Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

TNLA က RCSSတပ်ဖွဲ့ဝင် စစ်သုံ့ပန်း ၁၁ ဦးကိုလွတ်ငြိမ်းခွင့်​ပေး

ရှမ်းပြည်နယ်၊ တအာင်းပလောင်ဒေသတွင်ဘ အခြေစိုက်သည့်TNLA သည် စစ်ကောင်စီကနိုင်ငံတော်အာဏာသိမ်းသည်ကိုဆန့်ကျင်တော်လှန်နေသည့် တိုင်းရင်းသားလက်နက်ကိုင်းအဖွဲ့တစ်ဖွဲ့ဖြစ်သည်။

(စစ်သုံ့ပန်းများကို လွတ်ငြိမ်းခွင့်ပြုစဥ်။ ဓါတ်ပုံ-TNLA)
(စစ်သုံ့ပန်းများကို လွတ်ငြိမ်းခွင့်ပြုစဥ်။ ဓါတ်ပုံ-TNLA)

တိုက်ပွဲများအတွင်းဖမ်းမိခဲ့သည့် RCSS တပ်ဖွဲ့ဝင်စစ်သုံ့ပန်း(၁၁)ဦး နှင့် အကျဉ်းသား (၈)ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ကြောင်းTNLA က သတင်းထုတ်ပြန်သည်။

တပ်သားအဆင့်ရှိ RCSS တပ်ဖွဲ့ဝင်(၁၁) ဦး၏ အမည်များကို ဖော်ပြထားပြီး ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် လွတ်ငြိမ်းခွင့် ပြုလိုက်ခြင်းဟု ယနေ့(ဇန်နဝါရီလ ၂၈ရက်)ထုတ်ပြန်သည်။

(စစ်သုံ့ပန်းများကို လွတ်ငြိမ်းခွင့်ပြုစဥ်။ ဓါတ်ပုံ-TNLA)
(စစ်သုံ့ပန်းများကို လွတ်ငြိမ်းခွင့်ပြုစဥ်။ ဓါတ်ပုံ-TNLA)

TNLAက ယနေ့လွတ်ငြိမ်းခွင့်ပြုခဲ့သူများတွင် RCSS တပ်ဖွဲ့ဝင် စစ်သုံ့ပန်း (၁၁)ဦးအပြင် အကျဉ်းသား (၈)ဦးလည်း ပါဝင်သည်။

ယခုတစ်ကြိမ်မှာ ၂၀၂၃ခု နှစ်အတွင်း TNLA၏ ဒုတိယအကြိမ် လွတ်ငြိမ်းခွင့်ပြုခြင်းဖြစ်သည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ ရက်နေ့က နှစ် (၆၀)ပြည့်တအာင်းအမျိုးသားတော်လှန်ရေးနေ့တွင် အကျဥ်းသား (၇၃)ဦးကိုပထမအကြိမ် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်ဟု TNLAသတင်းနှင့်ပြန်ကြားရေးဌာနက အသိ​​ပေးသည်။

(စစ်သုံ့ပန်းများကို လွတ်ငြိမ်းခွင့်ပြုစဥ်။ ဓါတ်ပုံ-TNLA)
(စစ်သုံ့ပန်းများကို လွတ်ငြိမ်းခွင့်ပြုစဥ်။ ဓါတ်ပုံ-TNLA)

ရှမ်းပြည်နယ်၊ တအာင်းပလောင်ဒေသတွင်ဘ အခြေစိုက်သည့်TNLA သည် စစ်ကောင်စီကနိုင်ငံတော်အာဏာသိမ်းသည်ကိုဆန့်ကျင်တော်လှန်နေသည့် တိုင်းရင်းသားလက်နက်ကိုင်းအဖွဲ့တစ်ဖွဲ့ဖြစ်သည်။

You May Also Like

သတင်း

တအာင်း(ပလောင်)လူမျိုးများအနေဖြင့် ဆိုးဝါးသည့် မင်းအောင်လှိုင် စစ်အာဏာရှင် လက်ထက် ဆယ်စုနှစ်အတွင်း၌ ပင် စုစည်းမှုလုပ်ဆောင်နိုင်ခဲ့သည်ဟု ၎င်းကဆိုသည်။

သတင်း

ယနေ့ ကျရောက်သည့် နှစ် (၆၀)ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ မိန့်ခွန်း၌ PSLF/TNLA ဥက္ကဋ္ဌက ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

သတင်း

ယနေ့ (ဇန်နဝါရီ ၁၂ရက်)တွင် ကျရောက်သည့် နှစ်(၆၀)ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားသို့ ညီနောင်မဟာမိတ်တပ်ဖွဲ့များမှ ဖြစ်ကြသည့် MNDAAနှင့် AA တို့က ဂုဏ်ပြု သဝဏ်လွှာပေးပို့ခြင်းဖြစ်သည်။

နိုင်ငံတကာ

တစ်ဖက်မှာလည်း ရုရှားတပ်တွေ ဖမ်းဆီးထားတဲ့ ယူကရိန်း တပ်ဖွဲ့ဝင် ၅၀ ဟာ ယူကရိန်း ထိန်းချုပ် နယ်မြေတွေဆီ ပြန်လည် ထွက်ခွာသွားတယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။