Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဝက်လက်မြို့နယ်တွင် စစ်အု​ပ်စုနှင့် ဒေသတွင်း PDFများ တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုထိခိုက်မှုရှိ

ဝက်လက်မြို့နယ်၊ ရွှေဘို – မန္တလေးလမ်းမကြီးပေါ်၊ စိုင်နိုင်ကွေ့ရှိ စစ်ကောင်စီတပ်များသည် PDF အယောင်ဆောင်၍ပါ ပြည်သူများအား ခြိမ်းခြောက်စစ်ဆေးငွေတောင်းလေ့ရှိကြောင်း ဒေသခံများက ပြောသည်။

စစ်ဆင်ရေးတစ်ခုတွင် တွေ့ရသည့် PAFD ရဲဘော်တစ်ဦး၊ ဓာတ်ပုံ-PAFD
စစ်ဆင်ရေးတစ်ခုတွင် တွေ့ရသည့် PAFD ရဲဘော်တစ်ဦး၊ ဓာတ်ပုံ-PAFD

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် ဘုန်းကြီးကျောင်း၌ တပ်စွဲရန်ပြင်နေသည့် စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDFများ ၁နာရီခွဲခန့် တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုသေဆုံးထိခိုက်မှုများရှိကြောင်း People’s Army To Fight Dictatorship အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့ (PAFD)က သတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ ၈ ရက် မွန်းလွဲ ၁နာရီခွဲခန့်က ရွှေဘို-မန္တလေးလမ်းမကြီးပေါ် စိုင်နန်ကွေ့၌ တပ်စွဲထားသော စစ်​ကောင်စီတပ်များသည် ဝက်လက်မြို့နယ် အောင်တိုက်ကုန်းကျေးရွာသို့ အင်အား၈၀ခန့်ဖြင့် စစ်ကြောင်းထိုးလာပြီး ကျေးရွာဘုန်းကြီးကျောင်းအတွင်း၌ အထိုင်ချနေခဲ့သည်။

ထိုစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် ရာ အပြန်အလှန်ပစ်ခတ်မှု ၁နာရီခွဲခန့်ကြာမြင့်ခဲ့ကြောင်း PAFD၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“အဲဒီရွာဘုန်းကြီးကျောင်းထဲမှာ တပ်စွဲဖို့ပြင်နေတဲ့အချိန် ကျွန်တော်တို့က ဝင်တိုက်တာ။မီးရှို့ချိန်ကိုမရဘူး။ တချို့ကလည်း စိုင်နိုင်ကွေ့ကိုပြန်ပြေးကြတယ်။ တချို့ကလည်း ဝက်လက်ဘက် ကိုပြန်ပြေးကြတယ်။ သူတို့ဘာမှကိုမလုပ်နိုင်တဲ့အချိန်မှာ တော်လှန်ရေးအဖွဲ့တွေက စီးနိုင်တဲ့သဘောဖြစ်သွားတယ်။”ဟု PAFD၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိသွားကြောင်း၊ တော်လှန်ရေးရဲဘော်များထိခိုက်မှုမရှိခဲ့ကြောင်း PAFDက ဆိုသည်။

စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ယင်းစစ်ဆင်ရေးကို People’s Army To Fight Dictatorship (PAFD)ဝက်လက်တပ်ခွဲမှူး ဗိုလ်လှိုင်ဘွားဦးဆောင်၍ တပ်စိပ်(၁)၊တပ်စိပ်(၂)၊ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့် (PAFD)တပ်ခွဲ DK PDF(MMU)တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

ဝက်လက်မြို့နယ်၊ ရွှေဘို – မန္တလေးလမ်းမကြီးပေါ်၊ စိုင်နိုင်ကွေ့ရှိ စစ်ကောင်စီတပ်များသည် PDF အယောင်ဆောင်၍ပါ ပြည်သူများအား ခြိမ်းခြောက်စစ်ဆေးငွေတောင်းလေ့ရှိကြောင်း ဒေသခံများက ပြောသည်။

You May Also Like

သတင်း

ထိုစစ်ဆင်ရေးများကို မြိုင်မြို့နယ်ပြည်သူ့ကွာကွယ်ရေးတပ်ဖွဲ့ ( မြိုင်-ပကဖ) တပ်ရင်း( ၁ ) တပ်ခွဲ - ၁ နှင့် တပ်ခွဲ - ၂ ( ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ဒိုးဝိုင်းချောင်းလမ်းတွင် မြို့ပြပြောက်ကျားစစ်ဆင်ရေးအဖွဲ့က မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့သည်ဟုလည်း PDFကလေးက ဆိုသည်။

သတင်း

စစ်ကောင်စီ လက်ချက်ဖြင့် သေဆုံးခဲ့ရသူ အားလုံးအနက် အမျိုးသမီးဦးရေမှာ ၁၃.၁ ရာခိုင်နှုန်းပါဝင်ပြီး စစ်ကိုင်းတိုင်းမှ ၁၇၁ ဦးဖြင့် အများဆုံးဖြစ်သည်။

သတင်း

စစ်ကောင်စီတပ်သည် မင်းတပ်မြို့နယ်အတွင်း လေကြောင်းကင်းထောက်မှု၊ တိုက်လေယာဉ် ပျံသန်းမှုများ ဆက်တိုက်ပြုလုပ်နေပြီး မြို့နယ်အတွင်း တယ်လီဖုန်းလိုင်းများ ဖြတ်တောက်ထားကြောင်း မင်းတပ်CDFက ဆိုသည်။