုတ်မှာ ကိုဗစ်ကြောင့် သေဆုံးသူ ၆၀၀၀၀ ဝန်းကျင်ရှိခဲ့
တစ်လလောက်အတွင်း တရုတ်မှာ ကိုဗစ်ကြောင့် သေဆုံးသူ ၆၀၀၀၀ ဝန်းကျင်ရှိခဲ့

တရုတ်နိုင်ငံမှာ တစ်လအတွင်း ကိုဗစ် ကပ်ရောဂါနဲ့ ဆက်စပ်တဲ့ သေဆုံးသူ ၆၀၀၀၀ နီးပါးလောက် ရှိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

တရုတ် အာဏာပိုင်တွေဟာ ကပ်ရောဂါ ထိန်းချုပ်ရေးအတွက် တင်းတင်းကျပ်ကျပ် သတ်မှတ်ထားတဲ့ ဇီးရိုးကိုဗစ် မူဝါဒတွေကို ဖြေလျှော့ပေးလိုက်တဲ့နောက်ပိုင်း ပြည်တွင်းက နေ့စဉ်ကူးစက်မှုနဲ့ အသေအပျောက် ကိန်းဂဏန်းတွေကို ပုံမှန် မထုတ်ပြန်တော့ပါဘူး။ ဒါပေမဲ့ မျက်မြင် အခြေအနေတွေအရ တရုတ်ရဲ့ အထင်ကရ မြို့ကြီးတချို့မှာ ဆေးရုံဆေးခန်းတွေ မနိုင်မနင်း ဝန်ပိတဲ့ထိ ကိုဗစ်လူနာတွေ တိုးပွားနေသလို သင်္ချိုင်းနဲ့ နာရေးဝန်ဆောင်မှု ဌာနတွေလည်း အရမ်း အလုပ်များနေပါတယ်။

တရုတ် အာဏာပိုင်တွေကတော့ အခုအခါမှာ ကိုဗစ် ကူးစက်မှုနှုန်းဟာ အမြင့်ဆုံး အဆင့်ကို ကျော်လွန်ခဲ့ပြီးပြီလို့ ယုံကြည်ယူဆကြောင်း ပြောပါတယ်။ တရုတ်နိုင်ငံဟာ ကူးစက်နှုန်း အရမ်းမြန်တဲ့ Omicron ဆင့်ကဲမျိုးကွဲ ကိုရိုနာဗိုင်းရပ်စ် တစ်မျိုးရဲ့ ဒဏ်ကို ခံနေရတာပါ။

တရုတ် ကျန်းမာရေးဌာန တာဝန်ရှိသူ တချို့က ဒီဇင်ဘာ ၈ ရက်ကနေ ဇန်နဝါရီ ၁၂ ရက်အတွင်း ကိုဗစ်ရောဂါနဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကြောင့် သေဆုံးသူ ၅၉၉၃၈ ဦး ရှိခဲ့ပြီး အများစုက အသက် ၈၀ ကျော် အရွယ်တွေလို့ ဆိုပါတယ်။ ဒါတောင်မှ တရုတ်ဟာ ကပ်ရောဂါကြောင့် သေဆုံးသူတွေ စာရင်းကို လျှော့ပေါ့ ထုတ်ပြန်နေကြောင်း စွပ်စွဲ ခံနေရပါသေးတယ်။

အစောပိုင်းတုန်းက ပီကင်းတက္ကသိုလ်ရဲ့ သုတေသန စစ်တမ်းတစ်ခုက တရုတ်မှာ ကိုဗစ်ရောဂါ ခံစားခဲ့ရဖူးသူ စုစုပေါင်း သန်း ၉၀၀ ကျော်လောက်ထိ များပြားလိမ့်မယ်လို့ ခန့်မှန်း ကြေညာခဲ့ပါတယ်။ ဒါဟာ တရုတ်တစ်နိုင်ငံလုံး လူဦးရေရဲ့ ၆၅ ရာခိုင်နှုန်း နီးပါးလောက် ဖြစ်ပါတယ်။

