Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဝက်လက်နယ်တွင် စစ်ကောင်စီတပ်နှင့်တော်လှန်ရေးအင်အားစုများ တိုက်ပွဲဖြစ်

ယမန်နေ့(ဇန်နဝါရီလ၂၃ရက်) နံနက် ၇နာရီခန့်က ဝက်လက်မြို့နယ်၊ လှတောကျေးရွာမှ ထွက်ခွာလာသော ခမရ(၁၁)မှ စစ်ကောင်စီတပ့်နှင့် ပျူစောထီး စုစုပေါင်း ၆၅ဦးခန့်နှင့် ဒေသတွင်း တော်လှန်ရေးအင်အားစုများ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဝက်လက်နယ်တွင် စစ်ကောင်စီတပ်နှင့်တော်လှန်ရေးအင်အားစုများ တိုက်ပွဲဖြစ်
ဝက်လက်နယ်တွင် စစ်ကောင်စီတပ်နှင့်တော်လှန်ရေးအင်အားစုများ တိုက်ပွဲဖြစ်

စစ်အုပ်စုက ကျေးရွာနှစ်ရွာကို မီးရှို့ဖျက်ဆီးသွား

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်းတော်လှန်ရေးအင်အားစုများ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ကျေးရွာနှစ်ရွာကို မီးရှို့ဖျက်ဆီးသွားသည်။

ယမန်နေ့(ဇန်နဝါရီလ၂၃ရက်) နံနက် ၇နာရီခန့်က ဝက်လက်မြို့နယ်၊ လှတောကျေးရွာမှ ထွက်ခွာလာသော ခမရ(၁၁)မှ စစ်ကောင်စီတပ့်နှင့် ပျူစောထီး စုစုပေါင်း ၆၅ဦးခန့်နှင့် ဒေသတွင်း တော်လှန်ရေးအင်အားစုများ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီစစ်ကြောင်းမှ ၁၀ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိသွားပြီး ရဲဘော်တစ်ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း GZ Specail Task Forceက အသိပေးသည်။

စစ်ကောင်စီစစ်ကြောင်းမှာ အထိနာသွားသဖြင့် ဝက်လက်မြို့အတွင်းသို့ မွန်းလွဲ ၁နာရီခွဲခန့်တွင် ဆုတ်ခွာသွားခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

တိုက်ပွဲဖြစ်စဥ်နှင့်ပတ်သက်၍ GZ Specail Task Forceအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

အဆိုပါ စစ်ဆင်ရေးကို GZ Specail Task Forceပင်မအဖွဲ့နှင့်တပ်ခွဲများဖြစ်သော တပ်ခွဲ(၁) ဘွားကြီးတပ်ခွဲဲ၊တပ်ခွဲ(၂)Scorpion Kingတပ်ခွဲ၊မြို့​​ပြတပ်ခွဲ MDFတပ်ဖွဲ့နှင့် နယ်မြေခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ ပါဝင်ခဲ့ကြောင်း အသိပေးထားသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သည် ဝက်လက်မြို့နယ် မကျီးတုံကျေးရွာရှိ ဒေသခံပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၂၀၀ခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်းဒေသခံများက ပြောသည်။

ယနေ့ (ဇန်နဝါရီလ ၂၄ ရက်)တွင်လည်း စစ်ကောင်စီတပ်သည် ပင်းဇင်းကျေးရွာနေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

You May Also Like

သတင်း

ယမန်နေ့ (ဇန်နဝါရီ ၂၄ ရက်)က ငါန်းဇွန်မြို့နယ်၊ မြို့သာမှ ထောက်ပို့ထွက်လာသော စစ်ကောင်စီတပ်နှင့်ရဲများ၏ ဆိုင်ကယ် နှစ်စီး နှင့် ကားတစ်စီးအနက် ဆိုင်ကယ်ကို လွှတ်ပေးပြီး ကားကို အဓိကထား မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီတပ်သည် ထန်တလန်မြို့နယ်ရှိ ချင်းအမျိုးသားတပ်ဦး(CNF/CNA) ဌာနချုပ်နှင့် မင်းတပ်မြို့နယ်ရှိ ချင်းကာကွယ်ရေးတပ်(CDF) တပ်စခန်းနေရာ၊ ပြည်သူလူထုနေထိုင်ရာနေရာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာနေရာများအား ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း - ၁၅ တပ်ခွဲ (၁) Eagle Guerrilla Force အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

ဗုံးသီးချတိုက်ခိုက်မှုကြောင့် စစ်အုပ်စု၏ ထိခိုက် မှုအခြေအနေကိုမသိရသေးဘဲ မဟာမိတ်အဖွဲ့များဘက်ကမူ အထိအခိုက်မရှိဟုဆိုသည်။