Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မတ္တရာနယ်တွင် စစ်ကောင်စီရွေးကောက်ပွဲအတွက် စာရင်းကောက်နေသောအဖွဲ့ကို ဒရုန်းဖြင့်တိုက်ခိုက်

ဗုံးသီးချတိုက်ခိုက်မှုကြောင့် စစ်အုပ်စု၏ ထိခိုက် မှုအခြေအနေကိုမသိရသေးဘဲ မဟာမိတ်အဖွဲ့များဘက်ကမူ အထိအခိုက်မရှိဟုဆိုသည်။

မတ္တရာနယ်တွင် စစ်ကောင်စီရွေးကောက်ပွဲအတွက် စာရင်းကောက်နေသောအဖွဲ့ကို ဒရုန်းဖြင့်တိုက်ခိုက်
မတ္တရာနယ်တွင် စစ်ကောင်စီရွေးကောက်ပွဲအတွက် စာရင်းကောက်နေသောအဖွဲ့ကို ဒရုန်းဖြင့်တိုက်ခိုက်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် စစ်ကောင်စီရွေးကောက်ပွဲအတွက် စာရင်းလိုက်ကောက်နေသောအဖွဲ့အား ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း Unicorn Guerrilla Force ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဇန်နဝါရီ ၂၃ ရက်က မတ္တရာမြို့နယ်ရှိ ဟင်္သာကုန်းကျေးရွာတွင် စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲအတွက် စာရင်းလိုက်လံကောက်ယူနေသော အဖွဲ့နှင့် စစ်ကောင်စီတပ်သားများအား မဟာမိတ်များက ဒရုန်းလေးစီးဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Unicorn Guerrilla Force ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“လာတဲ့အဖွဲ့ထဲမှာ လဝကပါတယ်။ စကစ အင်အား ၂၀နဲ့လာတာ။”ဟု Unicorn Guerrilla Force ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဗုံးသီးချတိုက်ခိုက်မှုကြောင့် စစ်အုပ်စု၏ ထိခိုက် မှုအခြေအနေကိုမသိရသေးဘဲ မဟာမိတ်အဖွဲ့များဘက်ကမူ အထိအခိုက်မရှိဟုဆိုသည်။

အဆိုပါ စစ်ဆင်ရေးကို ဗိုလ်ကောင်းကင်၏ တော်လှန်ရေးအင်အားစု၊ ADRF (Madaya)၊SKY HERO (Madaya)၊ A B R F – Madaya၊ဒေါင်းစစ်သည် (Madaya)၊နတ်ဆိုး‌မြေအောက် တော်လှန်ရေးတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ကရင်ပြည်နယ်တို့တွင်လည်း အာဏာသိမ်းစစ်ကောင်စီ၏ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်နေသည့် ထွေအုပ်ရုံးများ၊ လဝကရုံးများအား ဒေသတွင်းတော်လှန်ရေးအင်အားစုများက တိုက်ခိုက်နေသည်။

You May Also Like

သတင်း

စစ်ကောင်စီတပ်သည် ထန်တလန်မြို့နယ်ရှိ ချင်းအမျိုးသားတပ်ဦး(CNF/CNA) ဌာနချုပ်နှင့် မင်းတပ်မြို့နယ်ရှိ ချင်းကာကွယ်ရေးတပ်(CDF) တပ်စခန်းနေရာ၊ ပြည်သူလူထုနေထိုင်ရာနေရာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာနေရာများအား ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း - ၁၅ တပ်ခွဲ (၁) Eagle Guerrilla Force အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

ယမန်နေ့(ဇန်နဝါရီလ၂၃ရက်) နံနက် ၇နာရီခန့်က ဝက်လက်မြို့နယ်၊ လှတောကျေးရွာမှ ထွက်ခွာလာသော ခမရ(၁၁)မှ စစ်ကောင်စီတပ့်နှင့် ပျူစောထီး စုစုပေါင်း ၆၅ဦးခန့်နှင့် ဒေသတွင်း တော်လှန်ရေးအင်အားစုများ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဗီဒီယို

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒီမစ်ထရီ ပက်စ်ကော့ဗ်က အစိုးရရဲ့ အရေးပါတဲ့ ရုံးဌာနတွေနားမှာ ကာကွယ်ရေး အစီအမံတွေ တိုးမြှင့်ထားတယ်လို့ အတည်ပြုပေမယ့် ပူတင်ရဲ့ အိမ်နားမှာ လေကြောင်းကာကွယ်ရေး စနစ်တစ်ခု ချထားတယ် ဆိုတာကိုတော့ ဘာမှတ်ချက်မှ မပေးခဲ့ပါဘူး။