Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဟောင်ကောင်ကုန်တင်သင်္ဘော နစ်မြှုပ်မှုမှာ ၂ ဦးသေဆုံး ၊ ၈ ဦးပျောက်ဆုံးနေဆဲ

လက်ရှိအချိန်ထိ ၈ ဦးပျောက်ဆုံးနေဆဲဖြစ်ပြီး ဂျပန် နဲ့တောင်ကိုရီးယား ကမ်းခြေစောင့်သင်္ဘောတွေ ၊ လေယာဉ်တွေအပြင် ကုန်တင်သင်္ဘော ၂ စင်းကလည်း ဆက်လက်ရှာဖွေနေဆဲလို့ AP ကဖော်ပြပါတယ်။

ဟောင်ကောင်ကုန်တင်သင်္ဘော နစ်မြှုပ်မှုမှာ ၂ ဦးသေဆုံး ၊ ၈ ဦးပျောက်ဆုံးနေဆဲ
ဟောင်ကောင်ကုန်တင်သင်္ဘော နစ်မြှုပ်မှုမှာ ၂ ဦးသေဆုံး ၊ ၈ ဦးပျောက်ဆုံးနေဆဲ

တောင်ကိုရီးယား နဲ့ ဂျပန် ကြား ပင်လယ်ပြင်မှာ မြန်မာနိုင်ငံသားတွေပါတဲ့ ဟောင်ကောင် ကုန်တင်သင်္ဘော မနေ့က နစ်မြှုပ်ရာသင်္ဘောအမှုထမ်း ၂၂ ဦးအနက် ၁၄ ဦး ကို ကယ်ဆယ်ရရှိပြီး ၂ ဦးသေဆုံးသွားတယ်လို့ AP သတင်းဌာနက ဖော်ပြပါတယ်။

နစ်မြှုပ်သွားတဲ့ ကုန်တင်သင်္ဘောပေါ်မှာ အမှုထမ်း ၂၂ ဦးပါပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ရာမှာ ၁၄ ဦးကို ကယ်ဆယ်နိုင်ခဲ့တာပါ။

အဲဒီ ၁၄ ဦးထဲက ၉ ဦးဟာ သတိမေ့မြောနေပြီး အသေအပျောက်စာရင်းကို တောင်ကိုရီးယား အာဏာပိုင်တွေက ချက်ချင်းအတည်ပြုမပြုပါဘူး။

အဲဒီနောက် ဆေးဝါးကုသမှု ပေးရမယ့် သင်္ဘောအမှုထမ်း ၁၀ ဦးကို ဂျပန်နိုင်ငံတောင်ပိုင်း နာဂါဆာကီမြို့ကို လေယာဉ်နဲ့ ခေါ်ယူသွားခဲ့ပေမယ့် ဆိုက်ရောက်ချိန်ရာမှာပဲ သေဆုံးသူ ၂ ဦးရှိခဲ့တယ်လို့ ဂျပန်အာဏာပိုင်တွေက အတည်ပြုပါတယ်။

ရှာဖွေကယ်ဆယ်လို့ရတဲ့ ၁၄ ဦး နဲ့ အဲဒီအထဲက သေဆုံးသွားသူ ၂ ဦးဟာ ဘယ်နိုင်ငံသားတွေ ဖြစ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

ကနဦးသတင်းတွေအရ သင်္ဘောပေါ်မှာ တရုတ်နိုင်ငံသား ၁၄ ဦးနဲ့မြန်မာနိုင်ငံသား ၈ ဦးပါတယ်လို့သိရပါတယ်။

လက်ရှိအချိန်ထိ ၈ ဦးပျောက်ဆုံးနေဆဲဖြစ်ပြီး ဂျပန် နဲ့တောင်ကိုရီးယား ကမ်းခြေစောင့်သင်္ဘောတွေ ၊ လေယာဉ်တွေအပြင် ကုန်တင်သင်္ဘော ၂ စင်းကလည်း ဆက်လက်ရှာဖွေနေဆဲလို့ AP ကဖော်ပြပါတယ်။

ဒါပေမယ့် ပင်လယ်ပြင်မှာ ရာသီဥတု ပြင်းထန်လို့ ရှာဖွေကယ်ဆယ်ရေးနှောင့်နေးနေတယ်လို့ တောင်ကိုရီးယားအာဏာပိုင်တွေက ပြောထားပါတယ်။

တန်ချိန် ၆,၅၅၁ တန် သယ်ဆောင်လာတဲ့ ဟောင်ကောင် ကုန်တင်သင်္ဘော Jin Tian ဟာ တောင်ကိုရီးယား ဂျယ်ဂျုကျွန်းကနေ တောင်ဘက် မိုင် ၉၃ ခန့်အကွာ ၊ ဂျပန် နာဂါဆာကီရဲ့ အနောက်တောင် ဘက် မိုင် ၁၀၀ ခန့်အကွာ ပင်လယ်ပြင်မှာ နစ်မြှုပ်ခဲ့တာပါ။

You May Also Like

သတင်း

ယနေ့နံနက် ၈နာရီခွဲခန့်က မရမ်းကုန်းမြို့နယ် (၁) ရပ်ကွက်အတွင်းနေထိုင်သည့် စစ်တပ်အရာရှိ ဗိုလ်မှူးဟောင်း ကျော်မင်းသန်းနှင့် ၎င်း၏ဇနီး စောမွန်မြတ်ဆိုသူ လင်မယားနှစ်ဦးကို ရန်ကုန် UG အဖွဲ့တစ်ခုက ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဗီဒီယို

WHOက ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမှာ ဖြစ်သလို အလားတူ အခြေအနေတွေ ပေါ်ပေါက်မလာအောင် နိုင်ငံ အသီးသီးရဲ့ အစိုးရတွေက နိုးနိုးကြားကြား ပြင်ဆင်ထားဖို့လည်း ဆော်ဩခဲ့ပါတယ်။

သတင်း

သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သား ၂ဦးသည် ကျော်ဘုတ်ရပ်ကွက် စစ်ကောင်စီ ဂိတ်စောင့်တပ်သားများကို ထမင်းလိုက်ပို့သည့် စစ်သားများ ဖြစ်ပြီး ၎င်းတို့ကို ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

သတင်း

ဓာတ်ပုံမှတ်တမ်းတွေအရ မီးကြီးပြီး မီးငြိမ်းပြီးနောက် မီးလောင်ပြင်ထဲမှာ မီးလောင်ကျွမ်းနေတဲ့ရုပ်အလောင်းတွေကို တွေ့ရပါတယ်။