Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

KRU၏ အထူးစစ်ရေးဗျူဟာနှင့် အရည်အသွေးမြင့်စွမ်းဆောင်ရည် သင်တန်းဆင်းပွဲ

ကယား ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု (KRU)၏ အပတ်စဉ် (D) အထူးမွမ်းမံသင်တန်းကို ဇန်နဝါရီ ၂၃ ရက်က သင်တန်းဆင်းခဲ့ခြင်းဖြစ်ကြောင်း အသိပေးသည်။

KRU ၏ အပတ်စဉ် (D)အထူးမွမ်းမံသင်တန်းမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - KRU
KRU ၏ အပတ်စဉ် (D)အထူးမွမ်းမံသင်တန်းမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - KRU

အထူးစစ်ရေးဗျူဟာနှင့် အရည်အသွေးမြင့်စွမ်းဆောင်ရည် သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ကြောင်း ကယား (ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု(KRU)က ယနေ့ ထုတ်ပြန်သည်။

ကယား ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု (KRU)၏ အပတ်စဉ် (D) အထူးမွမ်းမံသင်တန်းကို ဇန်နဝါရီ ၂၃ ရက်က သင်တန်းဆင်းခဲ့ခြင်းဖြစ်ကြောင်း အသိပေးသည်။

KRU ၏ အပတ်စဉ် (D)အထူးမွမ်းမံသင်တန်းမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - KRU
KRU ၏ အပတ်စဉ် (D)အထူးမွမ်းမံသင်တန်းမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ – KRU

အပတ်စဉ် (D) မွမ်းမံသင်တန်း၏ ရည်ရွယ်ချက်မှာ ရဲဘော်များ စွမ်းဆောင်ရည်ပိုမိုမြင့်မားစေရန်၊စစ်ဗျုဟာ ကျကျတိုက်ပွဲဝင်ရန်နှင့် စည်းလုံးညီညွတ်မူရှိစေရန် ‌ရည်ရွယ်၍ ပြုလုပ်ခဲ့ခြင်းဟု KRUက ဆိုသည်။

“သင်တန်းသားရဲဘော် တစ်ရာလောက်ရှိတယ်။အရင်နှစ်တုန်းကလည်း အခုလို မွမ်းမံသင်တန်းမျိုးပြုလုပ်ခဲ့တာရှိပေမယ့် အခုအခြေအနေအရ စစ်ရေးဗျူဟာက ပိုအရေးကြီးလာလို့လည်း သေသေချာချာပြင်ဆင်နေတယ်”ဟု KRUတာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ဒီးမော့ဆိုမြို့ကိုအခြေပြု၍ စစ်ကောင်စီတပ်ကိုခုခံတိုက်ခိုက်နေသည့် KRUကို ၂၀၂၂ ဧပြီက စတင်ဖွဲ့စည်းခဲ့ပြီး KDF ၊ JPDF ၊ GZ-21 loikaw ၊ Medic unit နှင့် SSPDF စသည့်အဖွဲ့များ ပါဝင်သည်။

စစ်အာ‌ဏာရှင်စနစ်အား ပိုမိုထိရောက်သောလုပ်ဆောင်ချက်များဖြင့် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းလည်း KRUက ကြေညာသည်။

You May Also Like

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မကြာသေးမီကလည်း ကော်ဘရာ စစ်ကြောင်းနှင့် ဒေါနစစ်ကြောင်း၏ စစ်သင်တန်းဆင်းပွဲများ၌ ရဲဘော်များအား လက်နက်များ ပေးအပ်ခဲ့သည်။

သတင်း

KNDF တပ်ရင်း - ၈မှာ ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ်များ၌ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေသည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၏ တပ်ခွဲတစ်ခု ဖြစ်သည်။

သတင်း

ဂျူလီရဲ့ ဖခင်ဟာ ယူကရိန်းရဲ့ ရှေ့တန်း တစ်နေရာမှာ ရုရှား ကျူးကျော်ရေးသမားတွေကို စွမ်းစွမ်းတမံ ခုခံနေပြီး သူ့ရဲ့ မတ်တော်စပ်သူကတော့ အခုနှစ် အစောပိုင်းကမှ တိုက်ပွဲကျသွားခဲ့ပါတယ်။

သတင်း

ဇန်နဝါရီ ၁၄ရက်က ကျင်းပခဲ့သည့် အဆိုပါ သင်တန်း ဆင်းပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့သည်။