Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ယင်းမာပင်နယ်တွင် ကျေးရွာများမီးရှို့နေသည့် စစ်ကြောင်းကို လက်နက်ကြီးဖြင့်ထု

စစ်ကောင်စီတပ်သည် ဇန်နဝါရီ ၂၄ရက် ညနေပိုင်းက ယင်းမာပင်မြို့နယ်အရှေ့ခြမ်းသို့ စစ်ကြောင်းထိုးလာပြီး စည်လှောင်ချောင်းကျေးရွာ၌ ညအိပ်တပ်စွဲခဲ့သည်။

(ဒေသကာကွယ်ရေးတပ်များ စစ်ကောင်စီတပ် အား ပစ်ခတ်တိုက်ခိုက်နေစဉ်)
(ဒေသကာကွယ်ရေးတပ်များ စစ်ကောင်စီတပ် အား ပစ်ခတ်တိုက်ခိုက်နေစဉ်)

▪️စစ်အုပ်စု မီးရှို့၍ မြရိပ်ရွာနေအိမ် ၇၀ကျော် ပြာကျ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် ကျေးရွာမီးရှို့နေသည့် စစ်ကောင်စီတပ်အား လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အဆိုပါ စစ်အုပ်စုမီးရှို့ဖျက်ဆီးမှုကြောင့် မြရိပ်ကျေးရွာ နေအိမ် ၇၀ကျော် ပြာကျခဲ့ကြောင်း Black Vote Fighter အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ်သည် ဇန်နဝါရီ ၂၄ရက် ညနေပိုင်းက ယင်းမာပင်မြို့နယ်အရှေ့ခြမ်းသို့ စစ်ကြောင်းထိုးလာပြီး စည်လှောင်ချောင်းကျေးရွာ၌ ညအိပ်တပ်စွဲခဲ့သည်။

ထို့နောက် နောက်တစ်နေ့ ဇန်နဝါရီ ၂၅ ရက်တွင် စစ်ကြောင်းဆက်ထွက်လာရာ နံနက် ၁၁နာရီ ၄၅မိနစ်ခန့်တွင် မြရိပ်ရွာမရောက်မီ တဖက်ပွင့် (၁၀) လက်မ၊ (၈)လက်မမိုင်းများဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Black Vote Fighter အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ညနေ ၆နာရီခန့်တွင်လည်း စစ်ကောင်စီတပ်ကမြရိပ်ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး (၆ဝ)မမ၊ (၈၀) မမမ၊ (၁၂၀) မမများဖြင့် ပစ်ခက်တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့်မြရိပ်ကျေးရွာ နေအိမ် ၇၆လုံး မီးလောင်ပြာကျခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုမသိရသေးကြောင်း Black Vote Fighter အဖွဲ့က ပြောသည်။

” နေအ်ိမ် ၇၆လုံးမီးရှို့ခံရတဲ့ မီးဘေးသင့်ပြည်သူတွေအခက်ခဲတွေရှိနေပါတယ်။ အလှုူရှင်များကူညီကြပါဦးလို့ မေတ္တာရပ်ခံပါတယ်”ဟု Black Vote Fighterအဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

တိုက်ပွဲတွင် လက်နက်ကြီးအတွက် သုံးရသော ခဲယမ်းများ အကုန်အကျများနေသောကြောင့် ပါဝင်လှူဒါန်းပေးကြရန် မေတ္တာရပ်ခံသည်။

အဆိုပါ စစ်ဆင်ရေးကို Black Vote Fighterအဖွဲ့နှင့် Black ShaDow၊ FBGA၊ MBGF၊ မဲမှောင်ပြောက်ကျားတပ်ဖွဲ့၊ Salingyi G-Z၊တောသားကြီး၊BEDငညို၊ DRPAတပ်ခွဲ(၃)၊မီးတောက်အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

You May Also Like

သတင်း

ယနေ့(ဇန်နဝါရီ၂၆ ရက်)နံနက် ၁၀နာရီခန့်က မြိုင် (ပကဖ)တပ်ရင်း(၁)နှင့် ပေါက်ကျေးရွာ ကာကွယ်ရေးဖွဲ့တို့ပူးပေါင်း၍ Well-2 ကျောက်ခွက်ရေနံမြေမှ ထွက်လာသည့် စစ်ကောင်စီတပ်အား မိုင်းကွင်းများ အသင့်ပြင်ဆင်ကာ စောင့်ဆိုင်းခဲ့သည်။

သတင်း

ဒီပဲယင်းမြို့နယ်အရှေ့ခြမ်း ပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရသည်မှာ လေးရက်ခန့်ရှိပြီဖြစ်ပြီး နေအိမ်ပြန်ကပ်နိုင်ခြင်းမရှိသေး၍ အကူအညီများလိုအပ်နေကြောင်း ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ပြောသည်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မကြာသေးမီကလည်း ကော်ဘရာ စစ်ကြောင်းနှင့် ဒေါနစစ်ကြောင်း၏ စစ်သင်တန်းဆင်းပွဲများ၌ ရဲဘော်များအား လက်နက်များ ပေးအပ်ခဲ့သည်။

သတင်း

စစ်ကောင်စီတပ်သည် အာဏာသိမ်းကလာအတွင်း မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်း အပါအဝင် နိုင်ငံတဝန်းရှိ ပြည်သူလူထု နေအိမ်လေးသောင်းခန့် ကို မီးရှို့ဖျက်ဆီးခဲ့သည်။