Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဆန္ဒပြမှုတွေ အရှိန်မြင့်နေတဲ့ မြို့ကြီးတွေမှာ အရေးပေါ် အခြေအနေ ကြေညာချက်ကို ပီရူး အစိုးရ သက်တမ်းတိုး

မြို့တော် လီမာနဲ့ နိုင်ငံတောင်ပိုင်း ဒေသနှစ်ခုမှာ လတ်တလော ဖြစ်ပွားနေတဲ့ ဆန္ဒပြမှုတွေဟာ တောင်အမေရိက ဒေသတွင်း နိုင်ငံရဲ့ သမိုင်းမှာ နှစ်ပေါင်း ၂၀ အတွင်း အဆိုးရွားဆုံး ဆူပူ အကြမ်းဖက်မှုတွေကို ပေါ်ပေါက်လာစေခဲ့ပါတယ်။

ဆန္ဒပြမှုတွေ အရှိန်မြင့်နေတဲ့ မြို့ကြီးတွေမှာ အရေးပေါ် အခြေအနေ ကြေညာချက်ကို ပီရူး အစိုးရ သက်တမ်းတိုး
ဆန္ဒပြမှုတွေ အရှိန်မြင့်နေတဲ့ မြို့ကြီးတွေမှာ အရေးပေါ် အခြေအနေ ကြေညာချက်ကို ပီရူး အစိုးရ သက်တမ်းတိုး

ပီရူးနိုင်ငံမှာ အစိုးရ ဆန့်ကျင်ကြေး ဆန္ဒပြပွဲတွေ ကြမ်းတမ်း ပြင်းထန်နေတဲ့ မြို့ကြီးတချို့မှာ အရေးပေါ် အခြေအနေ ကြေညာချက်တွေကို သက်တမ်း တိုးမြှင့်လိုက်ပါတယ်။

မြို့တော် လီမာနဲ့ နိုင်ငံတောင်ပိုင်း ဒေသနှစ်ခုမှာ လတ်တလော ဖြစ်ပွားနေတဲ့ ဆန္ဒပြမှုတွေဟာ တောင်အမေရိက ဒေသတွင်း နိုင်ငံရဲ့ သမိုင်းမှာ နှစ်ပေါင်း ၂၀ အတွင်း အဆိုးရွားဆုံး ဆူပူ အကြမ်းဖက်မှုတွေကို ပေါ်ပေါက်လာစေခဲ့ပါတယ်။

ပီရူးမှာ လွှတ်တော်ကို ဖျက်သိမ်းဖို့ ကြိုးစားခဲ့သူ သမ္မတဟောင်း ပက်ဒရို ကက်စတီလိုကို အာဏာသိမ်းဖို့ ကြံစည်မှုနဲ့ လွှတ်တော်က စွပ်စွဲ ဖယ်ရှားလိုက်တဲ့ ဒီဇင်ဘာ လလယ်မှာ အရေးပေါ် အခြေအနေ ကြေညာခဲ့ဖူးပါတယ်။ အဲဒီနောက် ဒီနာ ဘိုလူရက်တီက နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ ဖြစ်လာခဲ့ပြီး ကက်စတီလိုကို ထောက်ခံသူတွေရဲ့ ဆန္ဒပြမှုတွေနဲ့ ကြုံခဲ့ရပါတယ်။

အခုအခါ အရေးပေါ် အခြေအနေ တစ်လ ကြေညာမှုက သက်တမ်း ကုန်သွားပြီ ဖြစ်တဲ့အတွက် သမ္မတ ဘိုလူရက်တီရဲ့ အမိန့်နဲ့ သက်တမ်း ထပ်တိုးခဲ့ရတာပါ။ ပီရူးနဲ့ တခြားမြို့ကြီးတွေမှာ လက်ရှိ အစိုးရကို ဆန့်ကျင်ပြီး ဘိုလူရက်တီ နုတ်ထွက်ပေးဖို့ ဆန္ဒပြမှုတွေ ပြင်းပြင်းထန်ထန် ဆက်လက် ဖြစ်ပွားနေသလို အကျဉ်းချ ခံနေရတဲ့ သမ္မတဟောင်းကို လွှတ်ပေးဖို့လည်း တောင်းဆိုနေကြပါတယ်။

