Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

တရုတ်ကိုကျော်ပြီး ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံ ဖြစ်လာတော့မယ့် အိန္ဒိယ

ဒီဇင်ဘာလတုန်းက အိန္ဒိယမှာ အလုပ်လက်မဲ့ဦးရေ ၈.၃ ရာခိုင်နှုန်း ရှိတယ်လို့ အိန္ဒိယ စီးပွားရေး စောင့်ကြည့်မှု စင်တာ (CMIE)က ထုတ်ပြန်ပါတယ်။ မနှစ်က နှစ်ကုန်ပိုင်းမှာ အမေရိကန်ရဲ့ အလုပ်လက်မဲ့ အချိုးအစားဟာ ၃.၅ ရာခိုင်နှုန်းပါ။

တရုတ်ကိုကျော်ပြီး ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံ ဖြစ်လာတော့မယ့် အိန္ဒိယ
တရုတ်ကိုကျော်ပြီး ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံ ဖြစ်လာတော့မယ့် အိန္ဒိယ

တရုတ်ကို ကျော်တက်ပြီး အိန္ဒိယဟာ အခုနှစ်ထဲမှာ ကမ္ဘာ့လူဦးရေ အများဆုံး နိုင်ငံ ဖြစ်လာမယ်လို့ သိရပါတယ်။

တရုတ် လူဦးရေဟာ နှစ်ပေါင်း ၆၀ ကျော် ကာလအတွင်း ပထမဆုံးအကြိမ် ယုတ်လျော့ ကျဆင်းလာပေမယ့် တစ်ဖက်မှာတော့ အိမ်နီးချင်း အာရှတောင်ပိုင်း နိုင်ငံရဲ့ လူဦးရေဟာ တရိပ်ရိပ် တိုးပွားနေပါတယ်။ ဒီအပြောင်းအလဲဟာ နှစ်နိုင်ငံလုံးရဲ့ စီးပွားရေး ကူးလူးဆက်နွှယ်မှုတွေမှာပါ ရှုပ်ထွေး သက်ရောက်မှုတွေ ဖြစ်လာနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

အခုလောလောဆယ်မှာ တရုတ်ရော၊ အိန္ဒိယပါ လူဦးရေ ၁.၄ ဘီလီယံကျော်စီ ရှိနေကြပါတယ်။ တရုတ်ဟာ လူဦးရေ ကျဆင်းလာခြင်းနဲ့အတူ ရာစုနှစ်ဝက် တစ်ခုကျော်လောက် ကာလအတွင်း စီးပွားရေး တိုးတက်မှုနှုန်းလည်း အနိမ့်ဆုံး ဖြစ်ခဲ့ပါတယ်။ တရုတ်ဟာ လုပ်သားဦးရေ ကျဆင်းမှု အပါအဝင် ကြီးမားတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရပါတယ်။

တစ်ဖက်မှာတော့ အိန္ဒိယဟာ ကျန်းမာသန်စွမ်းတဲ့ အသက်အရွယ်နဲ့ လုပ်သားရင်းမြစ် ဆက်တိုက် တိုးပွားလာနေပြီး ပြည်တွင်း စီးပွားရေး တိုးတက်မှုကို အထောက်အပံ့ ဖြစ်စေမယ်လို့ ပညာရှင်တွေက သုံးသပ်ထားကြပါတယ်။ အခုဆိုရင် အိန္ဒိယရဲ့ အလုပ်လုပ်နိုင်တဲ့ အသက်အရွယ်ရှိသူ ဦးရေဟာ သန်း ၉၀၀ ကျော်လောက်ထိ များပြားနေပါတယ်။ လာမယ့် ဆယ်စုနှစ်အတွင်း အဲဒီ အရေအတွက်ဟာ ၁ ဘီလီယံ အမှတ်ထိ ရောက်လာမယ်လို့ ယူဆရပါတယ်။

ဒါပေမဲ့ အစိုးရ မူဝါဒ အမှားတွေကြောင့် လုံလောက်တဲ့ အလုပ်အကိုင်တွေ ဖန်တီးမပေးနိုင်ဘူး ဆိုရင်တော့ အဲဒီတိုးပွားမှုဟာ နိုင်ငံအတွက် ဝန်ထုပ်ဝန်ပိုး ပြန်ဖြစ်လာမယ်လို့လည်း ပညာရှင်တွေက သတိပေးထားကြပါတယ်။

