Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်​​ကောင်စီရွေး​ကောက်ပွဲအတွက်စည်းရုံး​နေ​သော​ရွေး​ကောက်ပွဲရှုံးအမတ်​လောင်းတစ်ဦး​သေနတ်ဖြင့်ပစ်သတ်ခံရ

နမ္မားမြို့မှဦးတင်ညွှန့်ဆိုသူအမျိုးသားသည် ဇန်နဝါရီ ၂၄ ရက် နံနက်ပိုင်းက မြို့ပေါ်လက်ဖက်ရည်ဆိုင်တစ်ဆိုင်အတွင်း သေနတ်ဖြင့် ပစ်ခတ်ခံရပြီးနောက် သေဆုံးသွားခြင်းဟုဒေသခံများကပြောသည်။

( ၂၀၂၀ ​ရွေး​ကောက်ပွဲတွင် ရှမ်းနီ(တိုင်းလျန်)​သွေးစည်းညီညွတ်​ရေးပါတီ ကိုယ်စားပြုယှဥ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့​​သော၊စစ်​ကောင်စီ​ရွေး​ကောက်ပွဲအတွက်စည်းရုံး​နေ​သော ဦးတင်ညွှန့် ။ ။ဓါတ်ပုံ-CJ)
( ၂၀၂၀ ​ရွေး​ကောက်ပွဲတွင် ရှမ်းနီ(တိုင်းလျန်)​သွေးစည်းညီညွတ်​ရေးပါတီ ကိုယ်စားပြုယှဥ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့​​သော၊စစ်​ကောင်စီ​ရွေး​ကောက်ပွဲအတွက်စည်းရုံး​နေ​သော ဦးတင်ညွှန့် ။ ။ဓါတ်ပုံ-CJ)

နမ္မားမြို့တွင် စစ်ကောင်စီ၏ရွေးကောက်ပွဲအတွက်လိုက်လံစည်းရုံးနေသော ရှမ်းနီပါတီဝင် ​၂၀၂၀ရွေး​ကောက်ပွဲရှုံးလွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦး ပစ်ခတ်သတ်ဖြတ်ခံလိုက်ရ​ကြောင်း​ဒေသခံများ​ပြောသည်။

နမ္မားမြို့မှဦးတင်ညွှန့်ဆိုသူအမျိုးသားသည် ဇန်နဝါရီ ၂၄ ရက် နံနက်ပိုင်းက မြို့ပေါ်လက်ဖက်ရည်ဆိုင်တစ်ဆိုင်အတွင်း သေနတ်ဖြင့် ပစ်ခတ်ခံရပြီးနောက် သေဆုံးသွားခြင်းဟုဒေသခံများကပြောသည်။

” ဦးတင်ညွန့်က ရှမ်းနီပါတီက။ ကြံ့ခိုင်ရေးပါတီဝင်တွေ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ပေါင်းတယ်။ ရွေးကောက်ပွဲအတွက်လည်း လိုက်စည်းရုံးနေတဲ့သူ။ သူသေနတ်နဲ့ပစ်သတ်ခံလိုက်ရပါတယ်”ဟု နမ္မားမြို့ခံတစ်ဦးကပြောသည်။

လူသုံးဦးက လက်ဖက်ရည်ဆိုင်အတွင်းဝင်ရောက်ပစ်ခတ်သွားခြင်းဖြစ်ပြီး နောက်ဆက်တွဲအခြေအနေကို မသိရှိကြောင်း ဒေသခံများကပြောသည်။ မည်သည့်အဖွဲ့ကပစ်ခတ်သွားသည်ကိုလည်းမသိရ​​သေးပေ။

ဦးတင်ညွှန့်သည် ၂၀၂၀ ရှေပိုင်းကာလကပြည်​ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး​ရေးပါတီဝင်တစ်ဦးဖြစ်သည်။ထို့နောက်တွင်ကြံခိုင်ရေးပါတီမှနှုတ်ထွက်ကာရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ (SSP) သို့ ဝင်ရောက်ခဲ့သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် SSP ပါတီကိုယ်စားပြုကာကချင်ပြည်နယ် အမျိုးသားလွတ်တော်မဲဆန္ဒနယ်အမှတ် (၇) နေရာ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့သူဖြစ်သည်။

You May Also Like

သတင်း

စစ်ကောင်စီက မင်းတပ်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းအပေါ် CNFက သဘောထား ထုတ်ပြန်ရာ၌ အထက်ပါအတိုင်း ဖော်ပြခဲ့သည်။

သတင်း

သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သား ၂ဦးသည် ကျော်ဘုတ်ရပ်ကွက် စစ်ကောင်စီ ဂိတ်စောင့်တပ်သားများကို ထမင်းလိုက်ပို့သည့် စစ်သားများ ဖြစ်ပြီး ၎င်းတို့ကို ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

သတင်း

တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဘက်မှကျဆုံးသူ (၄၀)ဦး နှင့် အထက်ရှိပြီး မိမိတို့ဘက်မှ ထိခိုက်ဒဏ်ရာရရှိသူအနည်းငယ်သာရှိခဲ့သည်ဟု ဗိုလ်အယ်စေးဝါးအဖွဲ့က ထုတ်ပြန်ထားသည်။စစ်​ကောင်စီတပ်သေဆုံး ထိခိုက်မှုအခြေအနေကို People's Spring က သီးခြားအတည်မပြုနိုင်သေးပေ။

သတင်း

စစ်ကောင်စီစစ်ကြောင်းသည် ယမန်နေ့ည ၁၀ နာရီခန့်တွင် ဒီပဲယင်းမြို့နယ် ညောင်လှကျေးရွာအတွင်း ဝင်ရောက်သွားပြီး ယနေ့(ဇန်နဝါရီ ၂၅ရက်)နံနက်ပိုင်းအထိ ညောင်လှကျေးရွာအတွင်း ရှိနေသေးကြောင်း​ဒေသတွင်းသတင်းရင်းမြစ်များက​ပြောသည်။