Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကရင်နီပြည်ရှိ လမ်းပိုင်းအချို့ကို ယာယီပိတ်

ပိတ်ပင်လိုက်သည့် လမ်းပိုင်းများနှင့် ဆက်စပ်နေသည့်နေရာများတွင် အကြမ်းဖက်စစ်ကောင်စီမှ စစ်ရေးလှုပ်ရှားမှုများရှိနေကြောင်း ဖော်ပြသည်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း - ၁၅ မှ ရဲဘော်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - KNDF
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း - ၁၅ မှ ရဲဘော်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - KNDF

ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆို-နန်းဖဲ-ဘောလခဲလမ်း နှင့် ထီးပေါ်ဆိုလမ်းမကြီးကို ပြည်သူများအသုံး မပြုကြရန် ရက်အကန့်အသတ်မရှိ ပိတ်ပင်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း – ၁၅က ထုတ်ပြန်သည်။

ပိတ်ပင်လိုက်သည့် လမ်းပိုင်းများနှင့် ဆက်စပ်နေသည့်နေရာများတွင် အကြမ်းဖက်စစ်ကောင်စီမှ စစ်ရေးလှုပ်ရှားမှုများရှိနေကြောင်း ဖော်ပြသည်။

ထို့ကြောင့် ယနေ့(ဇန်နဝါရီ ၂၇ ရက်)ကစ၍ စစ်ရေးအခြေအနေအရအသုံးမပြုရန် KNDF တပ်ရင်း – ၁၅က မေတ္တာရပ်ခံသည်။

“ဒီလ တတိယပတ်လောက်ကတည်းက သူတို့ဘက်က စစ်ကြောင်းသုံးခုလောက်နဲ့ ဝင်လာတယ်။ဒီးမော့ဆိုအရှေ့ဖက် ခြမ်းနှင့် ဖရူဆို ဆက်စပ်နေရာ တွေပဲ။တိုက်ပွဲလည်း နေ့စဥ်ရှိနေတယ်”ဟု ကရင်နီသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

ယခုလ ၂၀ ရက်က ဘောလခဲမြို့နယ် နန်းဖဲကျေးရွာအနီးရှိ မယ်စလောင်းတောင်ကုန်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို ကရင်နီ ပူးပေါင်းတပ်ဖွဲ့မှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး စခန်းကုန်းကို သိမ်းပိုက်နိုင်ခဲ့သည်မှာ အကြမ်းဖက်စစ်ကောင်စီကို အထိနာစေခဲ့သည်လည်း ၎င်းက သုံးသပ်သည်။

ကရင်နီဒေသ နေရာအများစုတွင် အကြမ်းဖက်စစ် ကောင်စီတပ်များစစ်ကြောင်းထိုးနေပြီး လွိုင်ကော်၊မိုးဗြဲ ၊ဖရူဆိုနှင့် ဒီးမော့ဆိုတို့တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေသည်။

“မနေ့ကလည်း ဒီးမော့ဆို အနောက်ဘက်ခြမ်းမှာ တိုက်လေယာဥ်နှစ်စီးလာသွားတယ်။ပစ်တော့ မပစ်ခဲ့ဘူး။ခြိမ်းခြောက်ပျံသန်းနေတဲ့ပုံစံမျိုးလို့တော့ ပြောလို့ရတယ်။အခုအခြေအနေမှာ အရေအကြီးဆုံးက ဗုံးခိုကျင်းတွေ နဲ့ လေယာဥ်အန္တရာယ်ကနေ ရှောင်နိုင် အောင် လေ့ကျင့်ဖို့လိုတယ်။အထူးသဖြင့် ကလေးငယ် တွေ အတွက် ပိုအရေးကြီးတယ်”ဟု ကရင်နီအခြေ စိုက်စစ်ရှောင်အရေးကူညီပေးနေသူက ပြောသည်။

ထို့ကြောင့် ပြည်သူလူထုများဘေးကင်းစေရန် အတွက် လွိုင်ကော်- ဘုရားဖြူ-ဒီမော့ဆို အနောက်ခြမ်း၊လွိုင်ကော်-မိုးဗြဲ- ပီကင်း၊လွိုင်ကော်- ဒေါတမကြီး- ဘောလခဲ နှင့် လွိုင်ကော်- ရှားတော လမ်းပိုင်းများအသုံး မပြုသေးရန် ပြည်သူ့ကာကွယ်ရေးတပ်များက ထုတ်ပြန် ထားသည်။

You May Also Like

သတင်း

စစ်ကောင်စီဘက်က ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးများမှာ စစ်ရှောင်စခန်းများအနီးသို့ ကျရောက်လာခြင်းကြောင့် အရေးပေါ်ပြောင်းရွှေ့နေရသည်ဟု ဆိုသည်။

သတင်း

မိုးဗြဲမြို့ ညောင်ဝိုင်းရပ်ကွက်တွင် ကျူး​ကျော်တပ်ဆွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် မိုးဗြဲရေလှောင်တမံရှိ တပ်စခန်းတို့ကို ဇန်နဝါရီ ၂၄ ရက်ည ၈ နာရီခန့်တွင် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဟု ဆိုသည်။

သတင်း

စစ်ကောင်စီစစ်ကြောင်းသည် ယမန်နေ့ည ၁၀ နာရီခန့်တွင် ဒီပဲယင်းမြို့နယ် ညောင်လှကျေးရွာအတွင်း ဝင်ရောက်သွားပြီး ယနေ့(ဇန်နဝါရီ ၂၅ရက်)နံနက်ပိုင်းအထိ ညောင်လှကျေးရွာအတွင်း ရှိနေသေးကြောင်း​ဒေသတွင်းသတင်းရင်းမြစ်များက​ပြောသည်။

သတင်း

KNDF တပ်ရင်း - ၈မှာ ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ်များ၌ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေသည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၏ တပ်ခွဲတစ်ခု ဖြစ်သည်။