ဆန္ဒပြမှု တချို့ဟာ မင်းမဲ့စရိုက်ဆန်ဆန် ကြမ်းတမ်းတဲ့ အနေအထားတွေထိ ရောက်ကုန်တာကြောင့် လက်ရှိ အချိန်ထိ လူပေါင်း ၄၀ ကျော်လောက် သေကြေခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ အရေးပေါ် အခြေအနေ ကြေညာထားတဲ့ အတောအတွင်း သမ္မတက ရဲတပ်ဖွဲ့ကို လူစုလူဝေး မဖြစ်အောင် တားဆီးခွင့်၊ ညမထွက်ရအမိန့် ထုတ်ပြန်ခွင့် အာဏာတွေ အပ်နှင်းထားပေမယ့် ဆန္ဒပြသူတွေက ဖီဆန်ပြီး လူစုလူဝေးတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။

ဆန္ဒပြသူ တစ်ဦးက ကက်စတီလိုရဲ့ ဒုတိယ သမ္မတ တာဝန်ယူခဲ့ဖူးသူ ဘိုလူရက်တီဟာ အတိုက်အခံတွေနဲ့ ပေါင်းပြီး အာဏာလုခဲ့တဲ့ သစ္စာမဲ့သူ အခွင့်အရေးသမားလို့ စွပ်စွဲကြပါတယ်။ ပီရူးပြည်သူ အများစုဟာ စည်းမဲ့ကမ်းမဲ့ ဆန္ဒပြတာတွေကို သဘောမတူပေမယ့် ဘိုလူရက်တီရဲ့ အစိုးရကိုလည်း မနှစ်မြို့ပါဘူး။

ဒီဇင်ဘာလတုန်းက ကောက်ယူတဲ့ လူထုအမြင် စစ်တမ်းတစ်ခုမှာ ဘိုလူရက်တီကို မလိုလားကြောင်း မဲပေးသူ ၆၈ ရာခိုင်နှုန်း ရှိခဲ့ရာက အခုအခါ ၇၁ ရာခိုင်နှုန်းထိ မြင့်တက်လာပါတယ်။ ပြည်တွင်းမှာ အုံကြွ ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေပေမယ့် သမ္မတ ဘိုလူရက်တီကတော့ သူဟာ ရာထူးက နုတ်ထွက်မှာ မဟုတ်ဘူးလို့ အခိုင်အမာ ပြောကြားထားပါတယ်။

You May Also Like

သတင်း

စစ်ကောင်စီရဲ့ လေယာဉ်တွေဟာ မကြာသေးခင် လပိုင်းတွေအတွင်း ဘင်္ဂလားဒေ့ရှ်နဲ့ ထိုင်းနိုင်ငံတွေရဲ့ လေပိုင်နက်တွေကိုလည်း ကျူးကျော်ခဲ့သေးတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

ဗီဒီယို

ဘရာစေလီယာမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စက ဘယ်လိုမှ လက်ခံနိုင်စရာ မရှိကြောင်း၊ ဒါဟာ နိုင်ငံရဲ့ ဒီမိုကရေစီအတွက် အိပ်မက်ဆိုး တစ်ခုဖြစ်ပြီး အဲဒီလို အဖျက်ကိစ္စတွေကို အစွမ်းကုန် တွန်းလှန် ကာကွယ်ရမှာဖြစ်ကြောင်း ဂေဘရီရယ်လ်လို့သာ နာမည်ဖော်ပြတဲ့ ဆန္ဒပြသူ တစ်ဦးက ပြောပါတယ်။

သတင်း

၂၀၂၃တွင် စစ်ရေးရလဒ်နှင့် နိုင်ငံရေးရလဒ်များ သိသိသာသာ ထွက်ပေါ်လာရန် အထူးမျှော်လင့်မိသကဲ့သို့ ပြည်သူလူထုကလည်း မျှော်လင့်တကြီးစောင့်မျှော်နေမည်ဟု ယုံကြည်ကြောင်း ယာယီသမ္မတက ပြောကြားခဲ့သည်။

နိုင်ငံတကာ

ကာရာမီရဲ့ ရှေ့နေတစ်ဦးကတော့ သူ့အမှုသည်ဟာ ကွပ်မျက် မခံရခင်မှာ မိသားစုနဲ့တောင် တွေ့ခွင့် မရခဲ့ဘူးလို့ Twitterမှာ ရေးသားခဲ့ပါတယ်။ နောက်ပြီး သူ့အတွက် ကြိုးစားပေးနေတဲ့ ဥပဒေ အကျိုးဆောင်တွေရဲ့ ကိုယ်စားပြုခွင့်ကို ပိတ်ပင်ခဲ့တာကြောင့် ကာရာမီဟာ အစာခြောက်တွေသာ စားပြီး ဆန္ဒပြခဲ့သေးတယ်လို့ သိရပါတယ်။