Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးမြို့ရှိ မြဝတီဘဏ်ကင်းစောင့်နေသည့် စစ်သားနှစ်ဦးကို လက်ပစ်ဗုံးပစ် တိုက်ခိုက်

“အခြား Mission အပြန် ကင်းတဲမှာ သူတို့ကဆေးလိပ်သောက်နေတာမြင်လို့ လုပ်ခဲ့တာပါ။ ရဲဘော်တွေ‌ ပြောကြားချက်အရကတော့ ဆေးလိပ် သောက်နေတဲ့ နှစ်ကောင်နားကပ်ကျတယ်ပြောတယ်” ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

မန္တလေးမြို့ရှိ မြဝတီဘဏ် ယမန်နှစ်က ပေါက်ကွဲမှုဖြစ်ပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ - CJ

မန္တလေးမြို့ရှိ စစ်ကောင်စီ၏ မြဝတီဘဏ်ကင်းစောင့်နေသည့် စစ်သားနှစ်ဦးကို လက်ပစ်ဗုံးပစ်၍ တိုက်ခိုက်ခဲ့ကြောင်း People Defence Force Mandalay (PDF-MDY) ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အခြား Mission အပြန် ကင်းတဲမှာ သူတို့ကဆေးလိပ်သောက်နေတာမြင်လို့ လုပ်ခဲ့တာပါ။ ရဲဘော်တွေ‌ ပြောကြားချက်အရကတော့ ဆေးလိပ် သောက်နေတဲ့ နှစ်ကောင်နားကပ်ကျတယ်ပြောတယ်” ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

ယင်းတိုက်ခိုက်မှုကို ဇန်နဝါရီ ၂၄ ရက် ည ၇နာရီခန့်တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး သတင်းအတိအကျဖော်ပြနိုင်ရန် စုံစမ်းနေသောကြောင့် သုံးရက်ကြာချိန်မှ ထုတ်ပြန်နိုင်ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

“အခုက ပြည်သူတွေကနေသားကျသွားပြီဗျ ။ကွဲသံကြားရင်တောင် သူတို့အတွက်က ရိုးသွားကြပြီ။တွေးမိတိုင်းဝမ်းနည်းမိပင်မဲ့ ကျွန်တော်တို့တော်လှန်ရေးကိုဘဲ မျက်နှာမှုထားပါတယ်။ ဘယ်တော့မှမသွေဖယ်သွားပါဘူး”ဟု ၎င်းက သတင်းစုံစမ်းချိန်၌ ကြုံရသည့် အခက်အခဲကို ပြောသည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီက ကျင်းပရန် စီစဉ်နေသည့် တရားမဝင်ရွေးကောက်ပွဲနှင့် ပတ်သက်၍ “အဲ့ပွဲလားဘောင်မဝင်ပါဘူးလို့ဘဲ‌‌ ပြောချင်ပါတယ်။ကျွန်တော်တို့ပြည်သူတွေလဲ ဒီလိုဘဲလို့ ယုံကြည်ပါတယ်။ပြည်သူတွေကိုသတိပေးချင်တာကတော့ စကစ အသိုင်းအဝိုင်းနဲ့အဝေးဆုံးမှာနေပေးကြဖို့ပါဘဲ”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

You May Also Like

သတင်း

တိုက်ခိုက်မှုအတွင်း သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁ မှ တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိပြန်ဆုတ်နိုင်ခဲ့သည်ဟုလည်းသိရသည်။

သတင်း

ပြည်ကြီးတံခွန် ၊ (ဈ)ရပ်ကွက် ၊လမ်း၇၀နဲ့ ၁၃၈လမ်းရှိ ပီနံအိတ်စက်ရုံ မှာ မနက် ၃ နာရီကျော်ကစတင်မီးလောင်တာဖြစ်ပြီး ၁ နာရီခွဲကျော်ကြာမြင့်ခဲ့တယ်လို့ မီးသတ်ထံကသိရပါတယ်။

သတင်း

စစ်ကောင်စီတပ်ဘက်က သေဆုံးထိခိုက်များပြားထား၍ တိုက်ပွဲများ ဆက်လက်ပြင်းထန်လာနိုင်ကြောင်း မတူပီ CDF ပြောရေးဆိုခွင့်ရှိသူက ပြောကြားထားသည်။

သတင်း

စစ်ကောင်စီတပ်သည် ဇန်နဝါရီ ၂၁ရက်က ကပင် DKBA မှ တပ်မှူးတစ်ဦးဖြစ်သည့် ဗိုလ်မှူးစောအေဝမ်း၏ ဘုရားသုံးဆူဒေသရှိ နေအိမ်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်လုံး၀ ပျက်စီးခဲ့ပြီး ဒဏ်ရာရသူအချို့ရှိခဲ့သည်။