Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ခင်ဦးနယ်မြို့ရှိ ရွာသစ်ရွာနှင့် မူးမြစ်​ကူးတံတားကို စစ်ကောင်စီတ​ပ် မီးရှို့ဖျက်ဆီး

စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် လယ်ယာသုံး ခိုင်းနွား တစ်ကောင်သေဆုံး၍ အကောင်ရေ(၂၀)ခန့် မီးလောင်ဒဏ်ရာများရရှိခဲ့ပြီး လယ်ယာသုံး ခုတ်စက်များ၊ရေစုပ်စက်များလည်း ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

မီးရှို့ဖျက်ဆီးခံရသော ရွာသစ်ကျေးရွာအား တွေ့ရစဥ်။ဓာတ်ပုံ- ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး
မီးရှို့ဖျက်ဆီးခံရသော ရွာသစ်ကျေးရွာအား တွေ့ရစဥ်။ဓာတ်ပုံ- ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ရွာသစ်ကျေးရွာမီးရှို့ခံရပြီး နေအိမ်များအပြင် လယ်ယာသုံးပစစ္စည်းများနှင့် စစ်ရှောင်များအသုံးပြုနေသည့် မူးမြစ်ကူးတံတားငယ်ကိုပါ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (ဇန်နဝါရီ၂၈ရက်) နံနက်ပိုင်းက ခင်ဦးမြို့နယ် အနောက်တောင်ခြမ်း၊ ရေဦး-ညောင်ပင်သာ ကားလမ်းဘေးရှိ ရွာသစ်ကျေးရွာအား အင်းပတ်ကွေ့အထိုင်ချ တပ်စွဲထားသော စစ်ကောင်စီတပ်နှင့်ပျူ ၃၀ခန့်သည် ပစ်ခတ်ဝင်ရောက်လာပြီးနောက် နေအိမ် ခြောက်လုံးနှင့် ဈေးသည်များ၊ စစ်ရှောင်များ ကူးသန်းသွားလာနေသောမူးမြစ်ကူးတံတားငယ်အား ဒုတိယအကြိမ် အခန်း၂၀ခန့် မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

“မူးမြစ်ကူးတံတားငယ်က ကိုယ်ထူကိုယ်ထ စစ်ရှောင်တွေ ဈေးသည်တွေ အကူးအသန်းပြုလုပ်နိုင်​အောင် ကိုယ်ထူကိုယ်ထ လုပ်ထားတဲ့တံတားပါ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် လယ်ယာသုံး ခိုင်းနွား တစ်ကောင်သေဆုံး၍ အကောင်ရေ(၂၀)ခန့် မီးလောင်ဒဏ်ရာများရရှိခဲ့ပြီး လယ်ယာသုံး ခုတ်စက်များ၊ရေစုပ်စက်များလည်း ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

Public Service Announcement
Public Service Announcement

ထို့အပြင် ရွာသစ်ကျေးရွာအတွင်းရှိ နေအိမ်အားလုံးနီးပါး မွှေနှောက်ခံရပြီး စားစရာများ၊ကျောပိုးအိတ်များ၊ဖုန်းများအား ခိုးယူသွားခဲ့ကြောင်း၊ ရွာပြင်အထွက်၌ အမျိုးသမီး လေးဦးထံမှ ဖုန်း လေးလုံးနှင့် ငွေသားများကိုလည်း သိမ်းယူသွားကြောင်း ဒေသခံများက ပြောသည်။

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်၏ မီးရှို့ဖျက် ဆီးမှုကြောင့် ရွာပေါင်း၆၀က နေအိမ်ပေါင်း၂,၉၀၀ကျော် ပြာကျပျက်စီးခဲ့ပြီး အိုးမဲ့အိမ်မဲ့ပြည်သူပေါင်း တစ်သောင်းခွဲခန့် ရှိနေကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးထားသည်။

You May Also Like

သတင်း

စစ်ကောင်စီ၏ ရိက္ခါတင်ယာဥ်တန်းသည် ဇန်နဝါရီလ ၂၃ ရက်နေ့ကတည်းက ကိုင်းတောမရဲစခန်းမှ Well2 ရေနံမြေစခန်းသို့ ရိက္ခာပို့ ထွက်လာပြီးနောက် Well 2 မှတဆင့်ဆက်ထွက်လာရာ ဆက်တိုက်တိုက်ခံနေရသည်။

သတင်း

စစ်ကောင်စီကဝါဒဖြန့်ရာတွင် လူမျိုးရေး၊ဘာသာရေးမှိုင်းတိုက်သည့် အရေးအသားများဖြင့်လည်း KIAကို ပုတ်ခတ်ထားသည်။

သတင်း

ဖမ်းဆီးခံရသည့် အရပ်သားပြည်သူနှစ်ဦးမှာ စောအယ်ထူး အသက် (၃၅)နှစ်နှင့် စောပါချစ် အသက် (၃၀)နှစ် တို့ဖြစ်သည်ဟု ဆိုသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပစ်ခတ်နေ၍ကျေးရွာ ခြောက်ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။