Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မတူပီနယ်တွင် ယမန်နေ့က နေရာ ငါးခု၌ တိုက်ပွဲဖြစ်

ဇန်နဝါရီ ၂၁ရက် နံနက်ပိုင်းတွင် မတူပီ – မင်းတပ် လမ်းရှိ စစ်ကောင်စီ၏ ရှေ့တန်းကာကင်းစခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ စစ်ကူလာသည့် စစ်ကြောင်းကိုလည်း ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

မတူပီ CDF မှ ရဲဘော်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - မတူပီ CDF
မတူပီ CDF မှ ရဲဘော်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - မတူပီ CDF

▪️စစ်ကောင်စီတပ်မှ ၁၇ဦးသေဟု CDF ထုတ်ပြန်

▪️စစ်ကောင်စီတပ် အထိနာသွား၍ တိုက်ပွဲများ ပိုပြင်းထန်နိုင်ဟု မတူပီ CDFအသိပေး

ချင်းပြည်နယ် မတူပီ – ဟားခါးလမ်းနှင့် မတူပီ – မင်းတပ်လမ်းတို့တွင် ယမန်နေ့က တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၁၇ဦး သေဆုံးခဲ့ကြောင်း မတူပီ ချင်းကာကွယ်ရေးတပ်(CDF)က ထုတ်ပြန်သည်။

ဇန်နဝါရီ ၂၁ရက် နံနက်ပိုင်းတွင် မတူပီ – မင်းတပ် လမ်းရှိ စစ်ကောင်စီ၏ ရှေ့တန်းကာကင်းစခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ စစ်ကူလာသည့် စစ်ကြောင်းကိုလည်း ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

“မနေ့တုန်းက ၂၁ရက်နေ့မှာ မတူပီ – ဟားခါးလမ်းနဲ့ မတူပီ – မင်းတပ်လမ်းမှာ တိုက်ပွဲ စုစုပေါင်း ၅နေရာ ဖော်ဆောင်နိုင်တာပေါ့။ အကျအဆုံးကတော့ ထုတ်ပြန်ထားသလိုပါပဲ”ဟု မတူပီ CDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၉ဦးသေဆုံးကာ ဒဏ်ရာရသူများပြားခဲ့ပြီး ရန်သူ့လက်နက် MA-1 တစ်လက် သိမ်းပိုက်နိုင်ခဲ့ကြောင်း မတူပီ CDFက ထုတ်ပြန်သည်။ထို့အပြင် CDF ရဲဘော်များ ထိခိုက်မှုမရှိကြောင်း ဖော်ပြထားသည်။

ယမန်နေ့ နေ့လည်ပိုင်း၌လည်း မတူပီ – ဟားခါးလမ်း၌ တိုက်ပွဲ သုံးကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၈ဦးသေဆုံးကာ ၅ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။

“သူတို့ အကျအဆုံးက နည်းနည်းလေးများတယ်ဆိုတော့ သူတို့ ပြန်ပြီး နယ်မြေရှင်းလင်းရေးတွေ ပြန်ပြီး လုပ်လာနိုင်တဲ့အတွက်ကြောင့် တိုက်ပွဲက နည်းနည်းပြင်းထန်လာနိုင်တဲ့ အခြေအနေ အလားအလာတော့ရှိပါတယ်”ဟု မတူပီ CDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်သည် ဇန်နဝါရီ ၁၅ရက်က မတူပီ – ဟားခါးလမ်း ငလိုင်ရွာအနီးရှိ မတူပီ CDF ရှေ့တန်းကင်းစခန်းကို စီးနင်းတိုက်ခိုက်ခဲ့ရာ တိုက်ပွဲများဖြစ်ခဲ့သည်။ ထိုသို့ ထိုးစစ်ဆင်လာ၍ မတူပီ CDF ကလည်း ယမန်နေ့တွင် တိုက်ပွဲများ ပြန်လည်ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု အဖွဲ့ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာတွင် မတူပီ CDFနှင့်အတူ CDF-Mara၊ CDF-Zotungတို့ ပူးပေါင်းပါဝင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

You May Also Like

သတင်း

နေအိမ်​ပေါင် ၃၆၆၆၇ လုံးမီးရှို့ဖျက်ဆီးခံထားရပါတယ်။ မ​ကွေးတိုင်းမှာ ​နေအိမ် ၈၅၇၅လုံးနဲ့ ဒုတိယ ၊ ချင်းပြည်နယ်မှာ ၁၄၇၅ လုံးနဲ့ တတိယအများဆုံးမီးရှို့ဖျက်ဆီးခံထားရပါတယ်။

သတင်း

မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ကိုဟာကလေးက လတ်တလောအခြေအနေနှင့်ပတ်သက် ၍ ဒေသခံပြည်သူလူထုအား အောက်ပါအတိုင်း အသ်ိပေးထားသည်။

သတင်း

ရန်ကုန်မှာမနေ့က တရုတ်သံရုံးက ပြုလုပ်တဲ့ တရုတ်နှစ်ကူးပွဲ ကိုတက်ရောက်ခဲ့တဲ့ စစ်ကောင်စီ ခေါင်းဆောင်က တရုတ်နိုင်ငံကိုအသိပေးလိုက်တာလည်းဖြစ်ပါတယ်။

သတင်း

"ဒီစစ်ကြောင်းက အတော်ဆိုးတယ်ဗျ။ပိတ်မိသမျှ ပြည်သူတွေ အကုန်သတ်တာ။ သတ်သေသွားတဲ့သူကလည်း ဘယ်လောက်နှိပ်စက်ခံထားရလဲဆိုတာ သူပဲသိမှာကိုး။"ဟု အထက်ပါအဖွဲ့ဝင်က ပြောသည်။