Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့်တွင်​ရေမ​ဆေးသမားနှစ်ဦးကို စစ်​ကောင်စီတပ်ကသတ်၍အ​လောင်းစွန့်ပစ်

“စစ်​ကောင်စီကဖမ်းသွားပြီးပျောက်နေတာသုံးရက်လောက်ရှိပြီ။အခုရွှေညောင်ပင်ဆီဆိုင်နားမှာအလောင်းတွေတွေ့တယ်။ အလောင်းတွေကမကြည့်ရက်စရာပဲ” ဟု ဖားကန့်မြို့မှ ဒေသခံတစ်ဦးကပြောသည်။

(၂၀၂၀ ​မေလတွင် ဖားကန့်တစ်​နေရာ၌ ​ရေမ​ဆေး​ကျောက်ရှာ​ဖွေသူများ ။ ။ဓါတ်ပုံ-CJ)

ဖားကန့်တွင်ရေမဆေး ကျောက်ရှာဖွေသူ အမျိုးသားနှစ်ဦးကို စစ်ကောင်စီက သတ်ဖြတ်လိုက်ပြီး အလောင်းကို စွန့်ပစ်ထားခဲ့သည်ဟု ဒေသခံများကပြောသည်။

ဖားကန့်မြို့ရှိ ရွှေညောင်ပင်ဆီဆိုင်အနီးတွင် ဒဏ်ရာများဖြင့်သေဆုံးနေသည့်အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းကို ယနေ့(ဇန်နဝါရီ ၂၂ရက်)နံနက်ကဒေသခံများတွေ့ရှိခဲ့​သည်။ အဆိုပါအမျိုးသားနှစ်ဦးမှာလွန်ခဲ့သည့်သုံးရက်က စစ်​ကောင်စီတပ်က ဖမ်းဆီးခေါ်သွားသူများဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများကပြောသည်။

“စစ်​ကောင်စီကဖမ်းသွားပြီးပျောက်နေတာသုံးရက်လောက်ရှိပြီ။အခုရွှေညောင်ပင်ဆီဆိုင်နားမှာအလောင်းတွေတွေ့တယ်။ အလောင်းတွေကမကြည့်ရက်စရာပဲ” ဟု ဖားကန့်မြို့မှ ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement
Public Service Announcement

​ဖားကန့်​ဒေသတွင်စစ်ကောင်စီတပ်သည် ဒေသခံများနှင့် ရေမဆေးကျောက်ရှာဖွေသူများ၊ ကျောက်စိမ်းတူးဖော်ရေးကုမ္မဏီများကို နည်းမျိုးစုံ ဖိနှိပ်နေသည်။ ဇန်နဝါရီလ၇ရက်ကလည်း ဖားကန့်မြို့မော်မောင်းလျန်နှင့် ဗလခမှော်အတွင်းသို့ စစ်ကောင်စီးတပ် ဝင်ရောက် စီးနင်းခဲ့ပြီး ရေမဆေးကျောက်ရှာဖွေသူအချို့ကို ဖမ်းဆီးခဲ့​သေးသည်။

ဖားကန့်​ဒေသတွင် မြန်မာနိုင်ငံနေရာအနှံ့မှလာရောက်ပြီး ရေမဆေးကျောက်ရှာဖွေပြီး အသက်မွေးသူ နှစ်သိန်းခန့်ရှိနေသည်။ စစ်ကောင်စီက ၎င်းတို့ကို မထောက်ခံသော ကုမ္မဏီအချို့ကို ပိတ်သိမ်းခိုင်းခြင်း၊ ယန္တရားများအား မီးရှို့ဖျက်ဆီးခြင်း၊ အရပ်သားများအား ဖမ်းဆီးခြင်းများ ပြုလုပ်နေ​ကြောင်း​ဒေသခံများက​ပြောသည်။

You May Also Like

သတင်း

ယနေ့ (ဇန်နဝါရီ ၂၃ ရက်)နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပေါက်မြို့နယ် တောင်ပိုင်းရှိ သီးခြောက်ကျေးရွာကို ထပ်မံမီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများက ပြောသည်။

သတင်း

မတူပီမြို့နယ် ငလိုင်ရွာအနီးရှိ မတူပီ ချင်းကာကွယ်ရေးတပ်(CDF) စခန်းကို စစ်ကောင်စီက ဝင်ရောက်စီးနင်းစဉ်အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့ပြီး နှစ်ဖက် ကျဆုံးထိခိုက်ရှိခဲ့သည်။

သတင်း

အင်းမ​ကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၂ နိုဝင်ဘာ ၁၂ ရက်​ကလည်း ပထမအကြိမ်မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ​နေအိမ် ၈၀ကျော် ပြာကျခဲ့​ကြောင်း ဒေသခံများက ပြောသည်။

သတင်း

ကရင်နီပူး​ပေါင်းတပ်များက စစ်​ကောင်စီတပ်၏ မယ်စ​လောင်း​တောင်ကုန်း စခန်းကိုတိုက်ခိုက်သိမ်းပိုက်၍ မီးရှို့ခဲ့သည်ကို လွိုင်​ကော်PDF ကသတင်းဓါတ်ပုံပါထုတ်ပြန်သည်။