Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အာဏာသိမ်းသည့် (၂)နှစ်ပြည့်‌ ဖေဖော်ဝါရီ ၁ရက်တွင် အသံတိတ်သပိတ်ပြုလုပ်ရန် တိုက်တွန်း

အသံတိတ်သပိတ်ကို နံနက် ၁၀ နာရီမှ နေ့လည် ၁၂ နာရီအထိ (၂)နာရီသာ ပြုလုပ်မည်ဖြစ်ပြီး ပြည်သူများအနေဖြင့် လိုအပ်သည့် ပစ္စည်းများကို ဝယ်ယူထားကာ အသံတိတ်သပိတ်၌ ပါဝင်ပေးရန် DYCက မေတ္တာရပ်ခံထားသည်။

အာဏာသိမ်းသည့် (၂)နှစ်ပြည့်‌ ဖေဖော်ဝါရီ ၁ရက်တွင် အသံတိတ်သပိတ်ပြုလုပ်ရန် တိုက်တွန်း
အာဏာသိမ်းသည့် (၂)နှစ်ပြည့်‌ ဖေဖော်ဝါရီ ၁ရက်တွင် အသံတိတ်သပိတ်ပြုလုပ်ရန် တိုက်တွန်း

အကြမ်းဖက်စစ်ကောင်စီ အာဏာသိမ်းသည့် (၂)နှစ်ပြည့်‌ ဖေဖော်ဝါရီ ၁ရက်တွင် အသံတိတ် သပိတ်ပြုလုပ်ရန် ဒီမိုကရက်တစ်လူငယ်ကောင်စီ (Democratic Youth Council-DYC)က ပြည်သူများအား တိုက်တွန်းထားသည်။

“ဒီ (၂)နှစ်တာကာလမှာ ကျွန်တော်တို့ပြည်သူတွေဟာ စစ်အာဏာရှင်ရဲ့အမိန့်ဟူသမျှ ဖီဆန်ပြီး အဖက်ဖက်က တိုက်ပွဲဝင်နေကြပါတယ်။၂နှစ်ကြာတဲ့အထိ ကျွန်တော်တို့သွေးတွေ မအေးသေးပါဘူး။ အကြမ်းဖက်စစ်တပ်ကို ရွံရှာမုန်းတီးနေဆဲဖြစ်တဲ့ ပြည်သူ့အင်အားကို ၁ရက်နေ့မှာ အသံတိတ်သပိတ်ပြုလုပ်ပြီး ပြသကြပါမယ်။”ဟု DYC က တိုက်တွန်းထားသည်။

အသံတိတ်သပိတ်ကို နံနက် ၁၀ နာရီမှ နေ့လည် ၁၂ နာရီအထိ (၂)နာရီသာ ပြုလုပ်မည်ဖြစ်ပြီး ပြည်သူများအနေဖြင့် လိုအပ်သည့် ပစ္စည်းများကို ဝယ်ယူထားကာ အသံတိတ်သပိတ်၌ ပါဝင်ပေးရန် DYCက မေတ္တာရပ်ခံထားသည်။

အကြမ်းဖက်စစ်ကောင်စီသည် ၂၀၂၁ ဖေဖော်ဝါရီ (၁)ရက်တွင် နိုင်ငံ့ခေါင်းဆောင်များအပါအဝင် နိုင်ငံရေးနှင့်ပတ်သက်သူများကို မတရားသဖြင့် ဖမ်းဆီးပြီး အာဏာလုယူခဲ့သည်။

“အာဏာရူးတစ်သိုက်က ၁ရက်နေ့မှာ တပ်ထောက်ခံပွဲပြုလုပ်ကြမည်ဖြစ်ပါသဖြင့် အကြမ်းဖက်အားပေးများ အနီးမှာ မနေပါနဲ့”ဟု GYC က အကြံပြုထားသည်။

အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းသည့်ကာလအတွင်း အသံတိတ်သပိတ်ပြုလုပ်မှုများသည် အောင်မြင်ခဲ့သောကြောင့် စစ်ကောင်စီက ယင်းသပိတ်ပြုလုပ်မည့် အချိန်များတွင် ဆိုင်များမပိတ်ရန် ဖိအားပေး အကြမ်းဖက်မှုများရှိခဲ့သည်။

You May Also Like

ဗီဒီယို

ပြင်သစ် အစိုးရကတော့ ဘာကီနာဖာဆိုက စစ်တပ်တွေ ကတိုက်ကရိုက် ရုပ်သိမ်းမလား ဆိုတာကို အတည်မပြုသေးပေမယ့် ဘာကြောင့် အခုလို အသည်းအသန် တပ်ရုပ်ခိုင်းနေသလဲ ဆိုတာကို စုံစမ်း မေးမြန်းသွားမယ်လို့ ပြောပါတယ်။

သတင်း

စစ်ကောင်စီရဲ့စာရင်းအရ အဲဒီ ၉ ရုံးမှာ ရေစကြို ၊ မြိုင် ၊ မြင်းမူ နဲ့ ဆားလင်းကြီးရုံးတွေဟာ ၂၀၂၃ ခုနှစ် ၊ ဇန်နဝါရီလ မှာ မှ မီးရှို့ခံရတာဖြစ်ပါတယ်။

သတင်း

စစ်​ကောင်စီတပ်ကအကြမ်းဖက်မီးရှို့ဖျက်ဆီး​နေတဲ့ အချက်အလက်​တွေကို Data For Myanmar က စုစည်း​ပြီးမှတ်တမ်းတင်​ပေး​နေတာဖြစ်ပါတယ်။

နိုင်ငံတကာ

ဂူတာရက်စ်က ရုရှားရဲ့ ကျူးကျော်စစ်ကို လူ့အခွင့်အရေး ကပ်ဘေးတစ်ခုလို့ ခိုင်းနှိုင်း သုံးနှုန်းခဲ့ပြီး လက်ရှိ မျိုးဆက်က ကလေးတွေကို စိတ်ထိခိုက် နာကျင်စေရုံ မကဘဲ ကမ္ဘာအနှံ့မှာ စားနပ်ရိက္ခာနဲ့ တခြား အရင်းအမြစ် ပြတ်လပ်မှုတွေကိုပါ ဖြစ်ပေါ်စေခဲ့တယ်လို့လည်း ဆိုပါတယ်။