Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့်​ထွေအုပ်ရုံးတိုက်ခိုက်ခံရစစ်​ကောင်စီအရာရှိတစ်ဦး​သေ ၊​ခြောက်ဦးဒဏ်ရာရ

အဆိုပါတိုက်ခိုက်မှုသည် ဇန်နဝါရီလ ၂၁ရက် ညနေ ၄နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးမည်သည့်အဖွဲ့ကပစ်ခတ်သည် တိုက်ခိုက်သည်ကိုမူ မသိရသေးပေ။

(စစ်​ကောင်စီ၏ မြို့နယ်ထွအုပ်ရုံး (ပုံအ​ဟောင်းဖြစ်ပါသည်) ။ဓါတ်ပုံ-CJ)
(စစ်​ကောင်စီ၏ မြို့နယ်ထွအုပ်ရုံး (ပုံအ​ဟောင်းဖြစ်ပါသည်) ။ဓါတ်ပုံ-CJ)

စစ်​ကောင်စီ၏ ဖားကန့်မြို့နယ်ထွေအုပ်ရုံး ယမန်နေ့ညနေက တိုက်ခိုက်ခံရပြီးစစ်ကောင်စီအရာရှိတစ်ဦးသေဆုံးကာ ၆ဦး ဒဏ်ရာရသွားကြောင်း ဒေသခံများကပြောသည်။

” ထွေအုပ်ရုံးကို ကားပေါ်ကနေပစ်သွားတာ။ ဗုံးနဲ့ပစ်တာလို့ သိရတယ်။ရုံးထဲမှာအစည်းအဝေးလုပ်နေချိန်ပစ်သွားတာ”ဟု ဖားကန့်ထွေအုပ်ရုံးမိသားစုဝင်တစ်ဦးကပြောသည်။

အဆိုပါတိုက်ခိုက်မှုသည် ဇန်နဝါရီလ ၂၁ရက် ညနေ ၄နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးမည်သည့်အဖွဲ့ကပစ်ခတ်သည် တိုက်ခိုက်သည်ကိုမူ မသိရသေးပေ။

“ထွေအုပ်ရုံးကိုတိုက်ခိုက်သွားတဲ့သတင်းရပါတယ်။ဘယ်အဖွဲ့လဲဆိုတာ ကျွန်တော်တို့သိပေးမယ့် အသေးစိတ်တော့ ပြောလို့မရပါဘူး” ဟု ဖားကန့်အခြေစိုက်တော်လှန်ရေးအင်အားစုဝင်တစ်ဦးကပြောသည်။

ဇန်နဝါရီလ၄ရက်ကလည်းဖားကန့်ထွေအုပ်ရုံးတွင်စစ်ကောင်စီကပြုလုပ်နေသည့် လွတ်လပ်ရေးနေ့ အခမ်းအနားကို KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲတစ်ဦးပွဲချင်းပြီး​သေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့သည်။

You May Also Like

သတင်း

နေအိမ်​ပေါင် ၃၆၆၆၇ လုံးမီးရှို့ဖျက်ဆီးခံထားရပါတယ်။ မ​ကွေးတိုင်းမှာ ​နေအိမ် ၈၅၇၅လုံးနဲ့ ဒုတိယ ၊ ချင်းပြည်နယ်မှာ ၁၄၇၅ လုံးနဲ့ တတိယအများဆုံးမီးရှို့ဖျက်ဆီးခံထားရပါတယ်။

သတင်း

ယနေ့(ဇန်နဝါရီ ၂၂)ညနေ ၃ နာရီ ၄၅မိနစ်ခန့်က ကံမမြို့ နယ်၊ ရေနံ့သာတိုက်နယ်ရဲစခန်းအား ဒရုန်းဖြင့် ဗုံးသီးတစ်လုံးချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

ဇန်နဝါရီ ၂၁ရက် နံနက်ပိုင်းတွင် မတူပီ - မင်းတပ် လမ်းရှိ စစ်ကောင်စီ၏ ရှေ့တန်းကာကင်းစခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ စစ်ကူလာသည့် စစ်ကြောင်းကိုလည်း ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

သတင်း

မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ကိုဟာကလေးက လတ်တလောအခြေအနေနှင့်ပတ်သက် ၍ ဒေသခံပြည်သူလူထုအား အောက်ပါအတိုင်း အသ်ိပေးထားသည်။