Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက်များ မရမချင်းစုဖွဲ့တော်လှန်တိုက်ပွဲဝင်မည်ဟု AAနှင့် MNDAAက TNLAထံ သဝဏ်လွှာပို့

ယနေ့ (ဇန်နဝါရီ ၁၂ရက်)တွင် ကျရောက်သည့် နှစ်(၆၀)ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားသို့ ညီနောင်မဟာမိတ်တပ်ဖွဲ့များမှ ဖြစ်ကြသည့် MNDAAနှင့် AA တို့က ဂုဏ်ပြု သဝဏ်လွှာပေးပို့ခြင်းဖြစ်သည်။

(TNLA​၏ ဗိုလ်လောင်းနှင့် အလုပ်သင် သင်တန်းဆင်းပွဲတစ်ခုအား တွေ့ရစဉ်၊ ဓာတ်ပုံ - TNLA)
(TNLA​၏ ဗိုလ်လောင်းနှင့် အလုပ်သင် သင်တန်းဆင်းပွဲတစ်ခုအား တွေ့ရစဉ်၊ ဓာတ်ပုံ - TNLA)

ကိုးကန့်၊ တအာင်းနှင့် ရခိုင်လက်နက်ကိုင်အဖွဲ့အစည်းများ၏ တူညီသော စစ်ရေး၊နိုင်ငံရေး ရည်မှန်းချက်များကို မရမချင်း ဟန်ချက်ညီ လက်တွဲကာ စုဖွဲ့တော်လှန်တိုက်ပွဲဝင်နေကြအုံးမည်ဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(AA)နှင့် ကိုးကန့်တပ်မတော်(MNDAA)တို့က တအာင်းတပ်မတော်(TNLA)ထံ သဝဏ်လွှာပေးပို့သည်။

ယနေ့ (ဇန်နဝါရီ ၁၂ရက်)တွင် ကျရောက်သည့် နှစ်(၆၀)ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားသို့ ညီနောင်မဟာမိတ်တပ်ဖွဲ့များမှ ဖြစ်ကြသည့် MNDAAနှင့် AA တို့က ဂုဏ်ပြု သဝဏ်လွှာပေးပို့ခြင်းဖြစ်သည်။

နိုင်ငံရေး၊ စစ်ရေးရည်မှန်းချက်နှင့် မဟာမိတ်ဆက်ဆံရေး ပီပြင်သည့်ဘ၀တူ တော်လှန်ရေး ညီနောင်မဟာမိတ်သုံးဖွဲ့ထဲမှ TNLAသည် တအာင်းကံကြမ္မာကို တအာင်းဖန်တီးခွင့်ရရှိရေး တအာင်းပြည်နယ်ရရှိရေးစသည့် ခိုင်မာသော ရည်မှန်းချက်များကို တအာင်းပြည်သူလူထု တစ်ရပ်လုံးနှင့်အတူ လက်တွဲ တိုက်ပွဲဝင်နေခဲ့သည်မှာ နှစ် ၆၀ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း၊ လွန်ခဲ့သည့် ဆယ်နှစ်တာ ကာလနီးပါး အတွင်း ညီနောင်သုံးဖွဲ့သည် ဘုံရန်သူ၏ စစ်ရေးနိုင်ငံရေး ထိုးနှက်ချက်များနှင့် လူမျိုးရေး သပ်လျှိုဖြိုခွဲခြင်းများကို လက်တွဲရင်ဆိုင်ဖြေရှင်းနိုင်ခဲ့ကြောင်း သဝဏ်လွှာ၌ ပါရှိသည်။

ညီနောင်သုံးဖွဲ့အကြားရှိသည့် စည်းလုံးညီညွတ်မှုသည် ပိုမိုအားကောင်းလာခြင်းနှင့်အတူ စည်းလုံးမှုအင်အားကိုလည်း မည်သည့်အချိန်တွင်မဆို ဆက်လက်ပြသရန် အသင့်ရှိနေပြီဖြစ်ကြောင်း ဖော်ပြထားသည်။

ညီနောင်သုံးဖွဲ့ကြားသာမက ကိုးကန့် တအာင်း၊ ရက္ခိုင် လူမျိုးများအချင်းချင်းကြား၌လည်းကောင်း၊ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ကြသည့် နွေဦးတော်လှန်ရေး အတွင်းမှ ပေါက်ဖွားလာသည့် ပြည်သူ့ ထောက်ခံမှုရ တော်လှန်ရေးဆန်သော အဖွဲ့အစည်းများအကြား၌လည်းကောင်း အပြန်အလှန် နားလည်မှု၊ လေးစားမှု၊ တန်ဖိုးထားမှုများနှင့် ယုံကြည်မှုများကိုပါရရှိခဲ့သည်ဟု သဝဏ်လွှာပေးပို့ခဲ့သည်။

ညီနောင်သုံးဖွဲ့အနက် AAသည် စစ်ကောင်စီနှင့် ယာယီအပစ်ရပ်ထားသည့် အဖွဲ့အစည်းဖြစ် သည်။

You May Also Like

သတင်း

ယနေ့ ကျရောက်သည့် နှစ် (၆၀)ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ မိန့်ခွန်း၌ PSLF/TNLA ဥက္ကဋ္ဌက ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

သတင်း

"မိုင်းတွေခွဲဖို့လုပ်ထားတာ။ပြည်သူတွေကရှိနေတော့ဘာမှလုပ်မရဘူး။လိုအပ်လို့သတိပေးတာပါ"ဟုက​လေးPDF တပ်ဖွဲ့ဝင်ဦးကပြောသည်။

သတင်း

၂၀၂၃တွင် စစ်ရေးရလဒ်နှင့် နိုင်ငံရေးရလဒ်များ သိသိသာသာ ထွက်ပေါ်လာရန် အထူးမျှော်လင့်မိသကဲ့သို့ ပြည်သူလူထုကလည်း မျှော်လင့်တကြီးစောင့်မျှော်နေမည်ဟု ယုံကြည်ကြောင်း ယာယီသမ္မတက ပြောကြားခဲ့သည်။

သတင်း

စစ်ကောင်စီတပ်သည် မင်းတပ်မြို့နယ်အတွင်း လေကြောင်းကင်းထောက်မှု၊ တိုက်လေယာဉ် ပျံသန်းမှုများ ဆက်တိုက်ပြုလုပ်နေပြီး မြို့နယ်အတွင်း တယ်လီဖုန်းလိုင်းများ ဖြတ်တောက်ထားကြောင်း မင်းတပ်CDFက ဆိုသည်။