တရုတ် ကျန်းမာရေးဌာန အာဏာပိုင်တွေရဲ့ အဆိုအရ တစ်လအတွင်း သေဆုံးသူ ၆ သောင်းနီးပါးထဲမှာ အသက်ရှူ စနစ် ပျက်စီးလို့ သေဆုံးသူ စုစုပေါင်း ၅၅၀၃ ဦး ပါဝင်တယ်လို့ သိရပါတယ်။ တရုတ် အစိုးရဟာ အစောပိုင်းတုန်း ကိုဗစ်ရောဂါသည် ဖြစ်လျက်နဲ့တောင် အသက်ရှူလမ်းကြောင်း ပျက်စီးတဲ့ ဝေဒနာကြောင့် အသက်ဆုံးရှုံးတာမျိုး မဟုတ်ရင် ကိုဗစ်ကြောင့် သေတာ မဟုတ်ဘူးလို့ သတ်မှတ်လေ့ ရှိပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ရောဂါနဲ့ သေဆုံးမှုကို အဲဒီလို ကျဉ်းမြောင်းတဲ့ အဓိပ္ပါယ် သတ်မှတ်ချက်မျိုး ထားရှိတဲ့အပေါ် ဝေဖန် မေးခွန်းထုတ်ထားပါသေးတယ်။

လတ်တလောမှာတော့ တရုတ် ကျန်းမာရေးဌာန တာဝန်ရှိသူတွေ အဓိက စိုးရိမ်နေတာက ကပ်ရောဂါဆိုးဟာ ကျန်းမာရေး စောင့်ရှောက်မှုစနစ် အားနည်းတဲ့ ကျေးလက် ဧရိယာတွေဆီ ပျံ့နှံ့သွားမှာကို ဖြစ်ပါတယ်။ အခု လကုန်ပိုင်းမှာ တရုတ်နှစ်သစ်ကူးကာလ ရှိနေပြီး အဲဒီ အချိန်ဆိုရင် မြို့ကြီးတွေက ရွှေ့ပြောင်းလုပ်သားတွေဟာ ဇာတိ ကျေးရွာတွေဆီ အုံနဲ့ကျင်းနဲ့ ပြန်လေ့ ရှိတာကြောင့် ရောဂါ ပိုမို ပျံ့နှံ့မယ့် ခြိမ်းခြောက်မှုတွေလည်း ကြုံနေရပါတယ်။

You May Also Like

နိုင်ငံတကာ

ဇန်နဝါရီ ၁၄ ရက်တုန်းက ရုရှားဟာ ယူကရိန်းရဲ့ အရပ်မျက်နှာ အသီးသီးကနေ ဒုံးကျည် အစင်းပေါင်း ၂၀ နဲ့ ၃၀ ကြားထိ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီထဲက အတော်များတဲ့ အရေအတွက်ကို ယူကရိန်း ကာကွယ်ရေး တပ်တွေက ကြားဖြတ် ပစ်ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

သတင်း

လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူနေအိမ် လေးလုံးထက်မနည်းပျက်စီးဆုံးရှုံးခဲ့ရသည့်အပြင် စပါးကျီ (၂)လုံးလည်းပျက်စီးခဲ့ရသည်ဟု ဆိုသည်။

သတင်း

ဒေသခံများ၏ နေအိမ်အများအပြား ကြေမွပျက်စီးခဲ့ပြီး နေအိမ်အများအပြား ဗုံးကျည်ဆံ ထိမှန် ပျက်စီးမှုရှိခဲ့ကြောင်း အသေးစိတ်ဖော်ပြထားသည်။

သတင်း

ဆေးရုံ ၊စာသင်ကျောင်း ၊ဘာသာရေးအဆောက်အဦးတွေနဲ့ နေအိမ်တွေလည်းထိခိုက်ပျက်စီးရတယ်လို့ KNU သတင်းရင်းမြစ်အပြင် ကရင်လူမှုအဖွဲ့အစည်းတွေထံက သိရပါတယ်။