Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်​ကောင်စီ၏ဗိုလ်ကြီးတစ်ဦးကို PDFများဖမ်းဆီးရှင်းလင်း

စစ်ကောင်စီ၏ဗန်းမော်တပ်နယ်မှထောက်လှန်းရေးအရာရှိဗိုလ်ကြီး ပိုင်သူစိုး(ခ)မင်းစစ်နိုင် ဆိုသူကို မြစ်ကြီးနား-ဖားကန့်လမ်းတွင် ယနေ့(ဇန်နဝါရီ ၂၈ရက်) နေ့လယ် ၁၂နာရီ ၁၅မိနစ်ခန့်တွင် UG BLACK Kက ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

(စစ်​ကောင်စီတပ်မှဗိုလ်ကြီး ပိုင်သူစိုး(ခ)မင်းစစ်နိုင်)
(စစ်​ကောင်စီတပ်မှဗိုလ်ကြီး ပိုင်သူစိုး(ခ)မင်းစစ်နိုင်)

ပြည်သူ့ကာကွယ်ရေးရဲဘော် ၂၁ဦးကိုဖမ်းဆီးပြီး အမျိုးသမီတစ်ဦးကို အဓမ္မပြုကျင့်ခဲ့သည်ဆိုသောစစ်ထောက်လှမ်းရေးဗိုလ်ကြီးတစ်ဦးကို မိုးကောင်းမြို့နယ်ပြည့်သူကာကွယ်ရေးအဖွဲ့ UG BLACK Kကဖမ်းဆီးပြီး ရှင်းလင်းလိုက်​ကြောင်းသိရသည်။

စစ်ကောင်စီ၏ဗန်းမော်တပ်နယ်မှထောက်လှန်းရေးအရာရှိဗိုလ်ကြီး ပိုင်သူစိုး(ခ)မင်းစစ်နိုင် ဆိုသူကို မြစ်ကြီးနား-ဖားကန့်လမ်းတွင် ယနေ့(ဇန်နဝါရီ ၂၈ရက်) နေ့လယ် ၁၂နာရီ ၁၅မိနစ်ခန့်တွင် UG BLACK Kက ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

“သူ့(ပိုင်သူစိုး)ကိုဖမ်းမိပြီး စစ်ဆေးခဲ့ပါတယ်။သူကတော်လှန်ရေးကာလထဲမှာ PDF တွေကိုဖမ်းခဲ့တယ်။ မိန်းကလေးတစ်ယောက်ကိုလည်း အဓမ္မပြုကျင့်ခဲ့တယ်လို့ ထွက်ဆိုပါတယ်။ သူ့ဆီကအထောက်အထားတွေလည်းရပါတယ်။ စစ်ဆေးနေရင်းပဲသေဆုံးသွားပါတယ်”ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

စစ်ထောက်လှမ်းရေးအရာရှိဗိုလ်ကြီးပိုင်သူစိုး(ခ)မင်းစိုးနိုင်သည်မိုးကောင်းမြို့သို့ကားနှင့်လာရောက်၍သတင်းစုံစမ်းထောက်လှမ်းနေစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

၎င်းထံမှစစ်ဘက်ဆိုင်ရာ အထောက် အထားများနှင့် ဖုန်းအတွင်းမှ ဓာတ်ပုံများ၊ ပြည်သူ့ကာကွယ်ရေးရဲဘော် ၂၁ ဦးကို ဖမ်းဆီးခဲ့ပြီး အမျိုးသမီး တစ် ဦးကို အဓမ္မပြုကျင့်ခဲ့သည့် အထောက်အထားများ ရရှိခဲ့သည်ဟု UG BLACK Kကလည်းထုတ်ပြန်ထားသည်။

ဗိုလ်ကြီး ပိုင်သူစိုးသည် ၂၀၂၁ခု နှစ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (၁၇)ဦး၊ ၂၀၂၂ခု နှစ်အတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော် (၄)ဦးကို ဖမ်းဆီးခဲ့သည်ဟုဆိုသည်။

ရန်ကုန်တိုင်း အမှတ် (၁) စစ်ဘက်ရေးရာလုံခြုံရေးအကူတပ်ဖွဲ့မှ ဗိုလ်မှူးသန်းထွဋ်နှင့် တပ်ကြပ်ကြီးမြင့်အောင်တို့ကိုတောင်ငူခရိုင်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ရင်း ၃၅၀၁ က လည်း ဇန်နဝါရီ ၂၂ ရက်တွင် အမြန်လမ်း၌ပစ်ခတ်ရှင်းလင်းခဲ့သည်။

You May Also Like

သတင်း

"အခုလိုမျိုး အာဏာသိမ်းထားတာ ၂နှစ်တာကာလအတွင်းမှာ ပြည်သူတွေရဲ့ ခုခံတွန်းလှန်စိတ် လျော့ကျမသွားဘူးဆိုတာကို ဆက်လက်ပြသဖို့အတွက် အသံတိတ်သပိတ်မှာပြည်သူအားလုံး ပါဝင်ပေးကြဖို့ တိုက်တွန်းချင်ပါတယ်"ဟု မန္တလေး PDF ရဲမေက ပြောသည်။

သတင်း

မိုင်းထိသေဆုံးသော စစ်ကောင်စီတပ်သား လေးဦးအလောင်းများကို သားပြေးကျောက်တောင်အနီးရှိ သင်္ချိုင်းသို့ ချက်ချင်းလာရောက်မြေမြှုပ်သင်္ဂြိုလ်ခဲ့ကြောင်း အထက်ပါတာဝန်ခံက ပြောသည်။

သတင်း

စစ်ကောင်စီ၏ ရိက္ခါတင်ယာဥ်တန်းသည် ဇန်နဝါရီလ ၂၃ ရက်နေ့ကတည်းက ကိုင်းတောမရဲစခန်းမှ Well2 ရေနံမြေစခန်းသို့ ရိက္ခာပို့ ထွက်လာပြီးနောက် Well 2 မှတဆင့်ဆက်ထွက်လာရာ ဆက်တိုက်တိုက်ခံနေရသည်။

သတင်း

စစ်ကောင်စီကဝါဒဖြန့်ရာတွင် လူမျိုးရေး၊ဘာသာရေးမှိုင်းတိုက်သည့် အရေးအသားများဖြင့်လည်း KIAကို ပုတ်ခတ်ထားသည်။