Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ရာထူးက နုတ်ထွက်တော့မယ်လို့ နယူးဇီလန် ဝန်ကြီးချုပ် ကြေညာ

ပါတီအနေနဲ့ အားဒန်ရဲ့ အရိုက်အရာကို ဆက်ခံမယ့်သူကို မဲပေး ရွေးချယ်ရမှာ ဖြစ်ပါတယ်။ နယူးဇီလန်ဟာ အောက်တိုဘာ ၁၄ ရက်မှာ ရွေးကောက်ပွဲတွေ ကျင်းပဖို့ စီစဉ်ထားပါတယ်။

ရာထူးက နုတ်ထွက်တော့မယ်လို့ နယူးဇီလန် ဝန်ကြီးချုပ် ကြေညာ
ရာထူးက နုတ်ထွက်တော့မယ်လို့ နယူးဇီလန် ဝန်ကြီးချုပ် ကြေညာ

နယူးဇီလန် ဝန်ကြီးချုပ် ဂျက်ဆင်ဒါ အားဒန်ဟာ နောက်လထဲမှာ ရာထူးကနေ နုတ်ထွက်တော့မယ်လို့ အတည်ပြု ကြေညာခဲ့ပါတယ်။

သူဟာ သမုဒ္ဒရာပိုင်းဇုန်က ကျွန်းစုနိုင်ငံကို စိန်ခေါ်မှုတွေ ပြင်းထန်လွန်းတဲ့ ၆ နှစ်ကြာ ကာလပတ်လုံး ဦးဆောင်ခဲ့ပြီးတဲ့နောက် အခုဆုံးဖြတ်ချက်ကို ခက်ခက်ခဲခဲ ချမှတ်ခဲ့တာလို့ အားဒန်က ဖွင့်ဟပါတယ်။ သူဟာ အာဏာရ လေဘာပါတီရဲ့ အကြီးအကဲ နေရာကနေလည်း ဖေဖော်ဝါရီ ၇ ရက်ထက် နောက်မကျစေဘဲ နုတ်ထွက်မယ်လို့ ဆိုပါတယ်။

ပါတီအနေနဲ့ အားဒန်ရဲ့ အရိုက်အရာကို ဆက်ခံမယ့်သူကို မဲပေး ရွေးချယ်ရမှာ ဖြစ်ပါတယ်။ နယူးဇီလန်ဟာ အောက်တိုဘာ ၁၄ ရက်မှာ ရွေးကောက်ပွဲတွေ ကျင်းပဖို့ စီစဉ်ထားပါတယ်။

အသက် ၄၂ နှစ်အရွယ် အားဒန်က နွေရာသီ အားလပ်ရက် ကာလမှာ အခုကိစ္စနဲ့ ပတ်သက်လို့ အလေးအနက် စဉ်းစားခဲ့ကြောင်း ဖွင့်ဟပါတယ်။ သူက ဝန်ကြီးချုပ် နေရာမှာ ဆက်ရှိနေဖို့သင့်သလား ဆိုတာကို သေချာ ချိန်ဆခဲ့ပေမယ့် အဲဒီလိုသာဆိုရင် နယူးဇီလန်အတွက် အပြုသဘောထက် အပျက်သဘော ဆောင်လာနိုင်တာကြောင့် နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တာလို့ အားဒန်က ရှင်းပြပါတယ်။

သူ့အတွက်တော့ ဝန်ကြီးချုပ်အဖြစ် ဆက်တာဝန်ယူဖို့ အရင်းအမြစ်ရော၊ အားအင်တွေပါ ကုန်ခန်းနေပြီလို့ ခံစားရကြောင်းလည်း အားဒန်က ဆိုပါတယ်။

အားဒန်ဟာ ၂၀၁၇ ခုနှစ်တုန်းက နယူးဇီလန် ဝန်ကြီးချုပ် ဖြစ်ခဲ့ပြီး အဲဒီတုန်းက တစ်ကမ္ဘာလုံးမှာ အသက်အငယ်ဆုံး ရွေးကောက်ခံ နိုင်ငံခေါင်းဆောင် အမျိုးသမီး အနေနဲ့ မှတ်တမ်းဝင်ခဲ့ပါတယ်။ နောက်တစ်နှစ် အကြာမှာတော့ အားဒန်ဟာ ရာထူးလက်ကိုင် အချိန်ကာလမှ မီးဖွားတဲ့ ဒုတိယမြောက် ရွေးကောက်ခံ နိုင်ငံခေါင်းဆောင် ဖြစ်လာပါတယ်။

