Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျုံဒိုးမြို့အနီး တိုက်ပွဲ စစ်ကောင်စီတပ်အထိနာဟုဆို

တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဘက်မှကျဆုံးသူ (၄၀)ဦး နှင့် အထက်ရှိပြီး မိမိတို့ဘက်မှ ထိခိုက်ဒဏ်ရာရရှိသူအနည်းငယ်သာရှိခဲ့သည်ဟု ဗိုလ်အယ်စေးဝါးအဖွဲ့က ထုတ်ပြန်ထားသည်။စစ်​ကောင်စီတပ်သေဆုံး ထိခိုက်မှုအခြေအနေကို People’s Spring က သီးခြားအတည်မပြုနိုင်သေးပေ။

(စစ်​ကောင်စီတပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်၍ ပြည်သူ့​နေအိမ်များမီး​လောင်ကျွမ်း​နေစဥ်။ဓါတ်ပုံ- Lion Battalion Commando)
(စစ်​ကောင်စီတပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်၍ ပြည်သူ့​နေအိမ်များမီး​လောင်ကျွမ်း​နေစဥ်။ဓါတ်ပုံ- Lion Battalion Commando)

ကရင်ပြည်နယ် ကျုံဒိုးမြို့အနီး ကျေးရွာများသို့ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေပြီး ထိတွေ့တိုက်ပွဲများလည်းဖြစ်ပွားနေကြောင်း KTL Army ဗျူဟာမှူး ဗိုလ်အယ်စေးဝါးဦးဆောင်သည့် Lion Battalion Commando – ဗျူဟာစစ်ကြောင်းကယ​နေ့(ဇန်နဝါရီ ၂၅ )သတင်းထုတ်ပြန်သည်။

အဆိုပါဒေသ၌ ဇန်နဝါရီ ၂၀ရက်မှစတင်ခဲ့ပြီးယမန်နေ့ (ဇန်နဝါရီ ၂၄ရက်)တွင် တိုက်ပွဲ ပိုမိုပြင်းထန်ကာ ယနေ့ မွန်းလွဲပိုင်းအထိ စစ်ရေးတင်းမာနေဆဲဟုသိရသည်။

ကရင်ပြည်နယ် ၊ ကော့ကရိတ်မြို့နယ် ၊ ကျုံဒိုးမြို့အနီးရှိကမ်းနီ ၊ မိဂလုံ ၊ ကော့ဘိန်း အစရှိသည့်ကျေးရွာများတွင်အကြမ်းဖက်စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ကူများဖြင့် ပစ်ခတ်ရာ ဒေသခံပြည်သူများ၏ နေအိမ်ပေါ်များသို့ကျရောက်ပေါက်ကွဲကာ နေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း အသိပေးထားသည်။

ဗျူဟာမှူးဗိုလ်အယ်စေးဝါးဦးဆောင်သောအဖွဲ့ အပါအဝင် အခြားသော ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များ နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီတပ်က လေကြောင်း ပစ်ကူပေးခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်းများပြု လုပ်​နေသည်ဟုဆိုသည်။ Mi-35 ရဟတ်ယာဥ်ဖြင့် စစ်​ကောင်စီတပ်က ပစ်ကူ​ပေးခြင်းဖြစ်​ကြောင်းသိရသည်။

တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဘက်မှကျဆုံးသူ (၄၀)ဦး နှင့် အထက်ရှိပြီး မိမိတို့ဘက်မှ ထိခိုက်ဒဏ်ရာရရှိသူအနည်းငယ်သာရှိခဲ့သည်ဟု ဗိုလ်အယ်စေးဝါးအဖွဲ့က ထုတ်ပြန်ထားသည်။စစ်​ကောင်စီတပ်သေဆုံး ထိခိုက်မှုအခြေအနေကို People’s Spring က သီးခြားအတည်မပြုနိုင်သေးပေ။

ကော့ကရိတ်ဒေသခံတစ်ဦးကမူ ကျုံဒုံးဒေသ၌ စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းပစ်ခတ်ခြင်း၊ တော်လှန်ရေးအင်အားစုများက ဒရုန်းအသုံးပြု ပြန်လည်တိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း၊ ဒေသခံများ စစ်ရှောင်နေကြရကြောင်း ပြောကြားသည်။

You May Also Like

သတင်း

နမ္မားမြို့မှဦးတင်ညွှန့်ဆိုသူအမျိုးသားသည် ဇန်နဝါရီ ၂၄ ရက် နံနက်ပိုင်းက မြို့ပေါ်လက်ဖက်ရည်ဆိုင်တစ်ဆိုင်အတွင်း သေနတ်ဖြင့် ပစ်ခတ်ခံရပြီးနောက် သေဆုံးသွားခြင်းဟုဒေသခံများကပြောသည်။

သတင်း

သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သား ၂ဦးသည် ကျော်ဘုတ်ရပ်ကွက် စစ်ကောင်စီ ဂိတ်စောင့်တပ်သားများကို ထမင်းလိုက်ပို့သည့် စစ်သားများ ဖြစ်ပြီး ၎င်းတို့ကို ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

သတင်း

စစ်ကောင်စီတပ် လက်အောက်ခံ BFGနှင့် စစ်ကောင်စီ ပူးပေါင်းတပ်က ကော့နွှဲ့ ရွာအတွင်း ဝင်ရောက်နေရာယူထားသကဲ့သို့ ဒေသခံများအား နေရပ်ပြန်ခွင့်မပြုသေးဟု ဆိုသည်။

သတင်း

ဘုရားသုံဆူးဒေသအတွင်းရှိ သတ္တုမိုင်းလုပ်ကွက်နေရာကို ယနေ့ ဇန်နဝါရီလ(၂၅)ရက် နံနက်တစ်နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်မှ လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သတ္တုမိုင်းလုပ်ကွက်အတွင်းရှိ အဆောက်အဦးများ ထိခိုက်ပျက်စီးသွားခဲ့သည်ဟု ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။