Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လေပိုင်နက်ထဲ စစ်ကောင်စီ တိုက်လေယာဉ်ကျုးကျော်ဝင်ရောက်တာမရှိဘူးလို့ အိန္ဒိယပြော

အိန္ဒိယ နိုင်ငံခြားရေးဌာနဘက်က စစ်ကောင်စီတိုက်လေယာဉ်တွေဟာ သူတို့ လေပိုင်နက်ကို ကျုးကျော်တာမရှိသလို ဗုံးဟာလည်း ၂ နိုင်ငံ နယ်ခြားမြစ် တယော (Tiau) မြစ်ထဲ ကျရောက်တာလို့ အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်က ပြောပါတယ်။

လေပိုင်နက်ထဲ စစ်ကောင်စီ တိုက်လေယာဉ်ကျုးကျော်ဝင်ရောက်တာမရှိဘူးလို့ အိန္ဒိယပြော
လေပိုင်နက်ထဲ စစ်ကောင်စီ တိုက်လေယာဉ်ကျုးကျော်ဝင်ရောက်တာမရှိဘူးလို့ အိန္ဒိယပြော

နယ်စပ်အနီးစစ်ကောင်စီလေတပ်ရဲ့ ဗုံးကြဲ တိုက်ခိုက်မှုဟာ စိုးရိမ်စရာဖြစ်ပြီး မြန်မာဘက်ကိုအသိပေး ပြောကြားထားတယ်လို့ အိန္ဒိယ နိုင်ငံခြားရေးဌာနကပြောလာပါတယ်။

ဒါပေမယ့် စစ်ကောင်စီရဲ့ တိုက်လေယာဉ်တွေဟာ အိန္ဒိယ လေပိုင်နက်ထဲကို ကျုးကျော်ဝင်ရောက်တာမရှိဘူးလို့ The Economic Times သတင်းဌာနကို အိန္ဒိယနိုင်ငံခြားရေးဌာနအတွင်းဝန်က ဇန်နဝါရီလ ၁၉ ရက်က ပြောပါတယ်။

စစ်ကောင်စီဟာ ဇန်နဝါရီလ ၁၀ ရက်နဲ့ ၁၁ ရက်တွေမှာ အိန္ဒိယ − မြန်မာ နယ်စပ်အနီး မြန်မာဘက်ခြမ်းမှာရှိတဲ့ ချင်းအမျိုးသားတပ်ဦး (CNF)ရဲ့ ဌာနချုပ်ကို ၂ ရက်ဆက်တိုက်ဗုံးကြဲခဲ့တာပါ။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် CNF တပ်ဖွဲ့ဝင်အချို့ ထိခိုက်သေကြေမှုတွေရှိသလို အိန္ဒိယ ဘက်ခြမ်းလည်း ဗုံးကျရောက်ပြီး စစ်ကောင်စီဂျက်တိုက်လေယာဉ်တွေဟာ အိန္ဒိယ လေပိုင်နက်ကိုကျုးကျော်အသုံးပြုခဲ့တယ်လို့ မြေပြင်အချက်အလက်တွေကို ကိုးကားပြီး Chinland Information Center က ပြီးခဲ့တဲ့ ရက်ပိုင်းက ထုတ်ပြန်ပါတယ်။

အိန္ဒိယ နိုင်ငံခြားရေးဌာနဘက်က စစ်ကောင်စီတိုက်လေယာဉ်တွေဟာ သူတို့ လေပိုင်နက်ကို ကျုးကျော်တာမရှိသလို ဗုံးဟာလည်း ၂ နိုင်ငံ နယ်ခြားမြစ် တယော (Tiau) မြစ်ထဲ ကျရောက်တာလို့ အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်က ပြောပါတယ်။

ဒါပေမယ့် ဒီဗုံးကြဲ တိုက်ခိုက်မှုကို အိန္ဒိယအစိုးရအနေနဲ့ စိုးရိမ်ပြီး မြန်မာဘက်ကို အသိပေး ထားတယ်လို့ ဆိုပါတယ်။

You May Also Like

သတင်း

၂၀၂၃အတွင်း ရွေးကောက်ပွဲ ကျင်းပနိုင်ရန် စစ်ကောင်စီက ပြင်ဆင်လျက်ရှိရာ ပလက်ဝမြို့နယ်အတွင်း၌လည်း ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ စတင်နေကြောင်း ဖော်ပြထားသည်။

သတင်း

ဗိုလ်မှူးဟောင်းနှင့် လက်ထောက်ညွှန်ကြားရေးမှူး ပစ်ခတ်ရှင်းလင်းခံရမှုကြောင့် ရန်ကုန်မြို့ရှိ မီးပွိုင်များ အပါအဝင် လမ်းမအများစု၌ ယာဥ်စစ်ဆေးမှုများစွာကြုံတွေ့နေရသည်ဟုလည်း အငှားယာဥ်မောင်းများက အသိပေးသည်။

သတင်း

ဇန်နဝါရီ ၁၈ ရက် နေ့နံနက်ပိုင်းက ရေဦးမြို့မှ မြောက်ဘက်ခြမ်းရွာများအား စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်သည် ဗိုလ်ရုံကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သည်။

သတင်း

ဗုံးချတိုက်ခိုက်ရာနေရာများသို့ နာရေးကားများရောက်ရှိလာခဲ့ကြောင်း၊ တော်လှန်ရေးရဲဘော်များအထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။