Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

NUGကရောင်းချ​သော ကွန်ဒိုခန်းအားလုံး​ရောင်းကုန်၊ တန်ဖိုးတိုက်ခန်းအမှာစာ ၁၅၀၀ကျော်ရရှိထားဟုအ​ရောင်းကိုယ်စားလှယ်များ​ပြော

NUG၏​နွေဦး​တော်လှန်​ရေး ရန်ပုံငွေရှာဖွေရေးအဖွဲ့ဖြစ်သည့် EOD အဖွဲ့က Spring Yangon Investment အဆင့် -၃ အဖြစ် ကွန်ဒိုတိုက်ခန်း ၈၅၀နှင့် ရိုးရိုးတိုက်ခန်း ၂၅၀၀ကို ကြိုပွိုင့်စနစ်ဖြင့်ရောင်း​နေသည်။

NUGကရောင်းချ​သော ကွန်ဒိုခန်းအားလုံး​ရောင်းကုန် ၊တန်ဖိုးတိုက်ခန်းအမှာစာ ၁၅၀၀ကျော်ရရှိထားဟုအ​ရောင်းကိုယ်စားလှယ်များ​ပြော
NUGကရောင်းချ​သော ကွန်ဒိုခန်းအားလုံး​ရောင်းကုန် ၊တန်ဖိုးတိုက်ခန်းအမှာစာ ၁၅၀၀ကျော်ရရှိထားဟုအ​ရောင်းကိုယ်စားလှယ်များ​ပြော

NUGက ရောင်းချသည့် ကွန်ဒိုတိုက်ခန်းများအကုန်ရောင်းချပြီးသည့်အပြင် တန်ဖိုးနည်းတိုက်ခန်းများအတွက် ဝယ်ယူရန် အမှာစာ အခန်း ၁၅၀၀ကျော်ရရှိထားပြီးဖြစ်ကြောင်း အရောင်းကိုယ်စားလှယ်များက​ပြောသည်။

NUG၏​နွေဦး​တော်လှန်​ရေး ရန်ပုံငွေရှာဖွေရေးအဖွဲ့ဖြစ်သည့် EOD အဖွဲ့က Spring Yangon Investment အဆင့် -၃ အဖြစ် ကွန်ဒိုတိုက်ခန်း ၈၅၀နှင့် ရိုးရိုးတိုက်ခန်း ၂၅၀၀ကို ကြိုပွိုင့်စနစ်ဖြင့်ရောင်း​နေသည်။

NUGက ကွန်ဒိုတိုက်ခန်းများကို ဇန်နဝါရီ ၂၁ ရက်က စတင်ရောင်းချရာနာရီပိုင်းအတွင်းဒေါ်လာ၁၀သန်းကျော်ဖိုးရောင်းချခဲ့ရသည်ဟု EODက ထုတ်ပြန်ထားသည်။

“လက်မလည်အောင်ပဲ၊ အလုအယက်ဝယ်ကြတယ်”ဟု အရောင်းကိုယ်စားလှယ်တစ်ဦးကမှတ်ချက်ပေးသည်။

ရဲရင့်နွေဦးကွန်ဒိုတိုက်ခန်းများအား စတင်ရောင်းချသည့်အချိန်မှ ၁၈နာရီ အတွင်း တိုက်ခန်းအားလုံးအကုန်ရောင်းချရပြီးဖြစ်ကာ စုစုပေါင်းရောင်းချတန်ဖိုးမှာ အ​မေရီကန်​ဒေါ်လာ ၁၀ ဒသမ ၃၅ သန်း ဖြစ်​ကြောင်းEOD ကထုတ်ပြန်ထားသည်။

တန်ဖိုးနည်းတိုက်ခန်းမှာ ၂၅၀၀ ​ရောင်းချရန်ရည်ရွယ်ထားပြီး လက်ရှိအချိန်အထိ အခန်း ၁၅၀၀ကျော် ကြိုတင်အမှာစာပေးပို့ထားပြီးဖြစ်သည်ဟုလည်း အရောင်းကိုယ်စားလှယ်များက​ပြောသည်။

တန်ဖိုးနည်းတိုက်ခန်းများကို ဇန်နဝါရီလကုန်တွင် စတင်ရောင်းချရန် စီစဉ်ထားသည်ဟုလည်း အရောင်းကိုယ်စားလှယ်များက​ပြောသည်။

NUG၏ စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီးဌာနကSpring Yangon Investment အဆင့်-၃ကို ရဲရင့်နွေဦး ကွန်ဒိုတိုက်ခန်းနှင့် နွေဦးစံရိပ်မွန်အိမ်ယာဟူ၍ နှစ်ပိုင်းခွဲ၍ရောင်းချနေခြင်းဖြစ်သည်။

ရဲရင့်နွေဦး ကွန်ဒိုတိုက်ခန်းများကို ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းဘေးရှိ စစ်တပ်သိမ်းယူထားသည့် ၁၀၆ တပ်ပိုင်မြေတွင်ဆောင်ရွက်မှာဖြစ်သည်။ ထိုမြေနေရာသည်ကမ္ဘာအေးဘုရားလမ်းဘေးရှိ Mecure Yagon ဟိုတယ်ဘေးကပ်လျက်တည်ရှိသည်။

နွေဦးစံရိပ်မွန် အိမ်ယာများတွင်လှိုင်သာယာ၊ဘုရင့်နောင် တံတားအဆင်းဘယ်ဘက်ရှိ စစ်ကောင်စီတပ်ပိုင်မြေဧက ၂၀၀၊ တောင်ဒဂုံမြို့နယ်ရှိ အမှတ် (၂) လမ်းမကြီးဘေးရှိ စစ်ကောင်စီ တပ်ရင်း ၃ မြေနေရာ နှင့် မင်္ဂလာဒုံ၊လေဆိပ်လမ်းဆုံအကျော် သီရိမင်္ဂလာလမ်းအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ တပ်ပိုင်မြေ ၈၀တွင် အိမ်ရာများအကွက်​ဖော်​ရောင်းချနေခြင်းဖြစ်သည်။

You May Also Like

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မကြာသေးမီကလည်း ကော်ဘရာ စစ်ကြောင်းနှင့် ဒေါနစစ်ကြောင်း၏ စစ်သင်တန်းဆင်းပွဲများ၌ ရဲဘော်များအား လက်နက်များ ပေးအပ်ခဲ့သည်။

သတင်း

ဇန်နဝါရီ ၂၃ ရက်နေ့ရက်စွဲဖြင့် အတည်ပြုထုတ်ပြန်ခဲ့သော အွန်လိုင်းအခြေပြု ပြည်သူ့ပညာရေးကျောင်းများတွင် ဖက်ဒရယ်ပညာရေးကျောင်းပေါင်း (၃၃)ကျောင်းပါဝင်သည်။

သတင်း

တိုက်ပွဲဖြစ်ပွားရာနေရာသည် မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ် နယ်စပ်တွင်တည်ရှိပြီး မိုင်းဟုန်းကျေးရွာအပြင် အနီးရှိ ပင်တပြေကျေးရွာမှ ဒေသခံပြည်သူများပါ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

သတင်း

အကြမ်းဖက်စစ်အုပ်စုသည် ပြည်သူများအား ဦးတည်ချက်ထားသည့် လေကြောင်းတိုက်ခိုက်မှုများကို မြန်မာပြည်အနှံ့အပြားတွင် ကျူးလွန်နေသည်ဟု NUG က ဖော်ပြသည်။