အားဒန်ဟာ နယူးဇီလန် သမိုင်းမှာ အအောင်မြင်ဆုံး ခေါင်းဆောင် တစ်ဦးလည်း ဖြစ်ခဲ့ပြီး ကမ္ဘာကျော် ခရစ္စချတ်ချ် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကြီးနဲ့ ကိုဗစ် ကပ်ရောဂါဆိုး ဖိစီးတဲ့ ကာလတွေမှာ နိုင်ငံကို မယိမ်းမယိုင် ဦးဆောင်ပြခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ သူဦးဆောင်တဲ့ လေဘာပါတီဟာ နိုင်ငံသမိုင်းမှာ ရှားပါး အခြေအနေအဖြစ် သောင်ပြိုကမ်းပြို အနိုင်ရခဲ့ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း အားဒန်ဟာ ပြည်တွင်းမှာ လူကြိုက်များမှု လျော့ကျလာသလို လူထုအမြင် စစ်တမ်းတွေမှာ သူ့ကို ထောက်ခံမှု လျော့နည်းလာတာကို တွေ့ရပါတယ်။ ဒါပေမဲ့ အားဒန်ကတော့ သူနုတ်ထွက်ခြင်းဟာ ရွေးကောက်ပွဲမှာ လေဘာပါတီ အနိုင်မရနိုင်ဘူးလို့ ယူဆတာကြောင့် မဟုတ်ကြောင်း ဖြေရှင်းပါတယ်။ အားဒန်က သူ့ပါတီဟာ ရွေးကောက်ပွဲမှာ အနိုင်ရမယ်လို့ ယုံကြည်ထားပေမယ့် အခုအချိန်က စိန်ခေါ်မှု အသစ်ကို တာဝန်ယူဖို့ ပခုံးပြောင်းပေးရမယ့် ကာလ ဖြစ်လာပြီလို့ ဆိုပါတယ်။

နယူးဇီလန်ရဲ့ အိမ်နီးချင်း ဩစတြေးလျ နိုင်ငံရဲ့ ဝန်ကြီးချုပ် အန်သိုနီ အယ်လ်ဘန်နီစ်က အားဒန်ကို ထက်မြက်တဲ့၊ ခိုင်မာတဲ့၊ စာနာကြင်နာတတ်တဲ့ နိုင်ငံ ခေါင်းဆောင် တစ်ဦးအဖြစ် ဂုဏ်ပြု ချီးကျူးခဲ့ပါတယ်။ အားဒန်ဟာ နယူးဇီလန်အတွက် စွမ်းစွမ်းတမံ အားထုတ်ခဲ့သူ တစ်ဦးဖြစ်သလို သူအရမ်း ခင်မင်လေးစားရတဲ့ မိတ်ဆွေ တစ်ဦးလို့ အယ်လ်ဘန်နိစ်က Twitterမှာ ရေးသားခဲ့ပါတယ်။

အားဒန် ဦးဆောင်တဲ့ တလျှောက်မှာ နယူးဇီလန် အစိုးရဟာ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှု တိုက်ဖျက်ရေး၊ အိမ်ရာဖူလုံရေး၊ ကလေးသူငယ် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးစတဲ့ ကဏ္ဍတွေမှာ ဂုဏ်ယူလောက်စရာ အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ ဒါပေမဲ့ အားဒန်ကတော့ သူ့ကို ပြည်သူတွေက အမြဲတမ်း ကြင်နာသနားတတ်ဖို့ ကြိုးစားနေတတ်သူ တစ်ဦးလို့သာ အမှတ်ရစေချင်တယ်လို့ ဖွင့်ဟခဲ့ဖူးပါတယ်။

You May Also Like

ဗီဒီယို

ကွန်မြူနစ် ပါတီထဲက သဘောထား တင်းမာသူတွေ ဦးဆောင်တဲ့ အဂတိ တိုက်ဖျက်ရေး လှုပ်ရှားမှုတစ်ခု အရှိန်ကောင်းလာချိန် အတောအတွင်းမှာ ဖူခ်ဟာ ရာထူးက နုတ်ထွက်သွားခဲ့တာပါ။ အဲဒီ လှုပ်ရှားမှုနဲ့ ဆက်စပ်လို့ ပါတီဝင်တွေ ရာနဲ့ချီပြီး စုံစမ်းစစ်ဆေးမှုတွေ ခံခဲ့ရပါတယ်။

နိုင်ငံတကာ

အတိုက်အခံ အင်အားစုတွေက အကီဘာဟာ ရွေးကောက်ပွဲ ဥပဒေ စည်းမျဉ်းတွေကို ချိုးဖောက်ရာမှာ အလိုတူ အလိုပါအဖြစ် ပါဝင်ခဲ့သလို ပေါင်းစည်းမှု ကျောင်းတော်နဲ့လည်း စပ်ယှက်မှုတွေ ရှိနေကြောင်း စွပ်စွဲထားကြပါတယ်။

သတင်း

ယခုနှစ်ကုန်တွင် ကမ္ဘောဒီးယား၏ အာဆီယံအလှည့်ကျဥက္ကဌတာဝန်ပြီးဆုံးမည်ဖြစ်ပြီး လာမည့် ၂၀၂၃ တွင် အင်ဒိုနီးရှားက အာဆီယံအလှည့်ကျဥက္ကဌတာ၀န်ကို ထမ်းဆောင်မည်ဖြစ်သည်။

သတင်း

ထောင်ဝင်စာပါဆယ်ပို့ခွင့်ပြုတဲ့ ပမာဏကို ကန့်သတ်လိုက်ပေမယ့် ဆေးဝါးပို့ခွင့်ကိုတော့ စစ်ကောင်စီက ဆက်ခွင့်ပြုထားတယ်လို့သိရပါတယ်။