Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကောလင်းအရှေ့ဘက်ခြမ်းရှိ ကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ် လေယာဉ်၊ ရဟတ်ယာဉ် လေးစီးဖြင့် လေကြောင်းတိုက်ခိုက်

ကောလင်းမြို့နယ်ကို စစ်ကောင်စီက ဆက်သွယ် ရေးဖြတ်တောက်ထား၍ ထိခိုက်မှုအခြေအနေကို မသိရသေးကြောင်း ၎င်းက ဆိုသည်။

ကောလင်းအရှေ့ဘက်ခြမ်းရှိ ကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ် လေယာဉ်၊ ရဟတ်ယာဉ် လေးစီးဖြင့် လေကြောင်းတိုက်ခိုက်
ကောလင်းအရှေ့ဘက်ခြမ်းရှိ ကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ် လေယာဉ်၊ ရဟတ်ယာဉ် လေးစီးဖြင့် လေကြောင်းတိုက်ခိုက်

▪️ဆယ်သွယ်ရေးဖြတ်တောက်ထား၊ တိုက်ပွဲမရှိဘဲ လေကြောင်းတိုက်ခိုက်လာခြင်းဟုဆို

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်ရှိ ကျေးရွာ နှစ် ရွာကို စစ်ကောင်စီတပ်က ယနေ့ ညနေပိုင်း၌ တိုက်လေယာဉ်၊ ရဟတ်ယာဉ်များအသုံးပြု တိုက်ခိုက်လာကြောင်း ထီးချိုင့်ဒေသခံက ပြောသည်။

ကောလင်းမြို့နယ်ကို စစ်ကောင်စီက ဆက်သွယ် ရေးဖြတ်တောက်ထား၍ ထိခိုက်မှုအခြေအနေကို မသိရသေးကြောင်း ၎င်းက ဆိုသည်။

“အခု သတင်းအတိအကျရတာကတော့ ဂျက်ဖိုက်တာ ၂စီးနဲ့ ဟတ်စကီး နှစ်စီး ကုက္ကိုလ်ကုန်းကျေးရွာနဲ့ ဝက်သဲကုန်း(ဝါးသီးကုန်း)ကျေးရွာ အဲဒီ ရွာ ၂ရွာကို လေယာဉ်နဲ့ ကြဲတာ ကျနော်တို့ ထီးချိုင့်နယ်ကကို ကြားပါတယ်။ သူတို့ အားလုံးပေါင်း လေးကြိမ် လာပစ်တယ်လို့ ကြားရပါတယ်”ဟု ဒေသခံက ပြောသည်။

Public Service Announcement
Public Service Announcement

ယခု လေကြောင်းတိုက်ခိုက်ခံရသည့် ကောလင်းအရှေ့ခြမ်းတွင် တိုက်ပွဲဖြစ်ပွားမှုမရှိကြောင်း ၎င်းကဆိုသည်။

“တိုက်ပွဲဖြစ်တဲ့အနေအထား ထိတွေ့မှု ဖြစ်တဲ့အနေအထားက အဲဒီမှာ မဖြစ်ဘူးဗျ။ သူတို့ ဘယ်လိုသတင်းပေးလို့ ဘယ်လိုကြောင့်မို့ လာပစ်တယ်ဆိုတာ ကျွန်တော်တို့ အခုလည်း မေးတုန်းရှိပါသေးတယ်”ဟု ဒေသခံက ပြောသည်။

စစ်ကောင်စီက မြေပြင်တိုက်ပွဲ မယှဉ်နိုင်၍ လေကြောင်း တိုက်ခိုက်မှုများကို အလွန်အကျွံ ပြုလုပ်လျက်ရှိသည်ဟု ဆိုသည်။

“စစ်ကောင်စီဘက်က အခုအချိန်ထိ လေကြောင်းကို အဓိက ထားပြီး ထိုးနေပါတယ်။ လေကြောင်းကို ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဘယ်လိုနည်းနဲ့ တားပေးနိုင်မလဲ ဒါကို ထိန်းချုပ်နိုင်မလဲဆိုတာ အဓိက လိုအပ်ပါတယ်။ မြေပြင်အနေအထားကတော့ သူတို့ ကျွန်တော်တို့ ပြည်သူ့ဘက်တော်သားတွေကို မယှဉ်နိုင်ပါဘူး။ မယှဉ်နိုင်တဲ့အတွက် ဘာပဲဖြစ်ဖြစ် ထစ်ကနဲရှိ လေကြောင်းနဲ့ပဲ လုပ်နေပါတယ်”ဟု ဒေသခံက ပြောသည်။

You May Also Like

သတင်း

ယနေ့ (ဇန်နဝါရီ ၂၇ရက်)မွန်းလွဲ ၂ နာရီ ၄၅မိနစ်ခန့်က ပေါက်မြို့အရှေ့ဘက် (၄)မိုင်အကွာယာကြီးပင်ရွာ ပျူစောထီးစခန်းမှ စစ်​ဗိုလ်နှစ်ဦးအပါအဝင်လေးဦးသည် ပေါက်မြို့သို့ Mark-2 ကားဖြင့် မောင်းနှင်လာခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁ မှ တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိပြန်ဆုတ်နိုင်ခဲ့သည်ဟုလည်းသိရသည်။

သတင်း

စစ်ကိုင်းတိုင်းတွင် အင်တာနက်ဖြတ်တောက်ခံထားရသည့်အတွက် သတင်းထုတ်ပြန်မှုနောက်ကျရခြင်းဖြစ်ကြောင်း Mother Heros Local PDFက ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သတင်း

နိုင်ငံရေးအကဲခတ်တွေက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဥပဒေသစ်မှာ အာဏာသိမ်းစစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့ ကြံခိုင်ရေးပါတီကို အသာရစေတဲ့ ဥပဒေဖြစ်ပြီး NLD ပါတီကို ဖိနှိပ်ထားတဲ့ ဥပဒေ ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။