အိန္ဒိယက အလုပ်လုပ်နိုင်တဲ့ အသက်အရွယ်ရှိသူတွေထဲက ၄၆ ရာခိုင်နှုန်းသာ အတည်တကျ (ခိုင်မာတဲ့) အလုပ်ခွင်တွေမှာ အလုပ်လုပ်နေကြပြီး ဒီအခြေအနေက အာရှနိုင်ငံတွေထဲမှာ အနိမ့်ဆုံး စာရင်းထဲ ပါဝင်နေပြီး အမေရိကန်ရဲ့ ၆၈ ရာခိုင်နှုန်း၊ တရုတ်ရဲ့ ၆၁ ရာခိုင်နှုန်းတွေနဲ့ယှဉ်ရင် အတော်နိမ့်နေဆဲပါ။ ပြီးတော့ အိန္ဒိယမှာ အရွယ်ရောက်ပြီး အမျိုးသမီးတွေ အလုပ်လုပ်နေမှုကလည်း ၁၉ ရာခိုင်နှုန်းသာ ရှိပါတယ်။

ဒီဇင်ဘာလတုန်းက အိန္ဒိယမှာ အလုပ်လက်မဲ့ဦးရေ ၈.၃ ရာခိုင်နှုန်း ရှိတယ်လို့ အိန္ဒိယ စီးပွားရေး စောင့်ကြည့်မှု စင်တာ (CMIE)က ထုတ်ပြန်ပါတယ်။ မနှစ်က နှစ်ကုန်ပိုင်းမှာ အမေရိကန်ရဲ့ အလုပ်လက်မဲ့ အချိုးအစားဟာ ၃.၅ ရာခိုင်နှုန်းပါ။

မကြာသေးခင်က တရုတ် အမျိုးသား စာရင်းအချက်အလက် ဗျူရိုက ထုတ်ပြန်တဲ့ ကိန်းဂဏန်တွေအရ ပြီးခဲ့တဲ့နှစ်အတွင်း တရုတ်မှာ သေဆုံးသူ ၁၀.၄၁ သန်း ရှိခဲ့ပေမယ့် ကလေးမွေးဖွားတဲ့ ဦးရေက ၉.၅၆ သန်းသာ ရှိခဲ့တယ်လို့ သိရပါတယ်။ ပညာရှင် တချို့ကတော့ အိန္ဒိယရဲ့ လူဦးရေ စာရင်းကောက်ခံမှုတွေဟာ တရုတ်လောက် မတိကျတာကြောင့် လက်တွေ့ အခြေအနေမှာ အိန္ဒိယ လူဦးရေဟာ တရုတ်ထက် ကျော်လွန်ပြီးသားတောင် ဖြစ်နိုင်တယ်လို့ ယုံကြည်နေကြပါတယ်။

You May Also Like

နိုင်ငံတကာ

တရုတ် အာဏာပိုင်တွေကတော့ အခုအခါမှာ ကိုဗစ် ကူးစက်မှုနှုန်းဟာ အမြင့်ဆုံး အဆင့်ကို ကျော်လွန်ခဲ့ပြီးပြီလို့ ယုံကြည်ယူဆကြောင်း ပြောပါတယ်။ တရုတ်နိုင်ငံဟာ ကူးစက်နှုန်း အရမ်းမြန်တဲ့ Omicron ဆင့်ကဲမျိုးကွဲ ကိုရိုနာဗိုင်းရပ်စ် တစ်မျိုးရဲ့ ဒဏ်ကို ခံနေရတာပါ။

သတင်း

စစ်ကောင်စီရဲ့ လေယာဉ်တွေဟာ မကြာသေးခင် လပိုင်းတွေအတွင်း ဘင်္ဂလားဒေ့ရှ်နဲ့ ထိုင်းနိုင်ငံတွေရဲ့ လေပိုင်နက်တွေကိုလည်း ကျူးကျော်ခဲ့သေးတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ

ရဲတွေကတော့ ဒီဖြစ်ရပ်မှာ ယာဉ်မောင်းက တမင်တကာ ကျူးလွန်ခဲ့တယ် ဆိုတာကို အတည်မပြုသေးပေမယ့် ဒါဟာ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်မှုလို့ စွပ်စွဲမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။

သတင်း

တရုတ်နိုင်ငံဘက်က ဇန်နဝါရီ ၈ ရက် မူဆယ်-ရွှေလီနယ်စပ်ရှိ ဂိတ် ၃ခုကို ဖွင့်လှစ်ပေးခဲ့သော်လည်း စစ်ကောင်စီက တရုတ်နိုင်ငံဘက်တွင် ကိုဗစ်ရောဂါပြင်းထန်နေခြင်းကြောင့်ဟုဆိုကာ ပိတ်ထားရခြင်းဖြစ်သည်ဟု ကုန်သည်များကပြောသည်။