Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သရက်-ကံမ-မင်းတုန်းပူးပေါင်းတပ်ဖွဲ့ Eagle Forceအား NUGက သရက်ခရိုင်တပ်ရင်း (၄) အဖြစ်အတည်ပြု

တပ်ဖွဲ့၏ စစ်ရေးတိုက်ခိုက်မှု (၁၇)ကြိမ်တွင် စစ်ကောင်စီလက်အောက်ခံ စစ်သားနှင့်ရဲ ၂၄ဦးနှင့် စစ်ကောင်စီထောက်တိုင် သတင်းပေးဒလန်ဟုဆိုသူလေးဦးကို သုတ်သင်နိုင်ခဲ့ပြီဖြစ်ကြောင်း အထက်ပါရဲဘော်က ရှင်းပြသည်။

(Eagle Force မှ ရဲဘော်များအား တွေ့ရစဉ်)
(Eagle Force မှ ရဲဘော်များအား တွေ့ရစဉ်)

NUGအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက သရက် -ကံမ-မင်းတုန်း ပူးပေါင်းတပ်ဖွဲ့ Eagle Force အား သရက်ခရိုင်တပ်ရင်း (၄)အဖြစ် အတည်ပြုတာဝန်ပေးအပ်လိုက်ပြီဟု Eagle Forceက ပြောသည်။

သရက် -ကံမ-မင်းတုန်း ပူးပေါင်းတပ်ဖွဲ့ Eagle Force ကို ပြီးခဲ့သည့် ၂၀၂၁ စက်တင်ဘာတွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ရာ စစ်ကောင်စီတပ်နှင့် ၎င်း၏ထောက်တိုင်များအား တိုက်ခိုက်မှု (၁၇) ကြိမ်ထက်မနည်း ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

“တပ်ဖွဲ့အနေနဲ့ ပြည်သူ့ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ပေးအပ်လာမယ့် တာဝန်များကို ကျေပွန်အောင်ထမ်းရွက်ပြီး စစ်အာဏာရှင်စနစ် အပြီးပြတ်ကျဆုံးသည်အထိဆန့်ကျင်တော်လှန်သွားမှာဖြစ်ပါတယ်”ဟု သရက်ခရိုင် PDF တပ်ရင်း (၄)မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

တပ်ဖွဲ့၏ စစ်ရေးတိုက်ခိုက်မှု (၁၇)ကြိမ်တွင် စစ်ကောင်စီလက်အောက်ခံ စစ်သားနှင့်ရဲ ၂၄ဦးနှင့် စစ်ကောင်စီထောက်တိုင် သတင်းပေးဒလန်ဟုဆိုသူလေးဦးကို သုတ်သင်နိုင်ခဲ့ပြီဖြစ်ကြောင်း အထက်ပါရဲဘော်က ရှင်းပြသည်။

၎င်းတို့တပ်ဖွဲ့အနေဖြင့် စတင်ဖွဲ့စည်းချိန်မှ ယနေ့အချိန်ထိ NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ၏လမ်းညွှန်ဂိုက်လိုင်းများအတိုင်း ရပ်တည်ခဲ့ပြီး တိုက်ခိုက်မှုများအတွင်း တပ်ဖွဲ့ဝင်ရဲဘော် (၁၈)ဦး ကျဆုံးခဲ့ရကြောင်း အသိပေးထားသည်။

You May Also Like

သတင်း

ပေးအပ်ခဲ့သည့် လက်နက်အရေအတွက်ကိုမူ ထုတ်ပြန်ချက်၌ ဖော်ပြထားခြင်းမရှိပေ။ ယခင် ၂၀၂၂ နှစ်ကုန်ပိုင်းကလည်း ကော်ဘရာစစ်ကြောင်း၏ သင်တန်းဆင်းပွဲသို့ ဝန်ကြီးချုပ် တက်ရောက်ပြီး လက်နက် ၅၀ ပေးအပ်ခဲ့ဖူးသည်။

သတင်း

NUG စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ဇန်နဝါရီ ၁၅ ရက်တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ၎င်းတို့ ဝန်ကြီးဌာနက ဆောင်ရွက်ခဲ့မှုများနှင့် ရှေ့ဆက်လုပ် ဆောင်မည့်အကြောင်းအရာများကို အစီရင်ခံတင်ပြခဲ့ခြင်းဖြစ်သည်။

သတင်း

ပြည်သူများ အယုံအကြည်ကင်းမဲ့လာခြင်း၊ အားကိုးစိတ်လျော့ကျလာခြင်း၊ ရွံကြောက်ကြီး ဖြစ်လာခြင်းတို့ ဖြစ်မလာစေရေးအတွက် နေထိုင်သွားလာ စားသောက်ပြောဆိုမှုတို့ကို သတိဖြင့် ဆင်ခြင်ရမည်ဖြစ်သည်ဟု ဆိုသည်။

သတင်း

နိုင်ငံအတွင်း ပြည်သူလူထုများ၏ နေ့စဉ် လူမှုစီးပွားဘ၀ ကွာဟချက်များ ကြီးမားလာသည်ကို တွေ့ရပြီး လက်နက်ကိုင် အကျပ်အတည်းများကြား၌ ပျက်စီး ယိုယွင်းသွားသည့် ပြည်သူ့ဘ၀ များစွာ ရှိသည်ဟု ၎င်းက ဆိုသည်။