Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နတ်တလင်းမြို့နယ်တွင် တပ်ကူလာ​သောစစ်ကောင်စီတပ်ကို PDF များကကြားဖြတ်တိုက်ခိုက်

တိုက်ခိုက်မှုအတွင်း သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁ မှ တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိပြန်ဆုတ်နိုင်ခဲ့သည်ဟုလည်းသိရသည်။

(သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁၊ တပ်ခွဲ (၂)Phoniex DFတပ်ဖွဲ့ဝင်များ)
(သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁၊ တပ်ခွဲ (၂)Phoniex DFတပ်ဖွဲ့ဝင်များ)

ပဲခူးတိုင်း နတ်တလင်းမြို့နယ် တောင်ညိုဆည်အထက်ပိုင်း ဘိုကြီးစခန်းကျေးရွာတွင် တပ်စွဲထားသောစစ်ကောင်စီတပ်ဖွဲ့များထံသို့ အင်အားဖြည့် တင်းရန်လာသောစစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁၊ တပ်ခွဲ (၂)Phoniex DF ကပြောသည်။

ယမန်နေ့(ဇန်နဝါရီ ၂၆)နေ့လယ် ၂ နာရီခွဲခန့်ကဘိုကြီးစခန်းကျေးရွာသို့မကျီးပင်စက်လှေဂိတ်မှတက်လာသောစစ်ကောင်စီတပ်ဖွဲ့အင်အား(၂၀)ဦးခန့်ကို သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁ မှ တပ်ခွဲ – ၁ (Zigon PDF) ၊ တပ်ခွဲ – ၂ ( Phoenix)၊ တပ်ခွဲ – ၃ (နတ်စစ်သည်)နှင့် တပ်ခွဲ – ၄ (MRF) ပူးပေါင်းတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

Public Service Announcement
Public Service Announcement

“သူတို့(စစ်ကောင်စီတပ်)ကစက်လှေနဲ့တက်လာတာဆိုတော့ အင်အားက (၁၅)ယောက်နဲ့ (၂၀)ကြားလောက်ရှိတယ်ခင်ဗျ။ ဒီမှာက(ဘိုကြီးစခန်းကျေးရွာ)က သူတို့အထိုင်ချထားတဲ့တပ်ရှိတော့ အင်အားလာဖြည့်တာပေါ့။ အဲဒါကို ကျနော်တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တာ”ဟု သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁၊ တပ်ခွဲ (၂)Phoniex DF မှ တာဝန်ခံ ကိုရှည်ကြီးက ပြော သည်။

ကြားဖြတ်တိုက်ခိုက်မှုတွင်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးသေဆုံးပြီး ခြောက်ဦးအပြင်းအထန်ဒဏ်ရာရကာ အထိနာသွားသောကြောင့်တပ်ပြန်ဆုတ်သွားကြောင်း ၎င်းကဆက်​ပြောသည်။

တိုက်ခိုက်မှုအတွင်း သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁ မှ တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိပြန်ဆုတ်နိုင်ခဲ့သည်ဟုလည်းသိရသည်။

နောက်ဆက်တွဲအခြေနေများအရ စစ်ကောင်စီတပ်အားလိုက်ပို့သော စက်လှေသမားနှင့် အရပ်သားပြည်သူတစ်ဦး မစိုးရိမ်ရဒဏ်ရာရသွားပြီး တိုက်ပွဲများဆက်လက်ပြင်းထန်လာနိုင်သောကြောင့် ပြည်သူများ စစ်ကောင်စီတပ်နှင့် ဝေးဝေးနေကြရန် သာယာဝတီခရိုင် PDF က ပန်ကြားထားသည်။

You May Also Like

သတင်း

ကောလင်းမြို့နယ်ကို စစ်ကောင်စီက ဆက်သွယ် ရေးဖြတ်တောက်ထား၍ ထိခိုက်မှုအခြေအနေကို မသိရသေးကြောင်း ၎င်းက ဆိုသည်။

သတင်း

ယနေ့ (ဇန်နဝါရီ ၂၇ရက်)မွန်းလွဲ ၂ နာရီ ၄၅မိနစ်ခန့်က ပေါက်မြို့အရှေ့ဘက် (၄)မိုင်အကွာယာကြီးပင်ရွာ ပျူစောထီးစခန်းမှ စစ်​ဗိုလ်နှစ်ဦးအပါအဝင်လေးဦးသည် ပေါက်မြို့သို့ Mark-2 ကားဖြင့် မောင်းနှင်လာခဲ့သည်။

သတင်း

စစ်ကိုင်းတိုင်းတွင် အင်တာနက်ဖြတ်တောက်ခံထားရသည့်အတွက် သတင်းထုတ်ပြန်မှုနောက်ကျရခြင်းဖြစ်ကြောင်း Mother Heros Local PDFက ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သတင်း

နိုင်ငံရေးအကဲခတ်တွေက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဥပဒေသစ်မှာ အာဏာသိမ်းစစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့ ကြံခိုင်ရေးပါတီကို အသာရစေတဲ့ ဥပဒေဖြစ်ပြီး NLD ပါတီကို ဖိနှိပ်ထားတဲ့ ဥပဒေ ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။