Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပြောက်ကျားတပ်ခွဲမှ မွမ်းမံသင်တန်း အောင်မြင်စွာပြုလုပ်နိုင်ခဲ့ဟု မိုးဗြဲPDF အသိပေး

ရှမ်း – ကယား(ကရင်နီ)ဒေသအစပ်ရှိ မိုးဗြဲမြို့သည် စစ်ရေးအရအရေးပါသည့် နယ်မြေဖြစ်ပြီး တိုက်ပွဲများမကြာခဏ ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီ တပ်အထိနာသည့် ဒေသဖြစ်သည်။

(MBPDF တပ်ခွဲ(၄) ပြောက်ကျားတပ်ခွဲမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - MBPDF)
(MBPDF တပ်ခွဲ(၄) ပြောက်ကျားတပ်ခွဲမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - MBPDF)

ပြောက်ကျားတပ်ခွဲမှ မွမ်းမံသင်တန်းကို တောတွင်းတစ်နေရာတွင် အောင်မြင်စွာပြုလုပ်နိုင်ခဲ့ကြောင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တပ်မဟာ (၁၀)၊ ၁၀၀၁ တပ်ရင်း၊ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF)က ယနေ့ အသိပေးထုတ်ပြန်သည်။

MBPDF၏ (တပ်ခွဲ-၄) ပြောက်ကျားတပ်ခွဲမှ မွမ်းမံသင်တန်းတွင် ရဲဘော်များကို နိုင်ငံရေးအတွေးအမြင်များ၊ တော်လှန်ရေး ဗဟုသုတများ၊ ဖက်ဒရယ်ဒီမိုကရေစီဆိုင်ရာမူဝါဒများနှင့် စစ်အာဏာရှင်စနစ်အကြောင်းများကို ဝေမျှပေးခဲ့သည်ဟု ဆိုသည်။

(MBPDF တပ်ခွဲ(၄) ပြောက်ကျားတပ်ခွဲမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - MBPDF)
(MBPDF တပ်ခွဲ(၄) ပြောက်ကျားတပ်ခွဲမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ – MBPDF)

“တော်လှန်ရေး ရေချိန်မြင့်လာတဲ့တပြိုင်တည်း ကျွန်တော်တို့ ရပ်တည်ချက်တွေ ပိုခိုင်မာအောင်ရယ်၊ ရှေ့ဆက်လုပ်ဆောင်မယ့် အပိုင်းတွေကို ပူးပေါင်း ဆွေးနွေးခဲ့ပါတယ်”ဟု MBPDF တာဝန်ရှိသူက လူထုနွေဦးသို့ ​ပြောသည်။

ထို့အပြင် စစ်အာဏာရှင်စနစ်အပြီးတိုင်တိုက်ပွဲဝင်သွားမည်ဟုလည်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)က အသိပေးသည်။

(MBPDF တပ်ခွဲ(၄) ပြောက်ကျားတပ်ခွဲမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - MBPDF)
(MBPDF တပ်ခွဲ(၄) ပြောက်ကျားတပ်ခွဲမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ – MBPDF)

ရှမ်း – ကယား(ကရင်နီ)ဒေသအစပ်ရှိ မိုးဗြဲမြို့သည် စစ်ရေးအရအရေးပါသည့် နယ်မြေဖြစ်ပြီး တိုက်ပွဲများမကြာခဏ ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီ တပ်အထိနာသည့် ဒေသဖြစ်သည်။

You May Also Like

သတင်း

လက်ရှိ ဖယ်ခုံမြို့နယ်ရှိ ဖယ်ခုံ - မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ် PDFများနှင့် စစ်ကောင်စီတပ် တို့သည် အချိန်၊ နေရာကန့်သတ်မှုမရှိဘဲ တိုက်ပွဲများ ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပေါ်နေသည်ဟုလည်း ဆိုသည်။

သတင်း

ထို့အပြင် သေဆုံးသူ နှစ်ဦးထံမှ (၉)မမ ပစ္စတို(၂)လက်၊ ကျည်(၁၂)တောင့်၊ ယာဥ်လိုင်စင်နှင့် စာရွက်စာတမ်းအချို့အား သိမ်းဆည်းရရှိခဲ့ပြီး မော်တော်ယာဥ်အား မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဖော်ပြသည်။

သတင်း

ကရင်နီပူး​ပေါင်းတပ်များက စစ်​ကောင်စီတပ်၏ မယ်စ​လောင်း​တောင်ကုန်း စခန်းကိုတိုက်ခိုက်သိမ်းပိုက်၍ မီးရှို့ခဲ့သည်ကို လွိုင်​ကော်PDF ကသတင်းဓါတ်ပုံပါထုတ်ပြန်သည်။

သတင်း

JCC-CDM တွင် အတည်ပြုပြီး ပေးပို့တင်ပြထားသော နိုင်ငံ့ဝန်ထမ်း CDM မူဝါဒစာတမ်းကို NUCC က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။